လိုအပ်သောကွက်လပ်တန်းကို နင်း၍ရွေ့

by The Call
78 views

“လိုအပ်သောကွက်လပ်တန်းကို နင်း၍ရွေ့”

▪️ရွက်စိမ်း

ချော်ရည်တွေထွက်နေတဲ့ စက်ရုံပိုက်ခေါင်းက ကိုယ်စားပြုနေတဲ့လိပ်တွေ။ ရှည်ထွက်အဆောက်အဦးချွန်ဟာ ရေအောက်လိုဏ်ဂူမှာ ရွှိုက်နေတယ်။ ၂၁၊၂၅။ ပါဠိလိုသီထားတဲ့ ကြိုးတွေနဲ့ပဲ တဘဝလုံး angry bird ဆန်ချင်ခဲ့ပုံရတယ်။ အစရှိတဲ့စကားလုံးတွေနဲ့နေ့ရက်များ။

Flash ရဲ့ မှိုခင်းမှာ အလုပ်ဝင်လုပ်ပြီး အေးဆေးကဗျာရေးမယ့်အစီစဥ်ကို ဘယ်သူဝင်နှောင့်ယှက်။ rapper တယောက်နဲ့ collab လုပ်ရမယ့်အရေး ဘယ်သူဝင်နှောင့်ယှက်။ ထင်းမီးထည့်ရင်း လက်တဘက်နဲ့ instrumental ဖွင့်၊ ဘဲဥဟင်းချက်ရင်း ကိုယ်ခန္ဓာယိမ်းပြီး freestyle ဆိုနေခဲ့တဲ့ Child။

ဘယ်သူက ညစာနောက်ကျလို့ဆိုပြီးပြောခဲ့ဖူးသလဲ။

လုပ်အားပေးတိုင်းမှာ ခွဲထွက်ပြီး သီချင်းအကြောင်းပြောနေခဲ့ချိန်များ။ မင်းတို့ခေတ်ပြိုင်တွေကအဲဒီလိုပဲဆိုတဲ့ Flash ရဲ့စကားသံတွေ။ ရောက်ကတည်းက အချိန်ပြည့်ယူသုံးခဲ့တဲ့ earphone ကို မင်းထွက်သွားတော့မှပြန်ပေးရတာ။ မင်းဘောင်းဘီယူဝတ်ထားပြီး အစားပြန်ပေးတဲ့ဘောင်းဘီကို မင်းဝတ်ကြည့်လိုက်ရဲ့လားမသေချာတာ။ မင်းရဲ့လက်က ချုပ်ထားတဲ့ဒဏ်ရာကိုတောင် မဖြည်ရသေးတာ။ ကိုယ်တွေနည်းနည်းအရိခံရရင်တောင် ကိုယ်တွေဘက်က ရပ်တည်ပေးခဲ့တာ။ ပြန်ရောက်ရင်လုပ်ပါ့မယ်ဆိုတဲ့ သီချင်းတွေ။ မင်းအသက်က ငယ်ငယ်လေးပဲ။

မင်းကိုအောင်မြင်စေချင်တာဆိုပေမဲ့ မင်းက ကိုယ်လုပ်ခဲ့တဲ့ mixtape ခွေတောင် မရှိတော့တာဆိုးတယ်။ ကိုယ့်ထက် တရက်၊ တလကြီးသူတိုင်း အကို၊ အမ ခေါ်တတ်တဲ့အကျင့်က Flash နဲ့ကျမှပျက်ပြီး တခါတလေ ကိုထွန်း၊ တခါတလေ မင်းနဲ့ငါတွေပြောခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ရိုသေစွာကန်တော့ခဲ့တယ်။

ငါထင်ပါတယ်။

တယောက်က အမေရိကန်လိုနိုင်ငံမှာ rapper ဖြစ်၊ တယောက်က စိုက်ပျိုးရေးဖြစ်ထွန်းတဲ့နိုင်ငံတနိုင်ငံမှာ စိုက်ပျိုးရေးစီးပွားရှင်အဖြစ် ပြန်နေကြကွာ။ ရှုပ်ထွေးမှုနဲ့ အသားကျလွန်းအားကြီးနေတဲ့နိုင်ငံကို ဘယ်တော့မှပြန်မလာခဲ့ချင်နဲ့။

၃၊ ၁၂၊ ၂၀၂၁

[ရဲဘော် သူငယ်ချင်း Flash နဲ့ Child အတွက်]

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment