ကဗျာ

ကိုယ်ချစ်ရသူတွေရဲ့ခေါင်း

‘ကိုယ်ချစ်ရသူတွေရဲ့ခေါင်း’ စကယ်ပယ် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ပန်းလှလှလေးပန်ပေးလိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ခြံစည်းရိုးပေါ်တင်ကြည့်လိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို လက်သီးဆုပ်နဲ့ ခပ်ဖွဖွလေးထုလိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို မီးပုံထဲပစ်ထည့်လိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို အမွေးနံ့သာတွေနဲ့ ဖြီးလိမ်းပြင်ဆင်လိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ဘယ်ရောက်နေပြီလဲ မေးကြည့်လိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို အားလုံးမြင်အောင် ကိုင်မြှောက်ပြလိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ဒါဟာပုံမှန်နေ့ရက်လေးတစ်ခုပါပဲလို့ အားပေးစကားပြောလိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို နောက်တစ်ခါ မဖြစ်စေရတော့ဘူးလို့ ကတိတွေပေးလိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ရောင်နီလာတော့မယ်သီချင်းဆိုပြလိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို နိုးလာရင် အားလုံးပြီးသွားမှာပါလို့နှစ်သိမ့်လိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ဓာတ်ဆီတွေ လောင်းချလိုက် […]

အက်ဆေး

အိမ်ပျက်ကြီး

“အိမ်ပျက်ကြီး”နွေဦးစင်​ရော်ခုနှစ်သက္ကရာဇ်တွေကို တိတိကျကျ တွက်ပြောရရင် လွန်ခဲ့တဲ့ ၃၆ နှစ်တုန်းကလိုပေါ့။ အိမ်ပျက်ကြီးထဲမှာ နေထိုင်ကြရသူတွေလို ခံစား​နေရတယ်။ အလုပ်အကိုင်လည်း မည်မည်ရရ မရှိ၊ လူအများစုဟာ စားရမဲ့မဲ့ သောက်ရမဲ့မဲ့အဖြစ်ကို ရင်ဆိုင် ကြုံတွေ့​နေရပြီဖြစ်တယ်။ တစုံတရာ ထွက်ပေါက်ရလိုရငြား မျှော်လင့်ချက်နဲ့ ရေကြည်ရာ မြက်နုရာ ထွက်ကာ ရရာအလုပ်ကို ရှာဖွေကြသူတွေ ရှိလာတယ်။ ထွက်နိုင်တဲ့အခြေအနေ မရှိသူတွေကတော့ အိမ်ပျက်ကြီးထဲမှာပဲ မျှော်လင့်ချက်မဲ့စွာ ပိတ်လှောင် ကျန်ခဲ့တယ်။ ဘာဘက်ဂဒေါင်း ဘာတန်ခိုးဩဇာမှ မရှိသူတွေက […]

သတင်းသုံးသပ်ချက်ဆောင်းပါး

တောင်သမန်နဲ့ အင်းရေမှာ ပျော်ရွှင်သည်

“တောင်သမန်နဲ့ အင်းရေမှာ ပျော်ရွှင်သည်”■ ကျော်ဇောခိုင်– သတင်းသုံးသပ်ချက်ဆောင်းပါး –တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်က ဒီမိုကရက်တွေကို ပြတ်ပြတ်သားသား အနိုင်ရရှိသွားခဲ့တယ်။ ထရမ့်လို သမ္မတသက်တမ်းအတွင်း အယုံအကြည်မရှိအဆို ၂ ကြိမ် တင်သွင်းခံခဲ့ရတဲ့၊ အမှုပေါင်းများစွာ ရင်ဆိုင်နေခဲ့ရသူတယောက် အလွယ်တကူနဲ့ တကျော့ပြန် အနိုင်ပြန်ရသွားခဲ့တာဟာ အမေရိကန်ဒီမိုကရက်တွေရဲ့ ကျဆုံးမှုမျှသာမဟုတ်ဘဲ ဒီမိုကရေစီနဲ့ နှုန်းစံတန်ဖိုးတွေကို ပါးစပ်က ဆီမန်းရွတ်သလို တတွတ်တွတ် ပြောနေတာကလွဲလို့ အကျိုးစီးပွားကိုပဲ အခြေခံတဲ့ ကမ္ဘာ့နိုင်ငံရေးနဲ့ […]

ကဗျာ

ဒီမိုကရေစီတိုင်းပြည်ကလေး

“ဒီမိုကရေစီတိုင်းပြည်ကလေး” မောင်တင်သစ် ကျနော်တို့ဟာ ချစ်ချစ်ခင်ခင် သဘောကွဲလွဲကြမယ် ပြည်သူများရာစုကို ကိုယ့်ဘက်ပါအောင် စည်ရုံးမယ် စစ်တပ်ဟာ စစ်တပ်အလုပ်လုပ်မယ် လက်နက်ကိုင်တွေ ဗိုလ်ကျရင် လက်နက်ကိုင် ဆန့်ကျင်မယ် လူ့ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုးထားမယ် ပျော်ပျော်ရွှင်ရွှင် ဒီမိုကရေစီတိုင်းပြည်ကလေးမှာ နေမယ်။ (၂၀၂၄)