33
‘ယု’ တို့ဆိုတာက ကိုမျိုးမင်းယု (မျိုးကိုမျိုး) နဲ့ ကိုကျော်မင်းယု (ကိုဂျင်မီ) တို့နှစ်ယောက်ကို ညွှန်းဆိုလိုက်တာပါ။ အမှန်ကတော့ ‘ယု’ ဆိုတာ သူတို့မိသားစုထဲမှာ သားအကြီးဆုံးဖြစ်တဲ့ သွားလေသူ ကိုမျိုးမင်းယုကို ရင်းနှီးသူများက ချစ်စနိုးခေါ်တာပါ။ ဒါပေမယ့် ဒီစာမှာတော့ သူတို့ ညီအကိုနှစ်ယောက်လုံးအတွက် ရည်ညွှန်း ခေါ်ဆိုလိုက်ပါတယ်။
သူတို့မောင်နှမတွေရဲ့ မိခင်ကြီး ဒေါ်အမာညွန့်ဟာ ဇူလိုင်လ ၆ ရက် ညနေပိုင်းက ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ စစ်အာဏာရှင် တိုက်ဖျက်ရေးမှာ သူတို့ညီအကို နှစ်ယောက်စလုံးရဲ့ ပါဝင်ခဲ့မှု သမိုင်းကြောင်းကြောင့် သူတို့ကို ကောင်းကောင်းသိကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေအားလုံး ဝမ်းနည်း ပူဆွေး ကြေကွဲကြရပါတယ်။
အခုတော့ သူတို့သားအမိတွေ ငြိမ်းအေးရာ ဘုံဘဝတခုမှာ ပြန်လည် ဆုံတွေ့နေကြမယ်လို့ The Call ဝိုင်းတော်သားတွေက ယုံကြည်ပါတယ်။ စစ်အာဏာရှင် တိုက်ဖျက်ရေးမှာ ရှေ့တန်းက စွမ်းစွမ်းတမံ ပါဝင် ပေးဆပ်ခဲ့ကြတဲ့ သားနှစ်ယောက်ကို ဘဝတသက်တာ ထောက်ကူ အားပေးခဲ့သူ မိခင်ကြီး ဒေါ်အမာညွန့်နဲ့အတူ မြန်မာနိုင်ငံတဝန်းက အလားတူ မိခင်များ အားလုံးကိုလည်း The Call ဝိုင်းတော်သားများက အလေးအနက် ဦးညွတ် ဂုဏ်ပြုလိုက်ပါတယ်။
ဖြစ်လေရာ ဘဝတိုင်းမှာ စစ်အာဏာရှင်နဲ့ ထပ်မံ မကြုံတွေ့ကြရဘဲ ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ကြရပါစေလို့လည်း The Call က အလေးအနက် ဆုမွန်တောင်းလိုက်ပါတယ်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
