
“နယ်စပ်မှာ”ဘဘဝ
ငါ့ ခေါင်းမှာ မြေပုံ နှစ်ခုရှိတယ်။
တခုက မိစ္ဆာတွေ ကို အကျဉ်းချထားတဲ့မြေပုံ၊
ကျန်တခုက ငါအိပ်ယာဝင်တော့ ဟုမ္မလင်းက သတင်းအိပ်ယာပေါ်မှာရှိနေတယ်။ အိပ်ရေးဝခဲ့တယ်။
မနက်လင်းတော့ တရုတ်သူလျှိုုမီးပုံးပျံက ငါ့ကိုဝိုင်းထားတယ်။ ရီပတ်ပလင်ကင် ထရမ့်တို့က ပစ်ချဖို့ပြောတယ်။ ဂျိူးတို့ကစောင့်ကြည့်မယ်။ ပင်တဂွန်စစ်ဌာနချုပ်က စစ်ရေးအရ၊ ရုပ်ပိုင်းဆိုင်ရာခြိမ်းချောက်မှု မရှိဘူးလို ပြောပြန်တယ်။
“ဒါက ဘယ်သူ့ရဲ့ ဖောက်ပြန်မှုလဲ” ငါမေးတော့
ဒါက အဖြေလား ဒါမှမဟုတ် ကြေငြာချက်လား” လို့ သူက မေးခွန်းနဲ့ ပြန်ဖြေတယ်။
“ဒီနေ့သတင်းက ယုံနိုင်စရာပဲ မထင်ဘူးလား” မှာ
ငါမေးပြန်တယ်။
“မတူတဲ့ သတင်းစာ ဝယ်ပါလို့” သူပြောတယ်။
“ဘာကြောင့် ပလေတိုက စိတ်တွေကို ကိုယ်စားပြုဖို့ ဂူကို ရွေးတာလဲ။” နောက်ထပ်မေးတယ်။
သူက တောရဲ့ ဟိုတဖက်အဝေးကြီးကို ကြည့်နေတယ် ၊ အစီအစဉ် ဆွဲရင်း လွင့်မျောနေတယ်။
“ဘာလို့လဲဆိုတော့ ထောင်ချောက်ထဲမှာ မင်းတွေ့နေရတဲ့ အရာမဟုတ်ဘူး” လို့ပြောနေတုန်း
ငါ ကြမ်းပြင်ပေါ်ကို လှဲချလိုက်တယ်။
“ငါ ခေါင်းထဲမှာ သီအိုရီကို မလိုချင်ဘူး” လို့
ပြန်ဖြေတယ်၊ စပိုင်ဖြစ်ဖြစ်၊ မီးပုံပျံ ဖြစ်ဖြစ် ပြစ်ချနိုင်တာ လိုတာလို့၊ အာရှ အဝေးပြေးလမ်းမကြီး တလျှောက် ဖိုးခွါးဆိုင်တဆိုင်အတွက် သူက မြေပုံဆွဲနေတုံး
“ဘာအတွက်လဲ?” ငါမေးတယ်။
ဟုမ္မလင်းကနေ ၁၉၁၈-၂၀ လောက်က ဟုမ္မရူးအုပ်ချုပ်ရေးကိုပါ ခေါင်းထဲရောက်လာတယ်။
ငါ့ခေါင်းမှာ သီအိုရီ မလိုဘူးဆိုတော့
“အဲဒါ မိုက်တယ်” လို့သူပြောတယ်။
“ဟုတ်တယ်၊ ဒါပေမယ့် ငါတို့က အိပ်မက်နဲ့ လက်တွေ့ကြားက နယ်နိမိတ်မှာ ရှိနေတယ်” လို့ သူက ပြုံးပြုံးလေးပြောတယ်။ သူ့ပါးစပ်ကို မုတ်ဆိတ်မွေးများဖြင့် ဖုံးကွယ်ထားတယ်။
Be the first to comment