စစ်ရေးစစ်ရာ တပတ်တာ (၄၄)

by The Call
“စစ်ရေးစစ်ရာ တပတ်တာ (၄၄)”
■ နောင်လူသစ်
☆ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်မှ အောက်တိုဘာလ (၁၈) ရက်နေ့အထိ
(အယ်ဒီတာ့မှတ်ချက် – ခေါင်းစဥ်မှာ ‘စစ်ရေးစစ်ရာ တပတ်တာ’ ဖြစ်သော်လည်း ယခု ဆောင်းပါးအတွက် အချက်အလက်များမှာ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၉ ရက်အတွက် ရယူထားခြင်း ဖြစ်ပါသည်။)
☆ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း မြန်မာစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၂) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၅၂) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂၀) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်ရာ ဒေသများကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်ခဲ့သည်။
☆ တပတ်တာအတွင်း တိုင်းဒေသပြည်နယ် (၁၃) ခုရှိ မြို့နယ်ပေါင်း (၂၂) မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
☆ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
☆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း၌ ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို မြန်မာစစ်တပ်က ထိန်းချုပ်ပြီးနောက် သီပေါမြို့ကို ဆက်လက်တိုက်ခိုက်လာခဲ့ပြီး အောက်တိုဘာလ ၁၇ ရက်နေ့တွင် မြန်မာစစ်တပ်က ထိန်းချုပ်နိုင်ခဲ့သည်။
☆ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပြင် (၁၀) မိုင်ခန့် ပတ်လည်တွင် မြန်မာစစ်တပ်က အောက်တိုဘာလ ၁၄ ရက်မှ စတင်ပြီး ထိုးစစ်ဆင်လာခြင်းကြောင့် အာရက္ခတပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့အကြား နေရာ ၂ ခုတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။
☆ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း ထိစပ်နေသည့် အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိပြီး မြန်မာစစ်တပ် တပ်သားများ လက်နက်ချ၊ ထွက်ပြေးမှုများရှိနေကြောင်း သတင်းထုတ်ပြန်ထားသည်။
☆ ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသများ၌ တိုက်ပွဲပေါင်း (၂၅) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ ရန်ကုန်တိုင်းအတွင်း မြို့ပြ ပြောက်ကျားတိုက်ခိုက်မှု (၁) ကြိမ် ရှိခဲ့သည်။
☆ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို ထိန်းချုပ်ထားသည့် မြန်မာစစ်တပ်က သပိတ်ကျင်း- မိုးကုတ်လမ်းပိုင်း၌ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
☆ သတင်းဖော်ပြချက်များအရ တပတ်တာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မြန်မာစစ်တပ်ဘက်က ၅၀ ထက်မနည်း သေဆုံးခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၈) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်းအရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ်အစား ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။

Related Posts

Leave a Comment