ဖြည်းဖြည်းနဲ့နှေးနှေးလေး

◼️ဂနိုက်
တိတ်တိတ်လေးတက်သွားကြတာပေါ့
အများကြီးလင်းနေရင် တို့တွေရွေးစရာသိပ်မလိုတော့
ချစ်ကြိုက်ရင်းစစ်တိုက်ကြပေါ့ အေးဆေးပဲ
ဇောက်နက်ဖို့ စကောရှာမနေနဲ့
ပုံမှန်ရာသီဉတုအရ မီးလဲမလာဘူး ရေလဲထခပ်မနေနဲ့
နေချင့်စဖွယ် အနာတရလမ်းမများ
မီးသင့်စားပွဲများ ငွေစက္ကူအကြွေများ
ကိုယ်ရောက်ဖျောက်ချင်ရုံနဲ့တရားကျင့်မလို့လား
အားလုံးကအရောင်တွေနဲ့ချည်းပဲမို့သမာပတ်ကိုခုတုံးမလုပ်နဲ့
ယုတ္တိဖြစ်မှုတွေကို ဝေဝါးစေတာတွေစိမ့်ဝင်လာနေပြီ
ချစ်ခြင်းမေတ္တာသာရှာထားတော့
နေဝင်သွားတဲ့နေ့တွေမှာ
ငိုကြွေးစရာပုခုံးကောင်းကောင်းရှာဖို့ပဲမှာချင်တယ်
နေဖို့ထပ်သေဖို့ခက်ခဲသောနေ့များမှာ
နေ့ဖို့ညစာဆိုတာ လူချမ်းသာတွေရဲ့ပြက်လုံးပါပဲ
ညနက်တွေမှာ ဆေးလိပ်ဖွာ ကြယ်ကြည့်ချင်တဲ့အတွေးတွေကို
ညစောင့်လုပ်သားကြီးတွေ တွေး၏မတွေး၏
လမ်းလျှောက်ထွက်တဲ့အခါ
ဖိနပ်ပါလာဖို့ ဂရုတစိုက်ရှိနေတာမျိုးပါပဲ
အေးအေးဆေးဆေးသာ သီချင်းအော်ဆိုနေလိုက်
နားမခံနိုင်တဲ့အခါ ကိုယ့်ကိုကိုယ် ခဲ(ဂဲ)နဲ့ပြန်ထုလို့တော့မရ
ငြိမ့်ငြိမ့်ညောင်းညောင်း ကျောခင်းတွေအတွက်
မိုးရေ တ ပေါက် ပေါက် ကျနေတဲ့ အိပ်ယာတွေဆီကလူသားတွေ
အခြေခံလူ့ကျင့်ဝတ်လောက်မှမသိရင် လာမပတ်သက်နဲ့
ကိုယ်တို့က ဟိုလိုလို ဒီလိုလို
ချစ်မိသွားတဲ့အခါ ကြည်နူးချင်သလိုလိုပေါ့
ဘာဖြစ်လဲ ဖြေးဖြေးပေါ့ အေးဆေးပေါ့ ။
AUG 4,2024
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*