ပြောစကားအက်ဆစ်

by The Call
“ပြောစကားအက်ဆစ်”
(ကျော်ကျော်ဗိုလ်၊ သွက်လက်။
ဒါရိုက်တာကြီးကခင်လှိုင်)
◼️ရွက်စိမ်း
ညွန့်ဝင်းရဲ့မီးမွှေးထားတဲ့အိမ်ထဲကို ဆန္ဒပြမုန့်လေပွေရှစ်ခု ရောက်သွားပါတယ်။ ဟာ .. ဒါ ရုပ်ရှင်မင်းသားကြီးရဲ့အိမ်ပဲ။ သူက ငါတို့ကို ကယ်လိုက်တာပဲ။ စစ်တပ်ကိုဖုန်းဆက်ပြီး မုန့်ရှစ်ခုလုံးကို လာဖမ်းခိုင်းလိုက်တဲ့ အကယ်ဒမီ ၇ ခုဆုရ မင်းသားကြီးဖြစ်ပါတယ်။ ပလဲနံသင့်တဲ့သူတွေကို ရွေးပေးတဲ့ အကယ်ဒမီပေးပွဲကိုမှ ဖျော်ဖြေရေးနည်းလွန်း၊ ငယ်သေးလွန်းတဲ့အချိန်မှာ စောင့်မျှော် ကြည့်ခဲ့ကြတဲ့အခါ ပါးစပ်တိပ်ကပ်ပြီး မရှင်းပြခဲ့ကြတဲ့ နိုင်ငံရေးအကြောင်းရာနဲ့လူကြီးများ။ ဘမျိုးဘိုးတူဂျိုကလေးနဲ့။ ကျော်ကျော်ဗိုလ်၊ သွက်လက်။ ဒါရိုက်တာကြီးကခင်လှိုင်။ ကျော်ကျော်ဗိုလ်၊ သွက်လက်။ ဒါရိုက်တာကြီးကခင်လှိုင်။ “စလောင်း” ကလာတဲ့ DVB မှာ ငှက်ပျောသီးတွေဝေတဲ့နေ့။ အလုပ်ကလေးလုပ်လိုက်၊ တီးဝိုင်းကို စီးသွားလိုက်။ စကားတွေကတော့ ဆန္ဒပြတာကလည်းတကယ်တမ်း အဲ့လောက်ကြီးလည်း မပြချင်ဘူးမလား။ တခြားနိုင်ငံတွေ ဝင်လာရင်တော့ ငါတို့ကတော့ ဝင်ဖိုက်ရမှာပဲ။ ဆန္ဒပြတာတွေက လျော့သွားပါပြီ။ ဘယ်မှာပြသေးလို့လဲ။ နိုင်ငံရေးလုပ်ရင် ဆင်းရဲမှာ၊ လူမွေးလူရောင်မပြောင်ဘူး။
နင်တက်နေတဲ့ကျောင်းတွေက အဲ့စစ်အစိုးရက ဆောက်ပေးထားတာ။ ဆန္ဒပြတာကပြပေါ့၊ ထမီတွေကို ဘာလို့ ကြိုးတွေနဲ့ တန်းထားရတာလဲ။ မိုက်ရိုင်းတာ ဘုန်းဘုန်းရယ်။ ငါကတော့ အမွေဖြတ်လိုက်မှာ။ ကျနော်၊ ကျမတို့က PDF သားလေးတယောက်ကြောင့် ကြောက်နေရပါပြီ။ လန့်နေရပါပြီ။ ပလတ်စတစ်တုတ်တွေထဲကို သံတုတ်တွေ ညှပ်ထည့်ပြီးသွားပြီ။ အခုလည်း အဲ့လိုကြားလို့ မသွားနဲ့။ တားလို့လည်းမရဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာ။ ဘိလပ်မြေတောင် ပြတ်လပ်ကုန်ပြီမလား။ ပြည်ပက ဘိလပ်မြေရောက်တာ သတင်းခေါင်းကြီးပိုင်း ဖြစ်ကုန်ပြီ။ ကျော်ကျော်ဗိုလ်၊ သွက်လက်၊ ဒါရိုက်တာကြီးက ခင်လှိုင်။ တက်တူးက ထိုးပြီးရင်လည်း ကြောက်ပြီး ကာဗာဘယ်တော့မှ ပြန်မအုပ်ဘူး။
9 Feb 2025
Inspire on >>>>
ကိုစိန်သီး Video –
ကိုပိုးလေး Video-

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment