သူမတူအကျဉ်းသား

သူမတူအကျဉ်းသား (အခန်း၁၇)

■ အခန်း(၁၇) လွတ်မြောက်ခြင်း၊ အိမ်အပြန်ခရီးနှင့် အဆုံးတကွေ့ +++++++++ အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်တယ်။ တဖက်ကို ခြေလှမ်း ၁၀ လှမ်း။ မနက် ၁၀ နာရီ မထိုးခင် ခြေလှမ်းပေါင်း ၁၂,၀၀၀။ . ဒါက ကျနော် နေ့စဥ်လုပ်နေကျ။ ကျနော် အဖမ်းခံထားရတာ ရက်ပေါင်း ၆၅၀ မြောက်တဲ့နေ့၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ မနက်၊ ခြေလှမ်းပေါင်း […]

ကဗျာ

ဤအရာကို စစ် ဟု ခေါ်သည်

Jasmine Piter အဲဒီနေရာမှာ မြွေလိမ်မြွေကောက်မြေနီလမ်းကလေး အဲဒီနေရာမှာ ပြာမှုန်ကပ်လျက်သား အရောင်ပြောင်းစသစ်ရွက်တွေ အဲဒီနေရာမှာ ပိပြားပြားစွတ်ကြောင်းရာများနဲ့ မြက်ပင်ရှည်ရှည်တွေ အဲဒီနေရာမှာ ကျောက်စကျောက်နကျောက်သားမွမွတွေ အဲဒီနေရာမှာ ဝါးကပ်အကျိုးအပဲ့နဲ့ စည်းရိုးပျက်အစအနတွေ အဲဒီနေရာမှာ အရွယ်စုံထရံစ အပြားလိုက်အပြတ်လိုက်တွေ အဲဒီနေရာမှာ အမိုးမဲ့ အကာမဲ့ ကြမ်းခင်းတန်းအပိုင်းအစတွေ အဲဒီနေရာမှာ မီးသင့်အိမ်တိုင် ထိုးထိုးထောင်ထောင်တွေ အဲဒီနေရာမှာ လက်တဖဝါးစာမရှိတရှိ သားရေဖိနပ်ငယ်တစ်ဖက် အဲဒီနေရာမှာ အိုးခြမ်းပဲ့နဲ့ တောင်းစုတ်နဲ့ ခမောက်တခြမ်းပြတ် အဲဒီနေရာမှာ မှောက်ခုံ ပက်လက် […]

အက်ဆေး

“နှောင်းခဲ့ပြီ ဖြစ်သော”

ဆူးနတ်သန် နားတွေက အသံတွေဟာ နှလုံးအိမ်ထဲက အသံကို မကျော်လွန်နိုင်ခဲ့ပါဘူး။ ဒီလမ်းကို လျှောက်နေတာ မရောက်နိုင်မှန်း သိတာပေါ့ကွယ်။ ပိန်းပိတ်အောင် မှောင်နေတဲ့ အမှောင်ထုကြားကနေ ခေါ်နေတယ်။ လာခဲ့ပါ။ ရပ်ကြည့်နေရုံနဲ့ အသားစတွေ ပြန်ကောက်ဆက်လို့ မရဘူး။ အန္တရာယ်တွေ ရင်ဆိုင်ရင်း ကိုယ့်ဒဏ်ရာကို လျှာနဲ့ လျက်တတ်ရတယ်။ တောနက် ဆိုတဲ့စရိုက်က မကျင့်တတ်ရင် ဝါးမြိုမှာပဲ။ ရေခံမြေခံ အသိတွေ အထပ်ထပ် စစ်ဆေးခြင်းခံရမယ်။ လွတ်မြောက်ဖို့ လက်တလုံးအလိုမှာ လုပ်ကြံခံရတတ် […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​ဇူလိုင် ၁၀ ​ဗုဒ္ဓဟူးနေ့ – ■ မနက်ခင်းအတွေး လူတယောက်က အခြားတယောက်ကို ပျော်စေချင်တာ မကောင်းဘူးလား။ ပျော်ရွှင်မှုဆိုတာ လူတယောက်ရဲ့ အနိမ့်ဆုံးလိုအပ်ချက် မဟုတ်ဘူးလား။ ဘဝရဲ့ အနက်အဓိပ္ပါယ်တခုလို့ ပြောမယ်ဆိုရင်တောင် လွန်အံ့မထင်။ အားလုံးကိုပျော်စေချင်တာ ကိုယ့်အားနည်းချက် ဆိုတဲ့ သီချင်းကလေးတောင် လူကြိုက်များခဲ့ဖူးတာပဲ။ ကလေးတွေအသွားချင်ဆုံးကလည်း ပျော်စရာကမ္ဘာ ဟက်ပီးဝေါပဲပေါ့လေ။ ဒါပေမဲ့ ပြန်ပေးဆွဲခံထားရသလို၊ အကျဉ်းချခံထားရသလို ဖိနှိပ်သူရဲ့အရိပ်မည်းကြီးအောက်မှာ […]

Flim Reviews

တရုတ်ဧကရာဇ်ရဲ့ နောက်ဆုံးနေ့များ

ညီလင်းအိမ် တကယ်ရှိခဲ့တဲ့ လူတွေအကြောင်း ရုပ်ရှင်ပြန်ရိုက်တာတွေကို ကြည့်ကြရတဲ့အခါမှာ အများအားဖြင့် ပျင်းရိစရာကောင်းတာကို မြင်ရသလို တာဝန်လည်း အင်မတန်ကြီးပါတယ်။ စာအုပ်ကတော့ စာသားအဖြစ်ပဲ ဖော်ပြရတာဖြစ်လို့ စာဖတ်သူမှာ စိတ်တိုင်းကျ ဖတ်ရှုရ သိရပေမယ့် ရုပ်ရှင်မှာတော့ သမိုင်းရေးဆိုင်ရာ အချက်အလက်တွေကို စာတမ်းတင်သွင်းသလို မှတ်တမ်းဖလင်များလို ဇာတ်ကောင်တွေကနေ ကရားရေလွှတ် ပြောခိုင်းလို့လည်း မရပါဘူး။ ဒီဇာတ် ဆောင်များရဲ့ စကားအနည်းငယ်၊ သူတို့ကို ကင်မရာတွေကနေ တဆင့်ပြဆိုမှုကနေပဲ ရှိရင်းစွဲ နောက်ခံတွေကို ဒါရိုက်တာက […]

ဆောင်းပါး

ဝါရှင်တန်အလှည့်အ​ပြောင်း

ဆောင်းပါးရှင် ​​ကျော်​ဇောခိုင် ​ရေးသား​သော “ဝါရှင်တန်အလှည့်အ​ပြောင်း – သတင်းသုံးသပ်ချက်​ဆောင်းပါး” ကို ​မြင့်ထက်​အောင် ရွတ်ဖတ်ထား​ပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

ဆောင်းပါး

စစ်ကြိုခေတ်က အမျိုးသားရေးသီချင်းတချို့

ဆူးရစ်နွယ် စစ်သီချင်း၊ တော်လှန်သီချင်း၊ နိုင်ငံရေးသီချင်း စသည်ဖြင့် ရှိကြတာကိုထောက်ပြီး နစ္စ၊ ဂီတ၊ ဝါဒိတများဖြစ်ကြတဲ့ ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ ရေးသား စပ်ဆိုခြင်းတွေဟာ စစ်ကိုသော်လည်းကောင်း၊ နိုင်ငံရေးပြန့်ပွားမှုကိုသော်လည်းကောင်း၊ အမျိုးသားရေးစိတ်များကိုသော်လည်းကောင်း ပိုမိုအားကောင်းတဲ့ တွန်းအားတရပ်ကို ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးတဲ့အရာတွေဖြစ်ကြောင်း အသေအချာ သတ်မှတ်နိုင်ပါတယ်။ ဒီနေရာမှာ စစ်ကြိုခေတ်က အမျိုးသားရေးသီချင်းများအကြောင်းကို သိသလောက် ရေးပြမှာဖြစ်ပါတယ်။ “ဗမာမှာကုမ္ပဏီရှိတယ် ….. ပိတုန်းရောင်အသားက ဆီထွက်သတဲ့ မရီလိုက်နဲ့ဂရုစိုက်ကွယ် …. ကြီးပွားချင်သလားအမများရယ် […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​ဇူလိုင် ၉ ​အင်္ဂါနေ့ – ■ မနက်ခင်းအတွေး မတရားမှုက နေရာတိုင်းမှာ ဖြစ်နေတာလား။ မတရားမှုက ဒီကမ္ဘာလောကကြီးရဲ့ ပုံမှန်အလေ့အထတခုလား။ မတရားမှုဟာ ဘယ်သူမှလက်မခံသည့်တိုင် အောင်ပွဲခံနေဆဲလား။ မတရားမှုဟာ လူကြီးလူကောင်းယောင်ဆောင်တယ်။ နတ်ဒေဝတာယောင်ဆောင်တယ်။ ထီးဟန်နန်းဟန်တွေနဲ့ မဟာဆန်တဲ့ အခါတွေတောင် ရှိသေးတယ်။ မတရားမှုမှာလည်း သူ့သရဖူနဲ့သူလို့ ဆိုရလေမလား။ မတရားမှုဟာ လွှတ်တော်ထိုင်ခုံတွေပေါ်က မတ်တပ်ထရပ်တယ်။ မတရားမှုဟာ တင့်ကားချိန်းကြိုးကြီးတွေကြားမှာ […]

သူအမြင်

မြယာပင်တွေ

“မြယာပင်တွေ”အော်စွန်းမိုင်တချိန်က လွတ်မြောက်ရေးတိုက်ပွဲ ကာလအတွင်းမှာ ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးသမားရဲဘော်တွေ၊ သခင်တွေကို ပဲခူးရိုးမထဲမှာ မြှုပ်နှံသင်္ဂြိုလ်ခဲ့ကြရတယ်။ နွေအကုန် မိုးလေး တပြိုက်နှစ်ပြိုက် ရွာချလိုက်တော့ အဲဒီ ကျဆုံးလေပြီးသော ရဲဘော်များရဲ့ ရုပ်ခန္ဓာများကို ထိုးဖောက်ခွဲထွက်ပြီး မြယာပင်များ ပေါက်ရောက်လာကြတယ်လို့ ဖတ်ရှုခဲ့ရဖူးတယ်၊ မှတ်သားခဲ့ရဖူးပါတယ်။ကမ္ဘာ့တော်လှန်ရေးအဆက်ဆက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသူ တော်လှန်ရေးသမားများကို မြှုပ်နှံသင်္ဂြိုလ် ချန်ရစ်ခဲ့ကြရတယ်။ အလွန်အမင်း ဝမ်းနည်းကြေကွဲစရာကောင်းလှပြီး ကျန်ရစ်သူရဲဘော်များကလည်း မိမိတို့ရဲ့ ရဲဘော်ရဲဘက်ကို မြှုပ်နှံခဲ့ရတာက မိမိတို့ရဲ့ကိုယ်ခန္ဓာ တတက်တခြမ်းကို ဖဲ့ပြီး […]

သူအမြင်

မြယာပင်တွေ

အော်စွန်းမိုင် တချိန်က လွတ်မြောက်ရေးတိုက်ပွဲ ကာလအတွင်းမှာ ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးသမားရဲဘော်တွေ၊ သခင်တွေကို ပဲခူးရိုးမထဲမှာ မြှုပ်နှံသင်္ဂြိုလ်ခဲ့ကြရတယ်။ နွေအကုန် မိုးလေး တပြိုက်နှစ်ပြိုက် ရွာချလိုက်တော့ အဲဒီ ကျဆုံးလေပြီးသော ရဲဘော်များရဲ့ ရုပ်ခန္ဓာများကို ထိုးဖောက်ခွဲထွက်ပြီး မြယာပင်များ ပေါက်ရောက်လာကြတယ်လို့ ဖတ်ရှုခဲ့ရဖူးတယ်၊ မှတ်သားခဲ့ရဖူးပါတယ်။ ကမ္ဘာ့တော်လှန်ရေးအဆက်ဆက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသူ တော်လှန်ရေးသမားများကို မြှုပ်နှံသင်္ဂြိုလ် ချန်ရစ်ခဲ့ကြရတယ်။ အလွန်အမင်း ဝမ်းနည်းကြေကွဲစရာကောင်းလှပြီး ကျန်ရစ်သူရဲဘော်များကလည်း မိမိတို့ရဲ့ ရဲဘော်ရဲဘက်ကို မြှုပ်နှံခဲ့ရတာက မိမိတို့ရဲ့ကိုယ်ခန္ဓာ […]