37
■ နောင်လူသစ်
ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၆ ရက်
☆ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အထိ မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း အကြိမ် (၄၆) ကြိမ် ထက်မနည်းဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၀) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၂၇) မြို့နယ်အထိရှိသည်။
☆ မန္တလေးတိုင်းဒေသအတွင်း တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု (၁၃) ကြိမ်ထက် မနည်းရှိခဲ့သည်။ မန္တလေးတိုင်းဒေသအတွင်း မတ္တရာနှင့် စဉ့်ကူးမြို့နယ်တို့တွင် MDY-PDF ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ အရှိန်မြင့် ပြင်းထန်ခဲ့သည်။ အဆိုပါ မြို့နယ် ၂ ခုအတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ (၈) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး (၉) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ စစ်ကိုင်းတိုင်းဒေသအတွင်း တိုက်ပွဲဖြစ်မှုမှာလည်း (၉) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၂၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ တပတ်တာအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှုသည် ၆၀ ဦးနှင့်အထက် ရှိခဲ့သည်။
☆ တော်လှန်ရေးအင်အားစုများဘက်မှ ၂ ဦးနှင့်အထက် ကျဆုံးမှုရှိခဲ့သည်။
☆ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး တပတ်တာအတွင်း တော်လှန်ရေးအင်အားစုများဘက်က စစ်ကောင်စီ တပ်စခန်းပေါင်း (၁၁) ခုထက်မနည်းကို သိမ်းပိုက်ထားနိုင်သည်။
ဖေါ်ပြပါအချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ၍ ကောက်ယူထားခြင်းဖြစ်သည်။
တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
