သူမတူအကျဉ်းသား

သူမတူအကျဉ်းသား (အခန်း၁၁)

■ အခန်း(၁၁)နေပြည်တော်မှ အိမ်မက်ဆိုး++++++++++++++++++စက်တင်ဘာလ ၂၁ ရက် ၂၀၂၁ မှာတော့ ကျနော့်ကို နေပြည်တော်ကို ပို့လိုက်ကြပါတယ်။..ကျနော်လည်း လူထုအစိုးရ လက်ထက်မှာ အတော်ကြာကြာ နေခဲ့ဖူးတော့ ရေမီးပြည့်စုံတာတွေ၊ အခြားကောင်းမွန်တဲ့ အချက်အလက်တွေကို သဘောကျပါတယ်။ မြန်မာပြည်ရဲ့ အဆင့်အမြင့်ဆုံး မြို့လို့တောင် ပြောလို့ရတယ်။ ဒါပေမဲ့ အခုလို အချိန်တော့ မသွားချင်ဘူး။ အထူးသဖြင့် မင်းအောင်လှိုင်အုပ်စုရဲ့ အကြမ်းဖက်မှု ဗဟိုဌာနချုပ် ဖြစ်နေလို့ကို မသွားချင်ဘူး။ အဲဒီကို ပို့လိုက်ခြင်းက မိစ္ဆာတကောင်ရဲ့ […]

သူမတူအကျဉ်းသား

သူမတူအကျဉ်းသား (အခန်း၁၀)

■ အခန်း(၁၀)တရားရေးဆိုင်ရာ မိုက်မဲမှုများ++++++++ကျနော် အင်းစိန်ထောင်ထဲ ရောက်ပြီး တလလောက် ကြာတော့ ကျနော့်ကို စွဲထားတဲ့ အမှုက အသက်ဝင်လာပါတော့တယ်။ တရားဝင်အားဖြင့် ကျနော့်ကို စွဲဆိုထားတဲ့အမှု မရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ (၁၉၂၃) ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ထိန်းသိမ်းတယ်လို့ ဆိုပါတယ်။ ဒီဥပဒေကလည်း ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရက အစိုးရဝန်ထမ်းတွေကို ‘အစိုးရ နစ်နာစေမဲ့ လျှို့ဝှက်ချက်’ တွေကို […]

အက်ဆေး

မနက်ဖြန် အဝါရောင်ပန်းတွေပွင့်ရင်

“မနက်ဖြန် အဝါရောင်ပန်းတွေပွင့်ရင်”ချမ်းငြိမ်း(၁)လူခြေတိတ်ဆိတ် ငှက်ကလေးတွေ အိပ်ပျော်နေဆဲ။ အိမ်ရှေ့က ခရေပင်ထိပ်မှာ လခြမ်းကွေးကွေးလေး လာချိတ်ချိန်။ အဲဒီ လခြမ်းကွေးကွေးလေးကို မျက်နှာမူပြီး ကျနော် ခရီးစထွက်ခဲ့ပါသည်။ လရောင်ရဲ့ အလင်းပုဝါပါးအောက်မှာ ရိုးတိုးရိပ်တိပ် မြင်ရတဲ့ မပန်းဝါရဲ့ ပန်းခင်းလေးကို ခေတ္တ ငေးမိပါသေးသည်။ ကျနော် ခရီးထွက်ရပါဦးမည်။ တိတ်ဆိတ်သော အိမ်ငယ်လေးထဲမှာ အဝါရောင်ပန်းတပွင့် အိပ်ပျော်နေပါသည်။ ဒါက ကျနော့်အထင်လည်း ဖြစ်နိုင်ပါသည်။ အရုဏ်မလာမီ အမှောင်သည် သိပ်သည်းလွန်းပါသည်။ လရောင်ပန်ထားသော ကမ္ဘာမြေသည် […]

သူအမြင်

ကိုကြီးညိုပြောတဲ့ ဝတ္ထုတို

“ကိုကြီးညိုပြောတဲ့ ဝတ္ထုတို”■ အော်စွန်းမိုင်ကိုကြီးညို လူမျိုးစုံနဲ့ ဆက်ဆံပေါင်းသင်းရတဲ့နေရာကို ရောက်ခဲ့တယ်။ ဘာအလုပ်မှမရှိကြ‌တော့ ညပိုင်းမှာ စကားဝိုင်းဖွဲ့ ပြောဖြစ်ကြတယ်။စာလည်းမဖတ်ကြရ၊ ရုပ်မြင်သံကြားလည်းမရှိ။ အငြိမ့်၊ ဇာတ်၊ ဆိုင်း အဝေးကြီး။ အဲဒီအခါ လူငယ်တွေနဲ့ စကားဝိုင်းဖွဲ့ဖြစ်တယ်။ သူတို့ဆီက ဘာကြားရမလဲ။ ဒီနေ့လူငယ်တွေဟာ ဘယ်လိုလူငယ်တွေလဲ။ သူတို့ရင်ခုန်သံ၊ ခေတ်ကို သူတို့ ဘယ်လိုပွတ်တိုက်ကြသလဲ။ ကိုကြီးညို သိချင်တယ်။စကားဝိုင်းထဲမှာ အစတော့ လူငယ်တွေချည်း စတာပေမဲ့ ပြောကြဆိုကြတာတွေဟာလည်း လွမ်းမောစရာတွေလည်းပါတယ်။ ဟာသတွေလည်းပါတယ်။ ရွှင်လန်းစရာ၊ […]

Real Life Stories

စစ်ဘေးသင့် ဒေဝတာများ

“စစ်ဘေးသင့် ဒေဝတာများ”ရိုင်းစိုင်းသော်(ဖြစ်ရပ်မှန်ဇာတ်လမ်း)သင်္ကြန်အကြိုနေ့မှာတင် ပျက်သွားခဲ့တဲ့ကမ္ဘာတွေက အများကြီးပဲ။အကြိုနေ့ မနက်ပိုင်းမှာ ကျနော်တို့ဒေသရဲ့ ရွာ ၅ ရွာကို စစ်ကောင်စီတပ်က စစ်ကား ၉ စီးနဲ့ အင်အားရာကျော်ဂဏန်းနဲ့ ဝင်စီးပြီး ပြည်သူ့နေအိမ်တွေကို မီးတင်ရှို့ခဲ့တယ်။ ညနေပိုင်းရောက်တော့ တခြား ရွာနှစ်ရွာကို တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ပတ်ပစ်လို့ အရပ်သားပြည်သူတွေ ဒဏ်ရာရခဲ့တယ်။ဒေသတွင်း စစ်ရေးအခြေအနေ မငြိမ်သက်ပေမယ့် ကျေးရွာတွေက အများကြီးရှိတာကိုး။ မီးတောက်မီးခိုးလုံးတွေ၊ ပစ်ခတ်ပေါက်ကွဲသံတွေနဲ့ မနီးကပ်တဲ့ ကျေးရွာတွေမှာတော့ ရိုးရာမပျက် တောသင်္ကြန် အသေးစားလေးတွေရှိနေတယ်။ […]

သူမတူအကျဉ်းသား

သူမတူအကျဉ်းသား (အခန်း၉)

■ အခန်း(၉)ထောင်တွင်းစီးပွားရေး++++++++++ထောင်ထဲမှာ ရက်သတ္တပတ်ပေါင်းများစွာ ကြာလာတော့ ကျနော်ဟာ အင်းစိန်ထောင်တွင်း စီးပွားရေး လည်ပတ်ပုံတွေကို သတိထားမိလာတယ်။ ထောင်တွင်း စီးပွားရေး ဆိုတာကလည်း မြန်မာပြည်တွင်း စီးပွားရေးတွေနဲ့ မကွာလှဘူး ဆိုတာကို ပိုပြီး သဘောပေါက်လာတယ်။ အုပ်ချုပ်မှုအပိုင်းက ကောင်းကောင်း အလုပ်မလုပ်ဘူး။ အခြေခံ အဆောက်အအုံတွေက ကိုလိုနီခေတ်က ကျန်ခဲ့တာတွေ။ မှောင်ခိုစျေးကွက်မှာ ပိုက်ဆံရှိရင် လိုချင်တာ အားလုံးနီးပါး ရနိုင်တယ်။ အဲဒီအချက်တွေ တူညီတယ်။.စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ မှောင်ခိုစျေးကွက်ပါ။ ထောင်ကပေးတဲ့ […]

စကားပြေကဗျာ

အချစ်နှင့် ငြိမ်းချမ်းရေး

“အချစ်နှင့် ငြိမ်းချမ်းရေး”ဆပ်ရိပ်ရိုမန်အင်ပါယာကြီး ကျဆုံးသွားတာ မင်းမမြင်ခဲ့ဘူး။ ပြင်သစ် လက်နက်ချတုန်းက ကိုယ်တို့ မမွေးသေးဘူး။ စစ်အေးခေတ်ကို ကိုယ်တို့ မမီခဲ့ဘူး။ ၁၅၀၀ တန် ဆင်းကဒ်တွေပုံထားတဲ့ ကစားကွင်းကြီးထဲမှာ ကိုယ်တို့လူငယ်ဘ၀စခဲ့တယ်။ လူတန်းစားတခုနဲ့ တခုနှိမ်ကြတယ်။ ဘယ်သူ့ကိုနှိမ်ရမှန်းမသိတဲ့သူတွေက အိမ်က မိန်းမနဲ့သားသမီးကို ပြန်ရိုက်ကြတယ်။ အခုတော့ ကိုယ်တို့အားလုံးဟာ ငရဲကိုလက်ပစ်ကူးပြီး ပိုကောင်းမယ်ထင်တဲ့ ကမ်းပါးဆီ သွားနေကြတယ်။ စစ်ဗိုလ်ချုပ်တွေဟာ အဲ့ဒါကြောင့် သမိုင်းကိုသွေဖယ်ပြီး နေပြည်တော်ကို ဧရာ၀တီရဲ့ဘေးနားမှာ မဆောက်ခဲ့တာ မင်းသိလား။ […]

သူမတူအကျဉ်းသား

သူမတူအကျဉ်းသား (အခန်း၈)

■ အခန်း(၈)အဆက်အသွယ်ရခြင်း+++++++++တလလောက်အကြာမှာတော့ သံရုံးနဲ့ ထောင်အာဏာပိုင်တွေ သဘောတူညီချက်ရပြီး ကျနော် သံရုံးနဲ့ ဖုန်းတကြိမ် ပြောခွင့်ရတယ်။ အဲဒီမှာ သံရုံးက သဘောတူထားတဲ့ အချက်တွေ ကျနော့်ကို ရှင်းပြပါတယ်။ ကျနော် တလကို ဖုန်း လေးကြိမ် ပြောခွင့်ရမယ်။ တကြိမ်ကို မိနစ်၂၀ ကြာ ပြောခွင့်ရှိတယ်။ သံရုံးအနေနဲ့ အကြိမ်တိုင်းမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနကို လျှောက်လွှာ တင်ရမယ်။ ဖုန်းဆက်ချင်တဲ့နေ့ မတိုင်ခင် ခုနှစ်ရက် ကြိုတင်ရမယ်။ တကယ်တော့ […]