■ နောင်လူသစ်
– ဩဂုတ်လ (၁၁) ရက်နေ့မှ ဩဂုတ်လ (၁၇) ရက်နေ့အထိ –
☆ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့မှ ဩဂုတ်လ (၁၇) ရက်နေ့အထိ မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၇၄) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။
☆ အဆိုပါတိုက်ပွဲ (၇၄) ကြိမ်တွင် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တဘက်သတ် လေကြောင်းတိုက်ခိုက်မှု အကြိမ် (၁၄) ကြိမ်နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၂) ကြိမ် ပါဝင်သည်။
☆ နိုင်ငံတဝန်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုတို့ကြောင့် အရပ်သားသေဆုံးမှုမှာ (၄၁) ဦးထက်မနည်းရှိခဲ့သည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၉) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၃၅) မြို့နယ်အထိရှိသည်။
☆ ရခိုင်ပြည်နယ် မောင်တောမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ရခိုင်ပြည်နယ် ဂွမြို့နယ်တွင်လည်း AA ထိုးစစ်များ ရောက်ရှိလာပြီး ကျိန္တလီ မြို့သိမ်းတိုက်ပွဲ ပြင်းထန်လျက်ရှိသည်။
☆ မန္တလေးတိုင်းဒေသအတွင်း မြင်းခြံခရိုင်စစ်ဆင်ရေး ဖေါ်ဆောင်လာပြီး နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာတို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါဒေသတို့တွင်လည်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိသည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၄၅) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ တပတ်တာအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှုသည် (၄၄) ယောက်ထက်မနည်း ရှိခဲ့သည်။
☆ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများဘက်က စစ်ကောင်စီ တပ်စခန်းကြီးငယ်ပေါင်း (၁၂) ခု ထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
Be the first to comment