ဒီနှစ်တွေမှာ ကိုယ်တို့ဘာတွေဆုပ်ကိုင်မိခဲ့ကြသလဲ

by The Call
62 views
‘ဒီနှစ်တွေမှာ ကိုယ်တို့ဘာတွေဆုပ်ကိုင်မိခဲ့ကြသလဲ’
◼️ဒီမောင်
ကိုယ်ဟာ နှင်းဆီရေမွှေးရဲ့ အမှောင်ဘက်အခြမ်းက မှန်ထဲမှာ
နှစ်ချို့ဝိုင်သောက်ရင်း သေသူတွေနဲ့ စကားစမြည်ပြောနေခဲ့
သူတို့ဆီက စကားလုံးတွေအစား သူတို့ပါးစပ်တွေ ဟလိုက်တာနဲ့
ဝေါခနဲ ပျံထွက်လာတဲ့ ယင်ကောင်စိမ်းစိမ်းကြီးတွေကိုသာ ကိုယ်ရခဲ့
နှစ်တွေကြာခဲ့ပြီးတာတောင် ဆက်လက်ရှင်သန်နေနိုင်တဲ့ ယင်စိမ်းကောင်ကြီးတွေပေါ့
တစ်ယောက်ယောက်ဟာ သူ့ရဲ့ဆံပင်တွေပေါ်က နှင်းတွေကို ဖယ်ဖို့ကြိုးစားနေတုန်း
နောက်ထပ် နှင်းသက္ကရာဇ်တစ်ခု ထပ်ရောက်လာသလို
ဘဝရဲ့ အထီးကျန်အေးခဲမှုကို အခုထိ နေသားမကျဖြစ်နေခဲ့
သစ်ကိုင်းကျိုးလို့ ပြုတ်ကျပြီး မသေဘူးဆိုတဲ့ငှက်မှာလည်း သူ့ဒဏ်ရာနဲ့သူ
ဝေလငါးတွေနဲ့ ယဉ်ပါးဖို့ ရေကူးကျင့်နေသူကလည်း သူ့စိုစွတ်မှုနဲ့သူ
တဖက်ကမ်းက မီးစိမ်းပွင့်ကလေးကို ဆုတ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ ဂက်(စ်)ဘီလို
ကိုယ်ဟာ ရေကူးကန်လှလှလေး တူးဖို့ စိတ်ကူးယဉ်နေခဲ့တာလည်း ရှိမှာပေါ့
ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့နောက်ဆုံး‌နေရောင်ခြည်အတွက်
ကျည်တစ်တောင့်ထက် စကားလုံးတစ်ခုပဲ လိုအပ်ခဲ့တာ။

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment