နှစ်စိတ်-တစ်ကိုယ်

by The Call
52 views
◼️ညိမ်းအေး
စိတ်ဟာစိတ်နဲ့
လုံးထွေးသတ်ပုတ်နေရတယ်
ချစ်တဲ့သူက ချစ်တယ်
ညစ်တဲ့သူက ညစ်တယ်
ချစ်တဲ့သူကိုလည်း ပြန်ချစ်ဖို့
ညစ်တဲ့သူကိုလည်း ပြန်ချစ်ဖို့
တပြားသားမှ မလျော့လေစေနဲ့
ငါတို့ရင်းထားရတာ
စက္ကူစာရွက်စုတ်တစုတ်ပေါ်က
ဆေးမှင်သားတွေမဟုတ်
အသက်တွေ၊ ဘဝတွေ ၊ အနာဂတ်တွေ
သာ၏နာ၏မရှိ
ငါတို့အားလုံးဟာ
မိုးပြိုနေတဲ့သူတွေချည်းအတူတူ
ဒီလှေကိုလှော်ဖို့
ဒီတက်တွေညီဖို့လို
ဒီခရီးပေါက်မြောက်ဖို့အဓိက
ချစ်ခြင်းမေတ္တာဟာ ဖြေဆေးပဲ
ဂရုဏာပါထပ်ပေါင်းရင်
ပိုပြီးဆေးစွမ်းထက်လိမ့်မယ်
သည်းခံခွင့်လွှတ်မှုနဲ့
အနာကိုဆေးရင်း
ဒီခရီးကို ဖြောင့်စေရအောင်
ဒါကြောင့်
ချစ်တဲ့သူကိုလည်းချစ်ပါ
ညစ်တဲ့သူကိုလည်းချစ်ပါ
မေတ္တာတရားဟာ ဦးခေါင်းထက်မှာ
မေတ္တာတရားဟာ နှလုံးသည်ပွတ်မှာ
အဆုံးမှာ
ငါတို့မျှော်လင့်တဲ့ ကမ္ဘာကြီးအထိပေါ့
၁၈၊ ဇူလိုင်၊ ၂၀၂၄

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment