“စွန့်စားဟေးလ်ဒါ”
ရွက်စိမ်း
အစက်အပြောက်မှာလည်း ကလုန်းရှိမှာပဲ။ ဒါဆိုရင် ဒီအစက်အပြောက်လည်း ကလုန်းပါပဲ။ ဘာတွေလျှောက်ဟန်ဆောင်နေနေတာလဲ စစ်တပ်အာဏာသိမ်းခံထားရတဲ့နိုင်ငံ။ မင်းပြောတဲ့ကျန်စစ်သား။ သပိတ်မှာဆို မင်းစောက်သံအကျယ်ဆုံး၊ မင်းအတက်ကြွဆုံး၊ မင်းထက်နီတာ နေပဲရှိတော့မယ်။ အခုတော့လည်း မင်းဘာလုပ်။ ကောမန့်စောက်ပိုတွေလည်း ဘယ်နားထားရမလဲ မသိမ်းထားဘူးလွှတ်ပစ်တော့မယ်။ စစ်အစိုးရလက်အောက်က ထိပ်တန်းကဗျာဆရာ ဆယ်ယောက်။ ယူကျူ့မှာငါကြည့်လိုက်ရတယ်။ ဒါပေမဲ့ပုံမှန်ယူကျူ့မဟုတ်ဘဲ ရေအောက်ထဲက ယူကျူ့။ ဒီစကားကို ကဗျာလိုရေးလိုက်တာဟာ နောက်ဆုံးမှာ ပန်ကာကိုဖွင့်လိုက်ရတယ် ကဗျာလိုဖြစ်မသွားခဲ့ရင်။
13.6.2023
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
