စွန့်စားဟေးလ်ဒါ

by The Call
72 views

“စွန့်စားဟေးလ်ဒါ”

◽️ရွက်စိမ်း

အစက်အပြောက်မှာလည်း ကလုန်းရှိမှာပဲ။ ဒါဆိုရင် ဒီအစက်အပြောက်လည်း ကလုန်းပါပဲ။ ဘာတွေလျှောက်ဟန်ဆောင်နေနေတာလဲ စစ်တပ်အာဏာသိမ်းခံထားရတဲ့နိုင်ငံ။ မင်းပြောတဲ့ကျန်စစ်သား။ သပိတ်မှာဆို မင်းစောက်သံအကျယ်ဆုံး၊ မင်းအတက်ကြွဆုံး၊ မင်းထက်နီတာ နေပဲရှိတော့မယ်။ အခုတော့လည်း မင်းဘာလုပ်။ ကောမန့်စောက်ပိုတွေလည်း ဘယ်နားထားရမလဲ မသိမ်းထားဘူးလွှတ်ပစ်တော့မယ်။ စစ်အစိုးရလက်အောက်က ထိပ်တန်းကဗျာဆရာ ဆယ်ယောက်။ ယူကျူ့မှာငါကြည့်လိုက်ရတယ်။ ဒါပေမဲ့ပုံမှန်ယူကျူ့မဟုတ်ဘဲ ရေအောက်ထဲက ယူကျူ့။ ဒီစကားကို ကဗျာလိုရေးလိုက်တာဟာ နောက်ဆုံးမှာ ပန်ကာကိုဖွင့်လိုက်ရတယ် ကဗျာလိုဖြစ်မသွားခဲ့ရင်။

13.6.2023

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment