ရွှေသောင်ယံကမ်းခြေသရဲ

by The Call
“ရွှေသောင်ယံကမ်းခြေသရဲ”
◼️ရွက်စိမ်း
သောင်ပြင်ကို ဂဏန်းတွေကျွေးလိုက်ပြီး အတုယောင်စစ်တဲ့ ပျော်ရွှင်မှုတွေ ပြန်ရခဲ့တယ်။ တကယ်တော်ပါပြီ။ Trend ကို မလိုက်ချင်ပေမဲ့ လိုက်မိသွားတာက ဘာမှမ​ဖြစ်ပါဘူး။ ရောက်လာမယ် မထင်တဲ့သူတွေ ရောက်လာပြီး ပြည်သူနယ်မြေကို ပြည်သူတွေ ပြန်ရောက်လာကြပြီ။ ကောင်းမယ်ထင်လို့ လုပ်နေခဲ့တာပဲ။ ဒီမှာ ပူဖောင်းတွေမပေါက်ဘူးလို့ ဗလောင်းဗလဲ ပြောနေသူတွေရှိတယ်။ ငါးကင်တွေအစား ယမ်းနံ့တွေရလာလို့ အဲ့ဒီသူတွေလည်း ဝေးဝေးကို ရှောင်သွားလောက်ပြီ။ ဒီဇိုင်းတခုလုပ်ဖို့ ကူညီနေရင်း ရွာတရွာကို အရင်သိမ်းလိုက်တယ်။ ရွှေသောင်ယံကမ်းခြေကို ရောက်ဖူးတာပေါ့။ ပြီးခဲ့တဲ့ သုံးနှစ်တုန်းကလေ။ Fantasy တွေ မရေးတတ်ဖူးမလား။ ငါ့စာတွေ လာဖတ်စမ်းပါလေ။ အလံအကြောင်းတွေ မပြောစမ်းပါနဲ့၊ ကျနော့်ကို အဖမ်းခံရအောင် လုပ်နေပြီလို့ မြန်မာကားထဲမှာ ဆင်မက တက်စီမောင်းရင်း ခိုင်သင်းကြည်ကို ပြောနေပါတယ်။ Rapper ဗျူဟာက အားလုံးအတွက် လမ်းတလမ်းကို ပြသပေးခဲ့တာပါ။
20. Jan. 2025

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment