စစ်ရေးစစ်ရာ တပတ်တာ (၈)

■ ​နောင်လူသစ်
– ဩဂုတ်လ ၄ ရက်နေ့မှ ဩဂုတ်လ ၁၀ ရက်နေ့အထိ –
☆ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့မှ ဩဂုတ်လ (၁၀) ရက်နေ့အထိ မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၁) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၂) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၃၂) မြို့နယ်အထိရှိသည်။
☆ ရခိုင်ပြည်နယ် မောင်တောမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသလို ရခိုင်ပြည်နယ် ဂွမြို့နယ်တွင်လည်း AA ထိုးစစ်များ ရောက်ရှိလာပြီး တိုက်ပွဲများ စတင်ဖြစ်ပွားလာသည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၁၇ ) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ တပတ်တာအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှုသည် (၃၆) ယောက်ထက်မနည်း ရှိခဲ့သည်။
☆ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများဘက်က စစ်ကောင်စီ တပ်စခန်းကြီးငယ်ပေါင်း (၁၂) ခုထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့သည်။
☆ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများသည် တပတ်တာအတွင်း (၁၁) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ နိုင်ငံတဝန်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုတို့ကြောင့် အရပ်သားသေဆုံးမှုမှာ (၃၇) ဦးထက်မနည်းရှိခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*