30
ကိုပေါ
လှိုင်သာယာ ကို ကယ်ဖို့ရာ
ပရိုဖိုင်အမည်းတွေက
လုံလောက်မှာမဟုတ်ဘူးလို့ သူတို့သိသွားတဲ့နောက်
လှိုင်သာယာသားတွေ လိုင်ဇာသွားကြတယ်။
နွေတညနေမှာ နင်းပြားမြို့ကလေးရဲ့ ရင်ဘတ်ထဲ ထုပ်ချင်းပေါက် ဝင်ရောက်ခဲ့တဲ့
ကျည်ဆန်တွေကို ဆွဲနှုတ်ဖို့
လှိုင်သာယာသားတွေ လိုင်ဇာသွားကြတယ်။
ခေတ်ရဲ့လက်ညှိုးမှာ
သွေးဆိုးတဲ့ လှိုင်သာယာသားတွေ
လိုင်ဇာသွားကြတော့
မျက်ရည်စိုစို ဆံပင်တိုတို
ဟယ်ရီလင်းအိပ်မက်တွေ ကို မလိခထဲမျှော
ကတ်ကိုဘိန်းတွေ လာမပြောနဲ့
သူတို့သိစရာမှမလိုတာ။
ဒါကြီးပြီးသွားရင်ဆိုတာ
လိုင်ဇာသွားတဲ့ လှိုင်သာယာသားတွေကြား
မကြားရတာကြာပြီ
ခွက်တိုက်သံတွေရဲ့နောက်တနေ့မှာ
ရှော့တိုက်ဒုံးတွေ ဒိုင်းခနဲကွဲတာ
အဆန်းမှမဟုတ်တာတဲ့
မြန်မာပြည်တွင်းစစ်ကို
ရှီးပဒီးနဲ့တောင်ကြာပန်း ဘယ်သူတိုက်ထားမှန်းမသိဘူး ဆိုတဲ့ စကား
ကချင်စစ်သားလေး ဆီက ရယ်ကျဲကျဲကြားရတော့
လိုင်ဇာသွားတဲ့လှိုင်သာယာသားတွေ
ရယ်တောင်မရယ်နိုင်ကြဘူး။
ဒါကြီးပြီးရင် အိမ်ပြန်မယ်လို့ နောက်ဆုံးပြောပြီးတဲ့နောက်
အမေ့သက်ပျောက်ဆွမ်းတောင်video callနဲ့ တရားနာရ…
ဪ..
လှိုင်သာယာသားတွေ လိုင်ဇာနား သွားပြီးတဲ့နောက်
ဒါကြီးပြီးဖို့ လုပ်တဲ့အခါ
ဒါကြီးပြီးဖို့မပြောတော့ပါ။
၉.၇.၂၀၂၄
ရည်ညွှန်း
မမလီဆာ လိုင်ဇာရောက်ဖူးလား (ဇေယျာလင်း)
မမလာနာ လှိုင်သာယာရောက်ဖူးလား (ဆစ်ခ်)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
