ရိုင်းစိုင်းယုတ်ညံ့လွန်းတဲ့ သတ္တဝါကြီး ရွာထဲ

by The Call
146 views
‘ရိုင်းစိုင်းယုတ်ညံ့လွန်းတဲ့ သတ္တဝါကြီး ရွာထဲ’
◼️Khinssoe
ဆယ်နှစ်လရာသီ ပွဲလမ်းသဘင်တွေနဲ့
လေချွန်သံ တအေးအေး
သီချင်း‌တကြော်ကြော် အော်ဟစ်ဆိုလို့…
ခုကျ ကိုယ့်လယ်ကိုယ့်ယာ ထွန်ကြောင်းမဖြောင့်ဘူး
တုတ် ဓား တရွင်း လေးခွ ကိုင်တတ်ပေမယ့်
မဟုတ် မတရား မလုပ်တတ်ကြဘူး
(အဟုတ် တရား ဟောတတ်ကြသူတွေပဲ….
ဒုက္ခကို လှည်းကိုးစီးတိုက်မကုန်ပေး)
ကျွဲနှစ်ကောင် စီအောင် ဘဖေတို့ ကျောင်းခဲ့ပေလည်း
ဘဖေတို့ ရွာသားအများ မြက်မြေဇာ
အခက်ပွေရတာက ရွာသူရွာသား
အမျက်က မပြေ ရတက်ပွေ
မနက်နေခြည်မှာ ဘယ်ပထွေး
အဖေခေါ်ရမှန်းမသိ။

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment