ဇူလိုင်ဒဏ်ရာ

by The Call
“ဇူလိုင်ဒဏ်ရာ”
◾️ Sarah
ဟိုမှာ
မိုးတွေညို့နေပြီ
ဒီအချိန်ဆို တိမ်တွေက မလှပတော့ဘူး
ဇူလိုင်ရဲ့မိုးစက်တွေဟာ
ငါတို့ရဲ့မျက်ရည်တွေ
မပြေတဲ့ လက်သီးဆုပ်
သွေးမတိတ်သော နာကျင်မှုနဲ့
ကြယ်တွေကြွေတဲ့ ကောင်းကင်ကိုက
အနီရောင်နဲ့ အမဲရောင်တလှည့်စီ
အဖြစ်အပျက်တွေသာ မတူတာ
ဒဏ်ရာက ဒဏ်ရာပါပဲ
ဘယ်လိုရှင်သန်ခဲ့လဲ မမေးနဲ့
နာကျင်စရာတွေ မပြောချင်ဘူး
ဘယ်လောက်ခက်ခဲ ခက်ခဲ
ရအောင်လျှောက်ကြရတယ်
ရောက်အောင်လျှောက်ကြရမယ်
မတရားမှုကျူးလွန်သူမှန်သမျှ
ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်မရှိ…။ ။

Related Posts

Leave a Comment