“အသံတိတ်ရုပ်ရှင်”
လူရောင်လွင်
စစ်ကြီးက ကိုယ်ခန္ဓာတွေကို အစိတ်အပိုင်းသေးသေးလေးတွေအဖြစ် ခွဲခြမ်းစိတ်ဖြာပစ်တယ်။မင်းရဲ့လက်တဖက်က ဘယ်မှာလဲ။ချစ်ရသူရဲ့အိပ်ယာကုတင်ဘေးက ဝက်စုဘူးလေးထဲမှာလား။စပါးကျီရဲ့ထုတ်တန်းမှာ တွဲလွဲချိတ်ထားတာလား။ဆိုင်ကယ်ကို လေဘာကုန်ဆွဲရင်း နားကြပ်ကို တပ်လိုက်တော့ Gun n` Roses ရဲ့ Sweet Child O` Mine ဟာ ဆူညံစွာ အော်ဟစ်လို့ ။ငါတို့ဟာမြေနိမ့်လွင်ပြင်တွေမဟုတ်ဘူး။ငါတို့က တုန်ခါနေတဲ့ချိုင့်ဝှမ်းတွေ။မြေအောက်ဂူတွေထဲမှာ ပိုးဟတ်တွေဟာအလျှံငြီးငြီး မီးတွေတောက်လောင်လို့။စစ်ကြီးပြီးတော့စစ်သားတွေဟာ အိမ်ကိုပြန်ကြတယ်။စစ်ကြီးပြီးတော့ ချစ်ရသူရဲ့ကုတင်ဘေးက ဝက်စုဘူးလေးလည်း မရှိတော့ဘူး။ရွာထိပ်မှာထုံးဖြူသုတ်ထားတဲ့ အုတ်ဂူတွေ။သားချော့တေးကို ဘလူးတုဘောက်စ်နဲ့ အကျယ်ကြီး ဖွင့်ထားပေးကြတယ်။
Be the first to comment