ဟစ်တလာ၏သေတမ်းစာ (The Testament of Adolf Hitler)

by The Call
124 views

“စာအုပ်တန်းမှာ လမ်းလျှောက်ခြင်း”

■ ၂၁ ရက်၊ မေလ၊ ၂၀၂၃

စာအုပ်အမည်။ ။ ဟစ်တလာ၏သေတမ်းစာ (The Testament of Adolf Hitler)

ဘာသာပြန်သူ။ ။ လင်းယုန်မောင်မောင်

ပုံနှိပ်ထုတ်ဝေခြင်း။

ဤစာအုပ်ကို ၁၉၆၈ ခုနှစ်၊ မေလ ပထမအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့၍ ၇နှစ်တိတိကြာခဲ့ပြီးနောက် ၁၉၇၅ ခုမေလတွင် ပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ၂၀၀၄ ခုနှစ် မတ်လတွင် “သားကြီးမောင်ဇေယျ၊ သားငယ်မောင်ဒေဝနှင့်တကွ မျက်မှောက်ခေတ်လူငယ်များသို့” ဟူ၍ ရည်ညွှန်းပြီး သုခုမစာပေတိုက်မှ တတိယအကြိမ် ထုတ်ဝေခဲ့သည်ကို တွေ့ရသည်။

စာမြည်း။

ဘာသာပြန်သူ၏အမှာမှ –
ဟစ်တလာသည် ဤသေတမ်းစာကို ၁၉၄၅ခု၊ ဖေဖော်ဝါရီ ၄ ရက်နေ့စွဲဖြင့် စတင်၍၊ ၁၉၄၅ ခု ဧပြီ ၂ ရက်နေ့အထိ နေ့စဉ်မှတ်တမ်းသဖွယ် အချိန်ရရင်ရသလို ရေးသားခဲ့ပါသည်။ ထိုအချိန် ထိုကာလတွင် ဂျာမဏီသည် ဤစစ်ကြီး၌ မုချဆက်ဆက် မြေကြီးလက်ခတ်မလွဲ ရှုံးရတော့မည်မှာ သေချာသလောက် ဖြစ်နေပါသည်။ သို့သော် စိတ်ဓာတ်အင်အားကြီးမားသူဟူ၍ အချို့က ချီးမွမ်းကြသလို၊ ဖြစ်ရပ်အမှန်ကို မြင်နိုင်စွမ်းမရှိလောက်အောင် ရူးသွပ်မိုက်မဲသူဟူ၍ အချို့က ပြစ်တင်ရှုတ်ချခြင်းခံခဲ့ရသည့် အာဏာရှင် ဟစ်တလာသည် သူ၏ သေတမ်းစာအချို့နေရာများ၌ “အစွယ်ကျိုးသည့်တိုင် ပါးပြင်ထောင်နေသည့် မြွေဆိုးတကောင်ကဲ့သို့” မာန်မာနမကျသေးသည့်အဖြစ်ကို တွေ့နေရပေသည်။

ထို့ထက်ပို၍ဆိုးသည်မှာ ၁၉၄၃ ခု၊ နှစ်ဦးပိုင်း (စတာလင်ဂရက်တိုက်ပွဲ) မှစ၍ အရေးနိမ့်လာခဲ့သော ဂျာမန်တို့သည် စစ်မျက်နှာအားလုံးတွင် အတော်မသတ်နိုင်လောက်အောင် တောက်လျှောက်ဆုတ်ခွာလာခဲ့ကြရပြီး ၁၉၄၅ ခု နှစ်ဦးပိုင်းတွင် လုံးဝစစ်ရှုံးတော့မည်မှာ သေချာသလောက်ဖြစ်လာခဲ့ရာ၊ ဟစ်တလာက ယင်းသို့ သူစစ်ရှုံးဖို့ဖြစ်လာရသည်မှာ သူ့အပြစ်မဟုတ်။ သူ့ရောင်းရင်းမိတ်ဆွေများဖြစ်ကြသော မူဆိုလိုနီ၊ ဖရန်ကိုတို့နှင့် သူ့ရန်သူများဖြစ်ကြသော ချာချီ၊ ရုစဘဲ့၊ စတာလင်တို့၏ အပြစ်များသာ ဖြစ်သည်ဟူ၍ ဤသေတမ်းစာတွင် လက်ညှိးငေါက်ငေါက်ထိုးကာ စွပ်စွဲပြစ်တင်ထားသည်များကို တွေ့ရခြင်းပင်ဖြစ်ပါသည်။

ဤနေရာတွင် ဟစ်တလာသည် ဒေါသကိုမထိန်းနိုင်ဘဲ သူ့ရင်ထဲရှိသမျှ အံချခဲ့ဟန်တူပါသည်။ အဘယ်ကြောင့်ဆိုသော ထိုစဉ်က ဗြိတိသျှဝန်ကြီးချုပ်ဖြစ်သူချာချီအား “အမေရိကန်ကပြား အရက်သမား” ဟူ၍လည်းကောင်း၊ အမေရိကန်သမတရုစဘဲ့အား “ခွေးနှစ်ကောင်ကိုက်သည့်ကြား ပြည်သူလူထုကိုဆွဲသွင်းခဲ့သည့် ရာဇဝတ်ကောင်” ဟူ၍လည်းကောင်း၊ အီတလီဖက်ဆစ်အာဏာရှင် မူဆိုလိုနီအား “အနိုင်ရသည့်ဘက်မှ ပါတတ်သော အချောင်သမား” ဟူ၍လည်းကောင်း၊ ပြင်သစ်ပြည်ကြီးအား “ပါသမျှငွေကိုချုတတ်သည့် မိန်းမလည်”ဟူ၍လည်းကောင်း ရစရာမရှိအောင် ရေရွတ်ကျိန်ဆဲထားသည်ကို ဤသေတမ်းစာတွင် တွေ့ရသောကြောင့်ဖြစ်ပါသည်။

▫️မာတိကာ
– ဘာသာပြန်သူ၏အမှာစာ
– ပါမောက္ခ ထရီဗာ-ရိုပါ၏နိဒါန်း
– ဟစ်တလာ၏သေတမ်းစာ
– ဒုတိယကမ္ဘာစစ်မှတ်တမ်း

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment