နှစ်နှစ်သား The Call အပေါ် ရင်းနှီးနွေးထွေးစွာ မှတ်ချက်ပြု ပြောကြားတဲ့ စကားသံများကို ကျေးဇူးတင်စွာဖြင့် လက်ခံရရှိပါတယ်။
“The Call – ခေါ်သံ” အနေဖြင့် နွေဦးတော်လှန်ရေးပေါ် ခိုင်မြဲစွာသစ္စာထားလျက် ဆက်လက်လျှောက်လှမ်းသွားမှာ ဖြစ်သလို၊ နွေဦးတော်လှန်ရေး အောင်မြင်မှုရပြီးသည့် အနာဂတ်ကာလတွင်လည်း စာဖတ်ပရိသတ်များအတွက် တထောင့်တနေရာမှ ဖြည့်ဆည်းနိုင်ရေး ကြိုးကုတ် အားထုတ်သွားမှာဖြစ်တဲ့အကြောင်း ထပ်လောင်း ကတိပြုအပ်ပါတယ်။
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အပေါ် ကျူးလွန်သည့် စစ်ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ဖော်ထုတ်သွားမည် ဖြစ်သည်။
Be the first to comment