အက်ဆေး

နေ့တိုင်း ထိုးကိုက်နေတဲ့ ခေါင်းတွေ

“နေ့တိုင်း ထိုးကိုက်နေတဲ့ ခေါင်းတွေ” မောင်မိုးအေး ဘာကို ခံစားရမလဲမေးတော့ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်နေတဲ့ ပတ်ဝန်းကျင်ကိုသာ တွေ့။ ဘယ်လိုခံစားရမလဲမေးတော့ နှလုံးသားက ဘယ်ကျကျန်ခဲ့သည် မသိ။ ခေါင်းတွေသာ ထိုးကိုက်လာသည်။ လက်ညှိုးမကွေးခင် ချစ်တတ်ဖို့လိုကြောင်း တဖွဖွပြောကြသည့် ဒဿနတွေကို ဆင်ခြင်ရင်းသာ နှလုံးသားက လုံးပါးပါးခဲ့ရသလားလို့ တွေးမိလာသည်။ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်နေတဲ့ ပတ်ဝန်းကျင်ကို နှာခေါင်းသွေးတိတ်ဖို့ အရင်ကြိုးစားရမည်။ သွေးတိတ်ဖို့ လိုနေသည်။ ဘာနေနေ နည်းမျိုးစုံသုံးမည်ဟု စဉ်းစားလိုက်ကတည်းက လူက […]

ကဗျာ

မိုးထဲရေထဲ

“မိုးထဲရေထဲ” ညိမ်းအေး အိမ်မဟုတ်တဲ့ ခိုနားရာရိပ်မြုံငယ်လေးကနေ ခွာရတုန်းက မိုးလေးဖွဲနေတာ မှတ်မိတယ် ကျွန်တော့်ကို နှုတ်ဆက်မဲ့သူ မရှိသလို ကျွန်တော် ဘယ်ကိုသွားမယ်ဆိုတာလည်း ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး ကိုးနှစ်နီးနီး ရုန်းကန်ခဲ့သမျှဟာ မျက်စိတမှိတ်အတွင်းမှာပြိုလဲ မိုးထဲရေထဲမှာ ပြေးလွှားနိုင်ဖို့ဖြစ်မှာပါ ချစ်ရသူတွေနဲ့ ဝေးခဲ့ရပေမယ့် မေတ္တာတွေ မပြတ်လပ်ခဲ့ဘူး မိုးထဲရေထဲ ကြည်နူးရတယ် မိုးထဲရေထဲ ဆူးညောင့်ခလုတ်တွေ ပေါတဲ့လမ်း ခြေဖဝါးတွေ စုတ်ပြဲပါစေ ကျွန်တော်တို့ ဖြတ်ပါရစေ ကတ္တီပါခင်းတဲ့ လမ်းနုနုတွေ ချစ်ရသူတွေ […]

ဘာသာပြန်ဆောင်းပါး

မြန်မာတောနက်ထဲက လျှို့ဝှက်ဆေးရုံ

“မြန်မာတောနက်ထဲက လျှို့ဝှက်ဆေးရုံ” ထို့တပတ် (Sky News သတင်းဌာန သတင်းထောက်ချုပ် Stuart Ramsey ရေးသားသည့် ‘Myanmar’s Secret Jungle Hospital’ ကို ဆီလျော်အောင် ပြန်ဆိုပါသည်။) ‘ကြောက်မက်ဖွယ် တိတ်ဆိတ်မှု’ တောနက်ကြီးက တိတ်ဆိတ်နေတယ်။ သစ်သားဘုရားတဆူ‌အောက် ကြမ်းပြင်မှာ ခြင်ထောင်ပတ်ပြီး ကျနော် အိပ်ပျော်နေတယ်။ ကျနော့်ခြေရင်းဘက်မှာတော့ မြန်မာနိုင်ငံရဲ့လျှို့ဝှက်ဆေးရုံတခုကို ဖုံးကွယ်ထားတဲ့ ခပ်မတ်မတ်တောင်ကုန်းတခုရှိတယ်။ “လူနာတယောက် ထပ်ရောက်တယ်။ ခင်ဗျားလိုက်မလား” လို့ ဆရာဝန်က […]

ဆောင်းပါး

ငါတို့ မျှော်လင့်ခဲ့တဲ့ “ရန်ကုန်ရဲ့ မိုက်ကယ်ကောလင်း

“ငါတို့ မျှော်လင့်ခဲ့တဲ့ “ရန်ကုန်ရဲ့ မိုက်ကယ်ကောလင်း”မယ်စုံကျမတို့ လူငယ်မျိုးဆက်တွေနဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေမှာ ကျင်လည်ကြသူတွေဟာ ၇၀၊ ၈၀၊ ၉၀ ခုနှစ်ပတ်ချာလည်က တော်လှန်ရေးစာပေတွေ၊ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရပြီး ထိုဖြစ်စဥ်တွေကို ကြားဖူးရုံနဲ့ ကိုယ်တိုင်ပါဝင်သလို ခံစားရှုမြင်ကြ၊ စနစ်တည်ဆောက်ရေးဆိုင်ရာ၊ လူ့သဘာဝစံနှုန်းဆိုင်ရာတွေ၊ လူသားဖြစ်တည်မှုတွေနဲ့ ပတ်သက်လို့ အငြင်းအခုန် အပြောအဆို လုပ်လေ့ရှိကြပါတယ်။ ဒီနွေဦးတော်လှန်ရေးမတိုင်ခင်က ကျမတို့ကြားမှာ လူထုတော်လှန်ရေး၊ ခုခံတော်လှန်စစ်ဆိုတာ ဝတ္ထုတွေထဲကပဲ ခံစားသိမြင်ပြီး တော်လှန်စိတ်တက်ကြွခဲ့ရတာပါ။ရွှေဝါရောင်တော်လှန်ရေးကာလမှာလည်း ကျမတို့တွေ တတိုင်းပြည်လုံးပမာဏနဲ့ […]

Short Stories

အဝေးက တောင်တန်းတွေ

“အဝေးက တောင်တန်းတွေ”ဆောလျန်အိမ်နံဘေးက ကုန်းကလေးပေါ်ကို မီးမီး ရောက်သွားတဲ့အချိန်မှာ မမငယ်က ရှိနှင့်နေပြီ။ မမငယ်ကို အိမ်အပေါ်ထပ် မီးမီးတို့အခန်းကနေ လှမ်းတွေ့ကတည်းက ပျော်ပြီး ပြေးဆင်းလာခဲ့တာပဲ။ ‘မမငယ်ရေ’ လို့ ပြေးရင်း အော်ခေါ်လာတယ်။မမငယ်ကတော့ မီးမီးအသံကို မကြားပါဘူး။ ဒီနေရာကို အရင်ရောက်နေတိုင်း မီးမီး တွေ့နေကျလို ဟိုးအဝေးကြီးက တောင်တန်းတွေကို ငေးကြည့်နေတယ်။ ဟိုတရက်တုန်းကလိုပဲ မမငယ် ငိုနေသလား။ နောက်ကျောကနေ မီးမီး ခြောက်လိုက်တဲ့အခါ ကိုယ်လေး တုန်နေအောင် လန့်သွားပြီး […]

10/10 စကောလယ်တော

ကမ္ဘာမကြေဘူး

“ကမ္ဘာမကြေဘူး”■ စကောလယ်တော‘ဟောဒီက မြေအိုးတွေတော်ရေ … မြေအိုးတွေ’ အသံကြားလိုက်တာနဲ့၊ ဘုရားရှိခိုးနေတဲ့ အမေနဲ့ ပုတီးစိပ်ရင် လမ်လျှောက်နေတဲ့ အဖေ့ကို ချက်ခြင်း သတိရလိုက်တယ်။ မြေအိုးလည်ရောင်းကြတဲ့ မြေးအဘွားထင်ပါရဲ့။ အိုးတောင်းကိုယ်စီရွက်လို့ လာနေကြတယ်။‘ဟောဒီကမြေအိုးတွေရှင့် … မြေအိုး …’မြေးမအသံက ပိုစူးသလိုပဲ။‘မြေအိုးသည် လာပါဦး’ လို့ ခေါ်သံကြားတော့ အိုးသည်မြေးအဘွား ပြိုင်တူလှည့်ကြကြတယ်။ အနားရောက်တော့ သူတို့မြေအိုးတွေကူချရင်း ခြင်းထဲကအိုးတွေကိုကြည့်တော့ လက်ရာမြောက်တဲ့ ဟင်းအိုးလေးတွေပါလား။ အဖေတို့ အမေတို့က ကျမချက်တဲ့ဟင်း စားလို့မကောင်းရင် […]

Photo Essay

Photo Essay

ပန်းဟာ ဖူးပွင့်ခဲ့ပြီ ပိုးတုံးလုံးဟာ လိပ်ပြာ ဖြစ်လာခဲ့ပြီ ငါတို့ရဲ့ ပျံသန်းခြင်းကို ဘာလက်နက်နဲ့မှ တားလို့မရ ဒီတိုက်ပွဲအတွက် ငါတို့တွေ အဆင်သင့်နေရာယူပြီးကြပြီ မိုးတိမ်မည်းမည်းတွေကုန်သွားရင် ကြယ်တွေ လင်းလက်လာလိမ့်မယ် ငါတို့ရဲ့ အလင်းတန်းတွေကို အမှောင်တရားက မဖုံးဖိနိုင်ပါဘူး ငါတို့ကိုယ်တိုင်က ကျိန်စာပဲ သတ်လို့ မသေတဲ့ကျိန်စာ ‘ဘယ်ကောင်သေရဲလဲ’ မေးရင် ‘ဘယ်ကောင်သတ်ရဲလဲ’ ပြန်မေးမယ့်ကျိန်စာ သတ်ရဲတဲ့ကောင်က ရှုံးပြီး သေရဲတဲ့ကောင်က နိုင်တဲ့ ကျိန်စာ ဒီတခါ ရှုံးတဲ့ကောင်က ထာဝရရှုံးမှာဖြစ်ပြီး […]

No Picture
Photo Essay

ပုန်ကန်နွယ်များရဲ့ နံရံရေးပန်းချီ၊ ကဗျာ၊ သီချင်းစာသားများ

ပုန်ကန်နွယ်များရဲ့ နံရံရေးပန်းချီ၊ ကဗျာ၊ သီချင်းစာသားများ ■ SWN ၊ တက်​ဇေထက် မြို့ပြကိုစွန့်ခွာလာကြတဲ့ လူငယ်များဟာ သူတို့နဲ့အတူ ပန်းချီတွေ၊ကဗျာတွေ၊ သီချင်းစာသားတွေ၊ ယဉ်ကျေးမှုတွေကို စစ်ပညာသင်ယူရာ လွတ်မြောက်နယ်မြေတွေအထိ သယ်ဆောင်လာခဲ့ကြပါတယ်။ သူတို့ကို သူတို့နာမည်ပေးထားတာ ပုန်ကန်နွယ်တဲ့။ ပုန်ကန်နွယ်ဟာ လူငယ်တွေကြားမှာ နာမည်ကြီးတဲ့ အဆိုတော်တစ်ယောက်ရဲ့သီချင်းစာသားတစ်ခုဖြစ်ပါတယ်။ ပုန်ကန်နွယ်တွေဟာ ပြည်တွင်းစစ်ဒဏ်ခံထားရတဲ့ မြို့ပျက်ကြီးထဲက နံရံတွေပေါ်မှာ အဲ့ဒီယဉ်ကျေးမှုတွေကို ချန်ထားရစ်ခဲ့ပါတယ်။ အဲ့ဒီမှာ “အာဏာရှင်ကို တအားမုန်းတီးတဲ့အကြောင်း”၊ “နှောင်ကြိုးကို လက်ရုံးဖြင့် […]