ရိုင်းစိုင်းယုတ်ညံ့လွန်းတဲ့ သတ္တဝါကြီး ရွာထဲ

by The Call
‘ရိုင်းစိုင်းယုတ်ညံ့လွန်းတဲ့ သတ္တဝါကြီး ရွာထဲ’
◼️Khinssoe
ဆယ်နှစ်လရာသီ ပွဲလမ်းသဘင်တွေနဲ့
လေချွန်သံ တအေးအေး
သီချင်း‌တကြော်ကြော် အော်ဟစ်ဆိုလို့…
ခုကျ ကိုယ့်လယ်ကိုယ့်ယာ ထွန်ကြောင်းမဖြောင့်ဘူး
တုတ် ဓား တရွင်း လေးခွ ကိုင်တတ်ပေမယ့်
မဟုတ် မတရား မလုပ်တတ်ကြဘူး
(အဟုတ် တရား ဟောတတ်ကြသူတွေပဲ….
ဒုက္ခကို လှည်းကိုးစီးတိုက်မကုန်ပေး)
ကျွဲနှစ်ကောင် စီအောင် ဘဖေတို့ ကျောင်းခဲ့ပေလည်း
ဘဖေတို့ ရွာသားအများ မြက်မြေဇာ
အခက်ပွေရတာက ရွာသူရွာသား
အမျက်က မပြေ ရတက်ပွေ
မနက်နေခြည်မှာ ဘယ်ပထွေး
အဖေခေါ်ရမှန်းမသိ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment