
ခေါ်သံရဲ့မနက်စာ
မနက်ခင်းအတွေး
-၂၀၂၄ သြဂုတ် ၂၂ ကြာသပတေးနေ့ – မနက်ခင်းအတွေး ရှေ့တခေါ်ဆိုရောက်ပြီ၊ ရှေ့တကွေ့ဆိုရောက်ပြီနဲ့ မတ်စောက်တဲ့တောင်တက်လမ်းကို တရွေ့ရွေ့လှမ်းခဲ့ကြရတဲ့ ဘုရားဖူးခရီးတွေ သတိရကြမှာပါ။ တခါတလေ အကွေ့တခုမှာ စေတီဆီက ဆည်းလည်းသံလေးကို ကြားလိုက်ရသလိုလို၊ ဟိုးအဝေးက ပြိုးပြက်ရွှေရောင်ကို လှမ်းတွေ့လိုက်ရသလိုလိုတောင် ဖြစ်မိကြသေး။ ကလေးတွေကတော့ နောက်ကလူကြီးတွေ မျက်ခြေပြတ်သွားတဲ့အထိ ရှေ့ကနေ အပြေးကလေးတက်သွားကြလေရဲ့။ တယောက်ကိုတယောက်စောင့်ခေါ်ရင်း ဖေးကူရင်း အမောပြေအားပေးစကားပြောရင်း ဘုရားကိုဖူးမျှော်ချင်စိတ်နဲ့ လှမ်းခဲ့ကြ ရောက်ခဲ့ကြရတာပဲမဟုတ်လား။ အရေးကြီးတာက ဘုရားဖူးဖို့လာတာ နောက်တတောင်တက်ဖို့ကျန်သေးတယ်ဆိုတာနဲ့ပဲ […]