71
■ SWN
ဒုတိယကမ္ဘာစစ်ကာလတုန်းက မော်လူးမြို့မြောက်ဘက်၊ ဟဲနားရွာနားမှာ မန္တလေး-မြစ်ကြီးနားသွား ရထားလမ်းနဲ့ကားလမ်းကို ဖောက်ထားခဲ့ပါတယ်။ ဒီလိုအရေးကြီးတဲ့ ဂျပန်တပ်တွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကြီး (Line of Communication) ကို ဖြတ်တောက်ပိတ်ဆို့ဖို့ မဟာမိတ်တပ်တွေဟာ အခိုင်အမာ စခန်းတခုကို တည်ဆောက်ခဲ့ကြပါတယ်။ ဒီစခန်းကို ရိက္ခာ၊ လက်နက်ခဲယမ်းပို့လာတဲ့ လေထီးတွေဟာ များပြားလွန်းလို့ ဒီစခန်းကို မြို့ဖြူတော် (White City) လို့ ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။
*အရဲတင်းဆုံး ဆောင်ရွက်ချက်ဟာ ဘေးအကင်းဆုံးပဲ* ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြောက်ကျား စစ်ဆင်ရေးကျွမ်းကျင်တဲ့ ဗိုလ်ချုပ် အိုဒဲ စီ ဝင်းဂိတ် ဟာ ဂျပန်တပ်တွေ သိမ်းပိုက်ထားတဲ့ မြန်မာပြည် ထဲက ရန်သူ့အနောက်ခြမ်း အတွင်းပိုင်း နယ်မြေထိုးဖောက်ရေးကို သူ့ရဲ့ နာမည်ကျော် ခြင်္သေ့ (ချင်းဒစ်) တပ်ဖွဲ့ဝင်တွေနဲ့ ပြောက်ကျားစစ်ဆင်ရေးတရပ်ကို ဆင်နွှဲခဲ့ပြီး ဂျပန်တပ်တွေကို ထိုးခွဲ မွှေနှောက် ပြနိုင်ခဲ့ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း PDF တပ်သားတွေနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်များဟာ အရှေ့က ဗိုလ်ချုပ် ဝင်းဂိတ်တို့ အသုံးပြုခဲ့တဲ့ ပြောက်ကျားနည်းနာများကို လိုက်နာပြီး ကချင်-စစ်ကိုင်း အစပ်ကနေ မြေပြန့်ဒေသထိုးစစ် ဆင်နွှဲနိုင်ဖို့ လှုပ်ရှားရုန်းကန်ခဲ့ကြပါတယ်။
NUG-PDF တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်း-ကချင် အစပ်က မော်လူးမြို့မှာ ရှိတဲ့ မြို့ဖြူတော် (White City) အမှတ်တရ ကျောက်စာတိုင်နဲ့ မော်လူးမြို့ ရဲ့ ရှု့ခင်းတချို့ကို တင်ပြလိုက်ပါတယ်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!









