စစ်ရေးစစ်ရာ တပတ်တာ (၄၅)

by The Call
“စစ်ရေးစစ်ရာ တပတ်တာ (၄၅)”
■ နောင်လူသစ်
☆ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်မှ အောက်တိုဘာလ(၂၅) ရက်နေ့အထိ
☆ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း မြန်မာစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း ( ၂၇ ) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၁၂၄ )ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။
☆ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄၁) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်ရာ ဒေသများကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်ခဲ့သည်။
☆ တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်ခဲ့သည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း အာဏာသိမ်းတပ်က အောက်တိုဘာ၂၁ ရက်နေ့တွင် လေယာဉ်ဖြင့် ဗုံးအလုံးရေ ၄၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းများ ဖေါ်ပြထားသည်။
☆ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အောက်တိုဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး အကြမ်းဖက် Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းများဖေါ်ပြထားသည်။
☆ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အတွင်း၌လည်း မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ အများအပြား လုပ်ဆောင်ခဲ့သည်။
☆ တပတ်တာအတွင်း တိုင်းဒေသပြည်နယ် (၇) ခုရှိ မြို့နယ်ပေါင်း (၁၆) မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
☆ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၆)အနီး၌ မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်(အေအေ)တို့ကြား တိုက်ပွဲများဆက်လက် ပြင်းထန်လျက်ရှိသည်။
☆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း၌ ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ နှင့် သီပေါမြို့တို့အား မြန်မာစစ်တပ်က ထိန်းချုပ်ပြီးနောက် TNLA ထိန်းချုပ်ထားသည့် နမ္မတူ နှင့် မန်တုံမြို့တို့ကို ဆက်လက်ထိုးစစ်ဆင်နေပြီးလေကြောင်းတိုက်ခိုက်မှုများလည်း အပြင်းအထန် လုပ်ဆောင်လျက်ရှိသည်။
☆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း၌လည်း မြန်မာစစ်တပ် စစ်ကြောင်းများကို အာရက္ခတပ်တော်(အေအေ) က ကြားဖြတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး မြန်မာစစ်တပ်က အထိနာဆုတ်ခွာရမှုများ ရှိနေသည်။
☆ ရန်ကုန်တိုင်းအတွင်း မြို့ပြပျောက်ကျားတိုက်ခိုက်မှု (၁)ကြိမ် ရှိခဲ့သည်။
☆ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ကို ထိန်းချုပ်ထားသည့် မြန်မာစစ်တပ်က သပိတ်
ကျင်း – မိုးကုတ်လမ်းပိုင်း၌ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
☆ သတင်းဖေါ်ပြချက်များအရ တပတ်တာအတွင်း ဖြစ်ပွါးခဲ့သည့် တိုက်ပွဲများအတွင်း မြန်မာစစ်တပ်ဘက်က (၁၆) ဦး ထက်မနည်း သေဆုံးခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၈) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်း ဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment