အိုးကြီးချက်
■ စာရေးသူ မောင်မိုးအေး ရေးသားသော “” ဝတ္ထုတိုကို စန္ဒီ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။
■ စာရေးသူ မောင်မိုးအေး ရေးသားသော “” ဝတ္ထုတိုကို စန္ဒီ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။
ညီလင်းအိမ် ဗင်နီဇွဲလားနိုင်ငံက ရှိရင်းစွဲ အဖြစ်အပျက်တွေကိုပဲ ပြန်ပြောင်း အခြေခံထားတဲ့ ယခုရုပ်ရှင်ဟာ လက်ရှိ ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပွားနေတဲ့ အခြေအနေ တွေနဲ့ တထပ်တည်းနီးပါး တူညီနေခဲ့ပါတယ်။ ပြောရရင် လက်ရှိ စစ်အာဏာရှင်ရဲ့ ဖိနှိပ်ညှဥ်းပန်းမှု၊ စစ်ကြောရေးစခန်းတွေကနေ အသက်မသေဘဲ လွတ်မြောက်လာတာတွေ၊ နောက် ဝရမ်းထုတ် ဖမ်းဆီးမှုကြောင့် ပြည်ပ နိုင်ငံရပ်ခြားဆီကို လွတ်ရာပယ်စား ပြေးလွှားရှောင်တိမ်းကြရတဲ့ နိုင်ငံရေး တက် ကြွ လှုပ်ရှားသူတွေအဖို့တော့ ဒီရုပ်ရှင်ကို ကြည့်မိရချိန်မှာ ဒေါသဖြစ် […]
ဆူးနတ်သန် တခုသော မိုးရွာပြီးစ စိုစွတ်သောနေ့တနေ့မှာ ကျမ တော်လှန်ရေးတပ်ဖွဲ့မှာ ဝင်ရောက်ခဲ့ပါတယ်။ ကျမ အသက်ဆယ့်ငါးနှစ်မှာ အာဏာသိမ်းခြင်းဆိုတဲ့ အမှောင်တိုက်တခု ကျမရဲ့ နေ့စဉ်ဘဝထဲမှာ တရွတ်တိုက် ဝင်ရောက်လာပါတော့တယ်။ ကျမက ဆယ်တန်းနှစ်မှာပဲ COVID ကပ်ရောဂါနဲ့ ကျောင်းနားနေရစဉ်မှာပဲ ဒီဖြစ်ရပ်ဆိုးကြီး စတင်ခဲ့ပါတယ်။ ကျမလို ဆယ်ကျော်သက်အရွယ် မိန်းကလေးတယောက်ဟာ ကျွန်မတို့ ယောနယ်မှာတော့ ဘာများ အသုံးကျနိုင်ဦးမှာလဲ။ ကျောင်းတက်ချင်တက်ဆိုတဲ့အရွယ်မှာ ကျောင်းတံခါးတွေ ပိတ်သွားကြပြီ။ ကျမတို့လို ဆယ်ကျော်သက်တွေအတွက် မမီမကန်း […]
■ မင်းသွင် ရေးသားသော “သမ္မတကြီးထံ ပေးစာ” ကဗျာကို မြင့်ထက်အောင် ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။
မိုးမြင့်ကျော် အဖေ့ရဲ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း စိတ်ထဲကနေ အကြိမ်ကြိမ် နှုတ်ဆက်နေမိတယ်။ ပြီးတော့ စိတ်ထဲကနေပဲ နားလည်ပေးပါလို့လည်း ပြောနေမိတာပေါ့။ အဖေဟာ မျက်နှာကျက်ကိုပဲ စူးစိုက်ကြည့်နေတယ်။ မျက်လုံးအိမ်မှာ မျက်ရည်တွေ အမြဲစိုစွတ်နေတယ်။ ဒါဟာ သူ လေဖြတ်ပြီးနောက်ပိုင်း သူ့ပုံမှန် နေ့စဥ်ပါပဲ။ အမြဲတမ်း အိပ်ယာပေါ်ပက်လက် မျက်နှာကျက်ကလွဲလို့ သူ့မှာ ကြည့်စရာမရှိတော့ဘူး။ အဖေနဲ့ကျနော်က သားအဖတွေဆိုပေမယ့် ရင်းနှီးနေတာမျိုးမဟုတ်ဘူး။ ငယ်ငယ်ကကြောက်ရတယ်။ ကြီးလာတော့ စကားအသွားအလာနည်းတယ်။ လိုတာပဲ ပြောကြတာမျိုး။ […]
-၂၀၂၄ သြဂုတ် ၁၆ သောကြာနေ့ – ■ မနက်ခင်းအတွေး ဥဒေတယံပဲ ရွတ်ရွတ်၊ ပရိတ်ကြီး ၁၁ သုတ်ပဲရွတ်ရွတ်၊ ဓာရဏပရိတ်နဲ့ ရှိရှိသမျှ ဝေနေယျတွေကို မေတ္တာသုတ်ရွတ်ပြီး အမျှပဲဝေဝေ ဒီစစ်အကြမ်းဖက်အုပ်စုရဲ့အသိဉာဏ်မှာ အာဏာလောဘ မောဟတိမ်သလ္လာတွေဖုံးနေသမျှ ဒီနိုင်ငံကြီးရဲ့မနက်ခင်းတွေဟာ ကြည်လင်လန်းဆန်းလာစရာမရှိပါဘူး။ ဘာသာရေးကို ကိုယ့်နိုင်ငံရေးအလိုလောဘအတွက် စဉ်ဆက်မပြတ်အသုံးချလာတဲ့ ဒီလူ့အဖွဲ့အစည်းရဲ့ ချယ်လှယ်သူတွေဟာ ငရဲနဲ့ နိဗ္ဗာန်လည်း သူတို့အတွက် ဘာမှသိပ်မထူးသလို ဖြစ်လာတယ်။ ဒီဘဝနိဗ္ဗာန်အတွက် သံသရာငရဲကို သူတို့ […]
– သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ဟိုင်ဂင်ဆွေးနွေးပွဲ စကစဘက်ကမတက်လို့ ပျက်သွားတဲ့နောက် တရုတ်က အချိန်ဆိုင်းမနေဘဲ အထူးသံတမန် တိန့်ရှီကျွန်း ရောက်လာပြီး မအလနဲ့ သြဂုတ်လ ၈ ရက်မှာ တွေ့တယ်။ ဆွေးနွေးတာတွေ အဆင်မပြေဘူးဆိုတဲ့ ယေဘုယျသတင်းတွေ ထွက်လာတယ်။ သြဂုတ် ၁၃ ရက်နေ့ရောက်တော့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယီ မြန်မာပြည်လာမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တယ်။ လန်ချန်း-မဲခေါင် ဆွေးနွေးပွဲကို အကြောင်းပြချက်ပေးတယ်။ ‘မခိုင်လုံသော အကြောင်းပြချက်’ လန်ချန်း-မဲခေါင် […]
-၂၀၂၄ သြဂုတ် ၁၅ ကြာသပတေးနေ့ – ■ မနက်ခင်းအတွေး စောစောစီးစီးတိမ်ထူတဲ့နေမို့ မနက်ခင်းနေရောင်က ရဲရဲတင်းတင်း ရောက်မလာနိုင်သေး။ ညကမိုးကြောင့် ဝန်းကျင်တခုလုံးက စိုစွတ်နေသည်။ နေရာသစ်ရဲ့ အစဦးနေ့များပဲဆိုပါစို့။ သိပ်တော့လည်း မထူးဆန်းတော့ပါ။ ဒီလိုပဲ နေရာတွေ တနေရာပြီးတနေရာ ပြောင်းခဲ့ကြရတာပဲမဟုတ်လား။ ကြာတော့ နေရာဟောင်းတွေအပေါ် တွယ်မက်စိတ်ပင် မရှိသလောက်ဖြစ်လာခဲ့သည်။ နေရာဆိုတာ နေထိုင်ဖို့၊ ခိုနားဖို့၊ အလုပ်လုပ်ဖို့ ဒါအတွက်ပဲလေ။ ပိုင်ဆိုင်ဖို့ တွယ်ငြိဖို့ စွဲလန်းနေဖို့မှမဟုတ်ဘဲ။ သို့တိုင် […]
မင်းသွင် သူသည် မန္တလေးဇာတိ မဟုတ်သော်လည်း မန္တလေးသားဟုပင် ပြောရမည်။ မန္တလေး မြို့လယ်ခေါင်တွင် အထက်တန်းကျာင်းတက်ခဲ့ပြီး မန္တလေးဆိုသည် မှာ သူ့အတွက် ထုံးလိုချေ၍ ရေလိုနှောက်နိုင်သည်အထိ ကျွမ်းကျင်နှံ့စပ်သော မြို့ဖြစ်သည်။ ဂေါဝိန်၊ သင်္ဂဇာချောင်း၊ ရန်ကင်းတောင်၊ စက်မှု၊ ကျွဲဆည် ကန်၊ တောင်သမာန်အင်း၊ ရှမ်းလေးကျွန်းအထိ သူမရောက်ဖူးသော နေရာမရှိ။ သို့သော် … စွယ်တော်ဘုရားကြီး အနီးရောက်တိုင်း တစုံတရာကို အလိုမကျသည့်စိတ်က မကြာခန နှိပ်စက်တတ်သည်။ နဝတ/နအဖ […]
-၂၀၂၄ သြဂုတ် ၁၄ ဗုဒ္ဓဟူးနေ့ – ■ မနက်ခင်းအတွေး လွန်ခဲ့တဲ့ ၃ နှစ်ကျော် အချိန်တချိန်တုန်းကတော့ မဟုတ်ပါစေနဲ့၊ တကယ်မဖြစ်ပါစေနဲ့ ဆုတောင်းမျှော်လင့်နေတဲ့ကြားကပဲ ကောင်းကင်ကြီးပြိုကျသလို ကျီးတွေဝုန်းကနဲပြိုကျခဲ့တာ နာနာကျင်ကျင် ကြုံလိုက်ကြရတယ်။ မကောင်းတာဆိုရင်တော့ ဒဲ့ကြီးကို မှန်တော့တာပဲ။ လောကကြီးက မတရားဘူးလို့ ပြောရမလား။ တကယ်တော့ ကောလဟလ ကောလဟလ ဆိုပြီး မှန်ခဲ့တာတွေလည်း ရှိဘူးခဲ့ပါတယ်။ ကောင်းတာကော မကောင်းတာကော၊ မျှော်လင့်တာကော မမျှော်လင့်တာကောပေါ့။ ဘာတခုမှ […]
Copyright © 2025 | thecall-magazine. All Rights Reserved