10
ယောနသံ
‘သဲလွန်စ’

ကျွန်တော်က
ငလျင်လှုပ်တဲ့ အထဲလည်းမပါ
တိုက်ပိတဲ့ အထဲလည်းမပါပဲ
ပျောက်နေခဲ့တာ။
စစ်ကြီး စဖြစ်ကတည်းက
ကျွန်တော့်ကို မတွေ့ရတော့တာပဲ။
ကျွန်တော့်ကို မတွေ့ဖူးတဲ့လူတွေကြား
ကျွန်တော့်ကို တွေ့မိကြလားလို့
ဘယ်လိုမေးလို့ ရမှာလဲ။
ကျွန်တော့်ကို မြင်ဖူးသူတွေက
စစ်ကြီးထဲမှာ အကုန်သေကုန်ကြပြီ
ကျွန်တော်ဟာ နောက်ဆုံး
မျက်မြင်သက်သေပဲ။
စစ်ကြီးထဲမှာ မှတ်ညာဏ်တွေပါ
ဗုံးကျဲခံရတယ်။
သဲလွန်စက ကျွန်တော်ဟာ
သက်ြန်မှာ ပျော်ရွှင်ဖူးခဲ့တဲ့
ကလေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။
April 13,2025