
“အတွေးရုပ်ကြွင်းများ”

အစိုးရကိုယ်၌ ကသောင်းကနင်းနှင့် အဓိပ္ပါယ်မရှိ ဖြစ်နေလျှင်၊ မကူညီဘဲ စိုးမိုးအုပ်ချုပ်နေလျှင်၊ ဦးမဆောင်ဘဲ အမိန့်များသာပေးနေလျှင် ဤသို့သောနိုင်ငံတွင် ဥပဒေလိုက်နာစေရန်၊ ကိုယ်ကျိုးရှာမှုကို အများကောင်းကျိုး ဘောင်အတွင်း ဝင်ဆံ့အောင် ထားရှိလိုက်နာစေရန် တဦးချင်းကို မည်သို့မည်ပုံ ဆွဲဆောင် တိုက်တွန်းနိုင်ပါမည်နည်း။
သူသည် လူငယ်များကို ဆွေးနွေးငြင်းခုံမှုဖြင့် ယစ်မူးအောင် ဖြားယောင်းဖျက်ဆီးသူဖြစ်သည်။ ဆိုကရေးတီး သေလျှင် ကောင်းလိမ့်မည်။
လူတို့ကို သူတို့ ဆည်းပူး နားလည်နိုင်သည်ထက် ပိုမိုလျင်မြန်စွာ သင်ပေးသူအတွက် ဆိုးကျိုးကြမ္မာ ကျရောက်ရာ၏။လူများကို မိန့်ခွန်းရှည်ကြီးများဖြင့် “ကြေးအိုးကြေးခွက်များလို ရိုက်ခတ်မြည်လျက်ရှိသော အပြောသမားများ” အုပ်စိုးနေသည်မှာ ရှက်စရာမဟုတ်ပါလော။
အကြင်သူတဦးသည် နိုင်ငံသားများ၏ငွေကို သိမ်းယူ၍ သူတို့ကို ကျွန်ပြုလျှင် ခိုးသူလိမ်သူဟု ခေါ်မည့်အစား သူ့အား ပျော်ရွှင်ချမ်းသာသောသူဟု အများကခေါ်သည်။
တရားမမျှတမှုကို အပြစ်တင်ရန်မှာ အပြစ်တင်သူများကိုယ်၌ မတရားမှုဒဏ် ခံစားလာရမည် ကြောက်၍ဖြစ်သည်။ သူတို့ကိုယ်၌ မတရားမှုကိုပြုရန် ဝန်လေးဆုတ်ဆိုင်းသော သဘောကြောင့်မဟုတ်ပေ။
တဘက်နှင့် တဘက် ပထုတ်ဖို့ကြိုးစားရင်း အလယ်လူထံရောက်လာခါ သတ္တိရှိသူကို သူရဲဘောနည်းသူက လူရမ်းကား၊ လူရမ်းကားက သူရဲဘောကြောင်သူဟု ခေါ်ကြမည်။ အခြားနေရာများတွင်လည်း လိုအပ်သလိုပြောင်းခေါ်သွားကြလိမ့်မည်။
နိုင်ငံရေးသိပ္ပံက လူကိုမဖန်တီးပါ။ သို့သော် နိုင်ငံရေးသိပ္ပံအနေနှင့် လူတို့အား သဘာဝပေးအတိုင်း ယူရပါမည်။
နွေဦးရာသီကို ပျံလွှားပျံသောတနေ့၊ နေသာသောတရက်က မဖန်တီးသလို ပျော်ရွှင်ချမ်းမြေ့သော လူတယောက် ဖြစ်ရန်လည်း တနေ့တရက် တနံနက်က ဖန်တီးခြင်းမဟုတ်ပေ။
ကိုးကား : မြဝင်း – ဒဿနပုံပြင် (၁၉၉၈)
Be the first to comment