မန်းမြေသို့ လှမ်းနေတဲ့ အပြန်ခြေလှမ်း

by The Call
48 views
◼️မင်းသွင်
သူသည် မန္တလေးဇာတိ မဟုတ်သော်လည်း မန္တလေးသားဟုပင် ပြောရမည်။ မန္တလေး မြို့လယ်ခေါင်တွင် အထက်တန်းကျာင်းတက်ခဲ့ပြီး မန္တလေးဆိုသည် မှာ သူ့အတွက် ထုံးလိုချေ၍ ရေလိုနှောက်နိုင်သည်အထိ ကျွမ်းကျင်နှံ့စပ်သော မြို့ဖြစ်သည်။ ဂေါဝိန်၊ သင်္ဂဇာချောင်း၊ ရန်ကင်းတောင်၊ စက်မှု၊ ကျွဲဆည် ကန်၊ တောင်သမာန်အင်း၊ ရှမ်းလေးကျွန်းအထိ သူမရောက်ဖူးသော နေရာမရှိ။
သို့သော် …
စွယ်တော်ဘုရားကြီး အနီးရောက်တိုင်း တစုံတရာကို အလိုမကျသည့်စိတ်က မကြာခန နှိပ်စက်တတ်သည်။ နဝတ/နအဖ လက်ထက်မှာ သူ့ဘိုးဘွားပိုင် လယ်ယာများ သိမ်းဆည်းခံရကာ စစ်အစိုးရဆိုသူများကြောင့် ဘဝပျက်ခဲ့ရသည့် မျိုးဆက်ပြဿနာကြောင့်လည်း ဖြစ်မည်။ နောက်ထပ်တခါ activatist လူငယ်တဦး ဖြစ်ခဲ့ဖူးသူ၊ ထောင် ခနခနကျဖူးသူ ဦးလေး၏ ၈၈ ပုံပြင်များ ကြားဖူးနားဝ ငယ်ဘဝ ကြီးပြင်းခဲ့ရခြင်းကလည်း မသက်သာလှ။
စစ်ကိုင်းတံတားကြီးပေါ် သွေးချောင်းစီးကာ အသက်ပျောက်ခဲ့ရသော ကျောင်းသား လူမမယ်တို့၏ မြင်ကွင်းကြာင့် ဦးလေးဖြစ်သူ စိတ်ကစဥ့်ကလျား ဖြစ်ခဲ့သည်ကိုလည်း သိမီခဲ့သည်။ စစ်အာဏာရှင်စနစ်၏ ဆိုးရွားမှုကို ငယ်ဘဝမှာပင် ကြုံဖူးခဲ့သူ။
မန္တလေးတက္ကသိုလ်က ထွက်၊ စီးပွားရေးလောကထဲ ရောက်။ တောင်ပါ်မြို့အနှံ့ ခရီးဆန့်ကာ သူ့ဘဝသည် အတန်အသင့် သာယာနေခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်ခေတ် ဒီမိုကရေစီကာလမှာ ပြည်သူအများ အဆင်ပြေ ချောမွေ့မှုတွေ မြင်နေရပြီ။
လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ အင်တာနက်စနစ် ကောင်းမွန်လာပြီး တိုင်းပြည်အနာဂတ်သည် သူလို လူငယ်တွေအတွက် အိပ်မက် မက်စရာတွေ အပြည့်။ COVID 19 ဖြစ်ပြီး ဒုတိယလှိုင်းမှာ မန္တလေးသို့ ပြန်လာသည်။ သူ တတ်နိုင်သမျှ ပရဟိတ လုပ်ကိုင်ကူညီရင်း ၂၀၂၀ ရွေးကောက်ပွဲမှာ Volunteer အဖြစ် ကူညီခဲ့ပြီး NLD အနိုင်ရပြန်တော့ သူ ပျော်ရပြန်သည် ။
မမျှော်လင့်ဘဲ ဖေဖော်ဝါရီ အာဏာသိမ်းမှုကြောင့် ပြည်သူတို့၏ ပျော်ရွှင်မှုများသည် ကြာရှည်မခံခဲ့ပြန်။ ဆန္ဒပြ လူအုပ်ကြီးသည် လမ်းပေါ်သို့ ရောက်လာခဲ့ပြီ။ မြသွဲသွဲ့ခိုင်ကို အာဏာလုစစ်တပ်က ပစ်သတ်လိုက်သည်၊ မတော်တဆ ဖြစ်မှာပါလေဆိုပြီး တွေးမိသေး၏။ သူနေထိုင်ရာ မန္တလေးမှ ဝေယံထွန်းတို့၊ ကြယ်စင်တို့ကို ပစ်သတ်လိုက်ပြီဆိုတော့ ဒီလို ရောယောင် ဆန္ဒပြနေရုံတော့ဖြင့် မဖြစ်နိုင်တာ့မှန်း သူဆုံးဖြတ်ကာ တောင်ပေါ်မြို့ဆီသို့ ထွက်ခွာလာခဲ့ရပြီ။
သွေးချင်းညီနောင် လက်နက်ကိုင်အဖွဲ့များထံ ပုန်းသျှိုးကွယ်သျှိုး သွားခဲ့ရပြီး ၃ နှစ်ဆိုသော အချိန်ကာလတခုမှာ လက်နက်မျိုးစုံကို ထိတွေ့ပစ်ခတ်ခဲ့ဖူးပြီ၊ ရှမ်းမြောက်တိုက်ပွဲများမှလည်း အတော်အသင့် စစ်ရေးအတွေ့အကြုံတွေ ရလာခဲ့သည်။
တော်လှန်ရေးခရီးသည် ခက်ခဲခဲ့သည်။ ပင်ပန်းသည်။ ဤခရီး နီးသလားဟုလည်း ကိုယ့်ကိုယ်ကို မေးခဲ့ဖူးသည်။ ယခုဆိုလျှင် သူ ကျင်လည် နေထိုင်ခဲ့ဖူးရာ နန်းမြို့‌တော်၏ လင်းတလှည့် မှိတ်တလှည့် မီး ရောင်ကိုပင် ပြန်၍ မြင်နေရလေပြီဖြစ်ရာ ရွှေပြည်တော် မျှော်တိုင်းလည်း မဝေးတော့။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment