မဟာဂီတပြဇာတ်

by The Call

“ စာအုပ်တန်းမှာ လမ်းလျှောက်ခြင်း”

▫️အမှတ်စဉ် (၃)

စာအုပ်အမည်။ ။ မဟာဂီတပြဇာတ်
စာရေးဆရာ ။ ။ မောင်ကြည်ရှင်
အောင်မျိုးညွန့်စာပေမှ ထုတ်ဝေသည်။
၁၉၆၈ ခု
၁၃၃၀ ပြည့်နှစ်၊ ပြာသိုလ
ပထမအကြိမ်
အုပ်ရေ ၃၀၀၀
မျက်နှာဖုံးနှင့်အတွင်းပုံများ – ဗဂျီအောင်စိုး

▫️မာတိကာ
နိဒါန်း ဦးထွန်းဖေ (ထွန်းနေ့စဉ်)
မြန်မာ့ဇာတ်သဘင်နှင့်
မဟာဂီတ ဦးသော်ဇင်
မဟာဂီတပြဇာတ် မောင်ကြည်ရှင်
၁။ ခြောက်သွယ်ရောင်ရှိန် (ဝန္ဒနခန်း ကန်တော့ပန်း)
၂။ ရွှေပင်ရွှေဘုန်း မင်းပဒေသရာဇာ
၃။ ဘုန်းထူးဝေဆာ မင်းပဒေသရာဇာ
၄။ ကြောက်ဖွယ့်ဘုန်းတန်း ဆရာနှုူန်း
၅။ ခိုင်ပန်းစုံ ပြင်စည်မင်းသား
၆။ သာတင့်ဆုံး မြဝတီမင်းကြီး
၇။ လွမ်းဓလေ့ မြဝတီမင်းကြီး
၈။ သာဆန်းရဂုံဗွေ မြဝတီမင်းကြီး
၉။ စုံသာမြိုင်လယ် မြဝတီမင်းကြီး
၁၀။ ထူးမခြားနား မြဝတီမင်းကြီး
၁၁။ ကုန်းဘောင်နေမင်း မြဝတီမင်းကြီး
၁၂။ ရှိစုံရွက်ကြာ အနောက်နန်းမိဘုရား
အစီရင်ခံပါသည် ထုတ်ဝေသူ

“စာမြည်း”

မည်သို့ဆိုစေ၊ ဝန်ကြီးပဒေသရာဇာမှစ၍ ရေတွက်လျှင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကစတင်ခဲ့သော မြန်မာ့မဟာဂီတတို့ကို မပျောက်မပျက်အောင် ဆရာမြတ်တို့ အဆင့်ဆင့် သင်ကြားနည်းခံ လေ့ကျင့်ထိန်းသိမ်း၊ ဖြန့်ဖြူးဝေငှ ပညာအမွေပေးခဲ့ကြသဖြင့် မြန်မာ့မဟာဂီတသည် ယနေ့တိုင်အောင် ခမ်းနားထည်ဝါစွာ ဣန္ဒြေရှိရှိ၊ သိက္ခာရှိရှိဖြင့် ကမ္ဘာ့အလယ်တွင် တည်တံ့ပေါ်ထင်လျက်ရှိသည်မှာ ဆရာမြတ်အပေါင်း၏ ဂုဏ်ကျေးဇူးပင်ဖြစ်လေသည်။

မဟာဂီတကို စောင့်ရှောက်ခဲ့ကြသည့် ဆရာမြတ်တို့၏ကျေးဇူးကို ပေးဆပ်သည်တနည်း၊ မဟဂီတကို ပြန့်ပွားထွန်းကားစေလိုသည့် ဆရာမြတ်တို့၏ အာသာဆန္ဒကို ဖြည့်စွမ်းသည်တချက်၊ ထို့အတွက်ကြောင့်လည်း ဤ မဟာဂီတပြဇာတ်ကို ရေးရခြင်းဖြစ်ပေကြောင်း။

မြဝတီမင်းကြီး၏ခြေအစုံမှ မြေမှုံတို့ဖြင့်ပြွမ်းသော ဥက္ခေါင်းရှိလျက်။
(မောင်ကြည်ရှင်)

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment