
ခေါ်သံရဲ့မနက်စာ
မနက်ခင်းအတွေး
-၂၀၂၄ သြဂုတ် ၁၃ အင်္ဂါနေ့ – ■ မနက်ခင်းအတွေး ဗုံးဒဏ်ကြောင့် အရုပ်ကလေးတွေလို ပြိုကျသွားတဲ့ တိုက်မြင့်ကြီးတွေကိုကြည့်ရင်း လူ့အဖြစ်ရဲ့ခိုင်မာမှုဆိုတာ အဆောက်အဦတွေ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ တည်ဆောက်ထားလို့ မရနိုင်ဘူးဆိုတာ သွားမြင်တယ်။ တည်ဆောက်သူဆိုတာရှိသလို ဖျက်ဆီးသူဆိုတာရှိတယ်။ တည်ဆောက်တဲ့အတတ်ပညာတွေတိုးတက်လာသလို ဖျက်ဆီးတဲ့နည်းပညာတွေကလည်း မြင့်မားလာတယ်။ ဒါတွေအားလုံးရဲ့လက်သည်ဟာလည်း လူပဲ။ လူဆိုတာ အရေပြားလေးနဲ့ထုပ်ပိုးထားတဲ့ အသွေးအသားအစိုင်အခဲမျှသာမဟုတ်လား။ အဲဒီအသွေးအသားတွေထဲမှာ နှလုံးသားဆိုတာ ပါလာတယ်။ ဦးနှောက်ဆိုတာ ပါလာတယ်။ နာကျင်မှုနဲ့ သာယာမှုဆိုတာ ပါလာတယ်။ […]