30
မိုဃ်းဇက်သော်
‘လိပ်ပြာလေးတကောင်’
စာအုပ်စင်ပေါ်မှာ လိပ်ပြာလေးတကောင်
ဘယ်ဘဝကလာခဲ့တာလဲဆိုတော့
မလှုပ်မယှက်။
မီးမြှိုက်ခံခဲ့ရတဲ့ရွာလေးတရွာဆီက
ပြေးလွှားလာခဲ့ရလို့လား
ဒါမှမဟုတ်
အမေဆီမပြန်နိုင်တဲ့သားတယောက်
ခုမှ ပြန်လာခဲ့တာလား
ဒါမှမဟုတ်
နာကျင်လွန်းခဲ့တဲ့ဝိညာဥ်တကောင်ကောင်လား
ဘယ်သူ့ကို စကားပါးစေချင်လို့ရောက်လာတာလဲ
အသက်ကိုသယ်ခဲ့တဲ့လိပ်ပြာက
အသက်မပါတော့သလို ငြိမ်လို့
ငါတို့လည်း ဘာထူးလဲ
ရှင်လျက်နဲ့ သေနေတဲ့လိပ်ပြာတွေပဲ။ ။
