မှတ်ဖွယ်မှတ်ရာ

‘မှတ်ဖွယ်မှတ်ရာ’
◼️မိုဃ်းဇက်သော်
(၁း၀)
ကျွန်​တော့်ထံတွင် အိပ်မက်ဖျော်စက် တစ်ခုရှိပါသည်။
သို့သော် စက်ပျက်နေသည်။
(၂း၉)
ပျားလူးမြက်ခါးများ ဆေးဖက်ဝင်ကြသည်။
(၃း၈)
ကျွန်​တော်သည် အအေးမိနေသည့်
လက်မောင်းကြွက်သားတစ်ခုဖြစ်သည်။
(၄း၇)
သင်္ချိုင်း၌ ဦးခေါင်းခွံနှစ်ခု
စကားများ ရန်ဖြစ်နေတုန်းပင်။
(၅း၆)
ဆေးရုံသည် အသက်ရှူကျပ်နေသည်။
(၆း၅)
စာသင်ကျောင်းလေးကို အရေးပေါ်ကုသနေရသည်။
(၇း၄)
အနာဂတ်နိုင်ငံတော်အတွက်
ကြေကွဲဖွယ်မြေဇာပင်များ ခြောက်သွေ့ကြွေလွင့်ခဲ့ကြပြီ။
(၈း၃)
ည ညဆို
ခွေးဟောင်သံများ ပိုပိုကြားလာရသည်။
(၉း၂)
ဘယ်ကလာမှန်း မသိရတဲ့အထဲ
ဘယ်ကို သွားဦးမှာလဲ။
(၁၀:၁)
ပုံပြင်ဆိုးသည် ပြီးလုနီးပါပြီ။ ။
About The Call 726 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*