မော့စ်ကုတ်ဒ်နဲ့ဆို ဘယ်နှစ်ခါမြောက်အော်မှန်းမသိတာကို အဖြူရောင်လူတွေက

by The Call
73 views

“မော့စ်ကုတ်ဒ်နဲ့ဆို ဘယ်နှစ်ခါမြောက်အော်မှန်းမသိတာကို အဖြူရောင်လူတွေက”

▪️ရွက်စိမ်း

အယ်လ်ဗင်အတွက် မုန့်လင်မယားကို ဆန္ဒပြလူအုပ်ကြီးအလယ်ခေါင်မှာ ပူပူနွေးနွေးရောင်းနေခဲ့တယ်။ သိဟ်ရာသီဖွား၊ အမြဲစပ်စုတတ်ပြီး စူးစမ်းရာဖွေမှုဒီဂရီအတော်လေးလွန်နေတဲ့ အနောက်တိုင်း horror တွေက ဇာတ်ကောင်တကောင်က လူအုပ်ကြီးအလယ်က portable hot pot အိုးထဲမှာ ရေပူစမ်းအထင်နဲ့စိမ်နေတဲ့အချိန် Icepeak အဖွဲ့က Kiss of Death album ကို drop သွားတယ်။ အောက်စီဂျင်ပိုက်မဲ့နေတဲ့ ငါးကန်ထဲက Doraenon အရုပ်ကလေးကို ရေမှော်ပင်တွေနဲ့ဖိသပ်တယ်။ တခါဖိတိုင်း အရုပ်ကနေ အိကျိ အိကျိ ဆိုတဲ့အသံထွက်လာတယ်။ အဲဒီအသံကိုဖမ်းတယ်။ ရေခဲချောင်း မိုက်ကယ်ရဲ့လော်ထဲမှာ ပြန်ဝင်စားစေတယ်။ ခေါင်းပေါ်မှာ ဝဲနေတဲ့ ဟက်စကီးတိုင်းရဲ့ ဝိဉာဥ်ကို ပေါက်ပေါက်ဆုပ်ထဲထည့်လှော်၊ မုန့်ဟင်းခါးထဲထည့်မယ့် ငါးအပိုင်းအစတွေလို အမှုန့်ဖြစ်တဲ့အထိ ခုတ်လှီးပစ်တယ်။

နေတမွန်းတည့်တိုင်း သူတော်စင်တွေ အုပ်စုလိုက်သေတယ်။ သူတော်စင်အယောင်ဆောင် ပြည်သူ၊ အနုပညာဟာ အနုပညာအတွက်၊ အနုပညာဟာ နိုင်ငံအတွက်၊ ကွန်ကြောင်၊ ရေပေါ်ဆီ၊ ကိုယ့်ဖင်ထဲသာ ကိုယ်ပြန်ထိုးထည့်ထားလိုက်။ စကားလုံးတွေနဲ့ အကြောင်းအရာတွေ ရှောင်ရှောင်ရေးနေရင်းက ၁၉၆၉/လပေါ်က အမေရိကန်အလံဘေးလည်း ရောက်နေဦးမယ် သတိထားစရာ။

၂၀၂၂

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment