ကဗျာ

ရခဲလှတဲ့လူ့ဘဝ

‘ရခဲလှတဲ့လူ့ဘဝ’ ခွန်းနီ လူ့ဘဝဆိုတာရခဲတယ်ငါ့မြေးရဲ့ အဖွားရဲ့လက်သုံးစကားပဲ… ငယ်ငယ်တုံးကအမြဲနားယဥ်တဲ့စကား အခုရက်ပိုင်းတွေအဖွားကိုသတိရတယ် ဟုတ်ပါတယ်ကျွန်တော်မေ့နေလို့ပါ အဖွားမရှိတော့တာနှစ်ပေါင်းမနည်းတော့ အဖွားအဆုံးအမတွေနားထဲပြန်ပြန်ကြားနေရတယ် လူ့ပြည်ကအပ်တစ်စင်းနဲ့မိုးပေါ်ကအပ်တစ်စင်း ဒီအပ်နှစ်စင်းအပ်ဖျားချင်းထိမှ လူ့ဘဝဆိုတာရတတ်တာတဲ့ အတော်ခက်တဲ့ကိစ္စပဲပေါ့… အခုချိန်မှာအဖွားနဲ့ဒီအကြောင်းဆွေးနွေးချင်တယ် အဖွားစကားကိုငြင်းချက်ထုတ်ချင်တယ် တချို့တချို့များတော့လူ့အသက်တွေ လူ့ဘဝတွေ၊လူ့အိမ်မက်တွေကို ကြက်ကလေး၊ငှက်ကလေးများလို သတ်လိုက်ဖြတ်လိုက်နဲ့အဖွားရေ လွယ်လင့်တကူပါပဲလား…. အဖွားမလွယ်တဲ့ကိစ္စကိုသူတို့ဟာ လွယ်လွယ်လေးနဲ့ဖျတ်စီးနေကြတယ် ကဲ…အဖွားဘာပြောမလဲ… အဖွားရှိရင်လဲဘာမှပြောနိူင်မှာမဟုတ်ဘူး အဖွားတို့ခေတ်ကခေတ်ပျက်ကြီး ငါမြေးတို့ခေတ်ကောင်းကြီးကြုံရတာ ကံသိပ်ကောင်းတယ်ဆိုတဲ့အဖွား အခုများတော့အဖွားတို့ခေတ်ပျက်ကြီးကို ကျွန်တော်အလည်ရောက်နေတယ် အဖွားရှိမလားရှာပါသေးတယ် အဖွားမရှိပေမဲ့အဖွားသိခဲ့သလို ကျွန်တော်သိလာရတယ်…. အဖွားမသိတာတစ်ခုကအဖွားခေါင်းချခဲ့တဲ့ အညာဟာအဖွားကိုညာနေခဲ့တာပဲ ကျွန်တော့်ကိုလဲညာသွားတယ် […]
အယ်ဒီတာစကား

မနေ့က ဘာရှားအယ်အာဆက်ဒ် ဒီနေ့ အကြမ်းဖက် မင်းအောင်လှိုင်

“မနေ့က ဘာရှားအယ်အာဆက်ဒ် ဒီနေ့ အကြမ်းဖက် မင်းအောင်လှိုင်” ■ အယ်ဒီတာ့စကား မနေ့က ဖီလစ်ပိုင်၊ ဒီနေ့ မြန်မာ (Yesterday Philippines, Today Burma.) ဆိုသည့်စာသားကို ၈၈ အရေးတော်ပုံကာလက အဆောက်အဦအမြင့်ကြီးများနှင့် အုတ်တံတိုင်း နံရံများပေါ်တွင် တွေ့ရသည်။ ဖိလစ်ပိုင်တွင် လူထုအုံကြွမှု၊ ဆန့်ကျင်တွန်းလှန်မှုများကြောင့် အာဏာရှင်ဖာဒီနန်မားကို့စ်သည် ၁၉၈၆ ခုနှစ်၌ အာဏာစွန့်လွှတ်ခဲ့ရပြီး မိသားစုလိုက် အမေရိကန်သို့ ထွက်ပြေးခဲ့ရသည်။ မြန်မာနိုင်ငံတွင်လည်း ၈၈၈၈ အရေးတော်ပုံကြီးပေါ်ပေါက်လာပြီး […]
အက်ဆေး

စိတ်၏ ဒဏ်ရာ

“စိတ်၏ ဒဏ်ရာ” မြရဲလွင် (ဝေးလွင့်ငှက်) ဆေးဝါးတွေလည်း ရှားလာတယ်၊ စားနပ်ရိက္ခာတွေလည်း မပေါများတော့ဘူး ဆိုတဲ့သတင်းတွေ ကြားရတယ်။ နောက် မျက်ဝါးထင်ထင် တွေ့မြင်နေရတဲ့ လှုပ်ရှားမှုတွေထဲမှာ အိပ်ရာလိပ်တွေဟာလည်း ဟိုဟိုဒီဒီ ပြေးလွှားလို့ ကုန်စျေးနှုန်းတွေလည်း တအားတက်လာတယ် … ဒု​က္ခသည်တွေလည်း ပေါများလာတယ် … မြေဖြူကိုင်ရင်း ဝေဟင်ကို နားစွင့်နေရတဲ့ နေ့တွေဟာလည်း စိတ်ကို အတော်ကလေး အနှောက်ယှက် ပေးလာနိုင်တယ်။ ညသန်းခေါင်ယံ အိပ်မက်တွေဟာ လေယာဥ်သံမကြားရဖို့ ဆုတောင်းနေရတဲ့ […]
Short Stories

အမဲရိုးရယ်မှ အားမနာ

“အမဲရိုးရယ်မှ အားမနာ” မောင်သုခင် (တမာမြေ) ၁။ “ဘာဟင်းတွေနဲ့ စားကြသတုန်း” ထမင်းစားပြီဆို ဟိုဘက်အိမ်က ဒေါ်ရိုး ရောက်လာပြီ။ အကောင်းလာတာ မဟုတ်ဘူး။ ကျုပ်တို့မိသားစု ဘယ်လို စားသောက်နေလဲ လာစပ်စုတာ။ ဇွန်းသံခွက်သံကြားရင် ကြောင်အိုကြီး ဖိုးညိုလိုပဲ ထမင်းဝိုင်းအနား ရောက်လာပြီ။ “လက်ဘက်သုပ်နဲ့ပါ၊ စားလှည့်ပါဦး” “စားတော့စားချင်သားအေ့ ညည အိပ်မပျော်မှာစိုးသဟဲ့” အမြဲတမ်း ဟင်းကိုကြည့်ပြီး အကြောင်းပြချက်အမျိုးမျိုး ပြတတ်တာလည်း သူ့အကျင့်။ ငါးပိရည်မြင်ရင် သွေးတိုးလို့၊ ကြက်ဥကြော်မြင်ရင် […]
ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

ခင်ဦးဇင် အပိုင်း ( ၈ )

“ခင်ဦးဇင်” ​ရေအေး အပိုင်း ( ၈ ) – – – – – – – – – – – စာရေးဆရာကပြောနေတုန်းမှာပဲ ခင်ဦးဇင်နံဘေးက မြင်ကွင်းတွေက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားတယ်။ ရေစပ် မတိမ်မနက်နေရာမှာ ဆိုက်ထားတဲ့ လှေတစ်စင်း၊ ပြီးတော့ လှေပေါ်ကနေဆင်းလို့ ကမ်းစပ်ဘက်ကို ဦးတည်ပြီး ရေထဲ ယိမ်းယိမ်းထိုးထိုးလျှောက်နေကြတဲ့ လူတန်းကြီး၊ ခင်ဦးဇင်ရဲ့အရှေ့မှာက အထုပ်တစ်ထုပ်ကို […]
Flim Reviews

EISMAYER (2022)

‘EISMAYER (2022)’ ထွင် ရုပ်ရှင်ကလေးကတော့ ရိုးရိုးလေးပါပဲကွယ်။ ရိုးရိုးကလေးပေမယ့် ပြောချင်တာလေးတွေ ပေါ်လာလို့ ကိုယ် ဒီစာလေး ရေးမိတယ်။ ရုပ်ရှင်လေးက ဂေးအချစ် ရုပ်ရှင်ကလေး။ ဖြစ်ရပ်မှန်ကလေးကို ရိုက်ထားတာ။ သြစတေးလျ စစ်တပ်ထဲက ဂေးစစ်သားနှစ်ယောက်ရဲ့ အဖြစ်ကလေးမို့ စစ်ကားကလေးပေါ့။ စစ်ကားလေးဆိုပေမယ့် စစ်ပွဲတွေတော့ မပါဘူးရယ်။ ရုပ်ရှင်အမည်ဖြစ်တဲ့ EISMAYER ဆိုတာ ရုပ်ရှင်ထဲက ဇာတ်ကောင်ဖြစ်တဲ့ ချာလီ အက်စ်မေယာရဲ့ နာမည်ပေါ့။ ရုပ်ရှင်ထဲက ဂေးနှစ်ယောက်ဆိုတာ ချာလီ […]
Short Stories

မရယ်ရသော ပြက်လုံး

“မရယ်ရသော ပြက်လုံး” ဖျားသွေး ဆရာပြား ကျေးဇူးကြောင့် ခုတော့ ဖုန်းကိုင်ရပြီ။ သူလည်း ဝယ်လာတာတော့ မဟုတ်။ တနေ့ညက အခန်းကို ပြန်လာတုန်း လမ်းမှာ ကောက်ရခဲ့တာ။ ပိုင်ရှင်လိုက်လာမှာစိုးလို့ SIM Card ဖြုတ်ထားတယ်၊ ကိုယ့်ဖာသာ ထည့်သုံး ဟု ပြောသည်။ သူ့မှာက ဟန်းဆက်သုံးလုံးရှိတာမို့ မင်းကိုပေးတာဆိုပြီး ပေးသွားသည်။ သူ့လက်ထဲရောက်လာသည့် စမတ်ဖုန်းကလေးက စမတ်ဖုန်း ဆိုသည်မျှသာ။ မှန်ပြင်သည် ပွတ်၍ရသေးသော်လည်း မှန်ကာတခုလုံးက ပင့်ကူအိမ်လို […]
အက်ဆေး

အမေတမ်းချင်း

“အမေတမ်းချင်း” မြရဲလွင် (ဝေးလွင့်ငှက်) သမီးနဲ့ဇနီး လက်ကိုဆွဲပြီး အမေ့အိမ်တခါးကို ကျနော်ပြန်ခေါက်ခွင့် ရတဲ့အခါ အမေဟာ အပြုံးတွေနဲ့ ဆီးကြိုမယ်… အမေရဲ့ အကျွမ်းကျင်ဆုံးဟင်းလျာဖြစ်တဲ့ ငပိချက်စပ်စပ်ကို ကျနော့်ရဲ့ ညာလက်ငါးချောင်းနဲ့ အားပါးတရ ထိုင်စားနေတဲ့အခါ အမေဟာ ကျနော့်ကို ပြုံးပြုံးကြီးကြည့်ရင်း စကားတွေ ဖောင်ဖွဲ့နေလိမ့်မယ်။ အတုယောင်မရှိတဲ့ အမေ့ရဲ့မေတ္တာနဲ့ ဟန်ဆောင်မှုကင်းစွာ ကျနော့်ရဲ့ပါးကို အမေနမ်းမယ်၊ နောက် ကျနော့်သမီးကိုအမေနမ်းမယ်။ အမေ့ရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်စတွေ ကျနော်တွေ့ရမယ်။ အဲ့ဒီအချိန်ဆို အမေ့လက်တွေဟာ […]
ကဗျာ

မှန်ကန်စွာရူးသွပ်ခြင်း

‘မှန်ကန်စွာရူးသွပ်ခြင်း’ ခွန်းနီ ညကတဖြေးဖြေးနက်လာပြီ ညဆိုတာအိပ်စက်ရကောင်းမှန်းသိလေ ငါ့မှာမျက်လုံးတွေမှိတ်ပစ်ဖို့ကြောက်လေပဲ။ ညရဲ့အမှောင်ထုမှာငါ့ကိုငါရှာကြည့်တယ် ဖြစ်တည်မှုဟာအသည်းအသန်ပျောက်ရှသွားခဲ့ပေါ့။ ငါ့နံရိုးတွေကိုစမ်းကြည့်မိသေးတယ်မာရီနာ မင်းမဟုတ်တဲ့တစ်စုံတစ်ယောက်ကများငါ့နံရိုးကို လိမ်လည်လှည့်ဖျားပြီးယူသွားသလားပေါ့…။ တကယ်တော့ဘာမှမယူသွားကြသလို ငါ့မှာလဲဘာမှမရှိတော့ပါဘူး…။ ဟနေတဲ့မေးရိုးထဲလက်နှိုက်ရှာကြည့်မိတော့ မျှတလွတ်လပ်တဲ့အငွေ့အသက်ဆိုတာ စိုးစင်းမျှမထိတွေ့၊မခံစားရတဲ့ညတွေပါမာရီနာ။ အိပ်မပျော်တဲ့ညတွေမှာလန့်လန့်နိုးရတာလဲပြဿနာ အားလုံးကိုစိတ်ချဖို့တဖွဖွပြောနေပေမဲ့လက်တွေ့မှာ စိတ်ချလက်ချအိပ်ပျော်ဖို့တောင်လေးလံလွန်းနေတယ် ကြာရင်ရူးမှာပါတဲ့…မခက်ပေဘူးလားမာရီနာ။ လူသိရှင်ကြားရူးတာနဲ့လူမသိသူမသိတိတ်တဆိတ် ရူးနှမ်းတာမျိုးကကြားထဲမှာအလွှာပါးပါးလေးတစ်ချပ် ပဲခြားထားတယ်မာရီနာ…။ ရူးသွပ်ပုံရူးသွပ်နည်းတွေမှာဒဏ်ရာကိုယ်စီနဲ့ ဒါပေမဲ့တစ်ချို့ဒဏ်ရာတွေကလှတယ်မာရီနာ။ တချို့ဒဏ်ရာတွေဟာတောင်ပေါ်မှာ၊တချို့ကပင်လယ်နားမှာ၊တချို့ကမြေပြန့်မှာအသီးသီးပြန့်ကျဲနေတယ်။ ဒီကာလမှာတော့လူငယ်များစွာဟာစစ်မက်ကိုရူးကြပြီ တော်လှန်ခရီးကိုရှေ့ဆုံးကသွားမယ်ထအော်တဲ့ရဲဘော် လေး…အသံတွေတောင်ပြာလို့…။ အရှိတရားတစ်ခုမှာတော့ခြေထောက်တဖက်ကမရှိတော့ဘူး၊တစ်သက်လုံးထိုင်နေဖို့ကိုငြင်းဆန်နေတဲ့ခြေ နှစ်ဖက်လုံးစွန့်ခဲ့တဲ့ရဲဘော်လေးတွေလဲရှိတယ်မာရီနာ။ ကိုယ့်အိမ်မက်ကိုနှောင်တချိန်မှာဖမ်းဆုပ်ထားဖို့ အများနည်းတူလက်နှစ်ဖက်နဲ့မဟုတ်ပဲတစ်ဖက်တည်းနဲ့မြဲအောင်လေ့ကျင့်နေတဲ့ရဲဘော်တချို့၊လောကအလင်းကိုတစ်သက်လုံးမမြင်နိူင်တော့မဲ့အမှောင်ထဲ မှာမနေလိုသူရဲဘော်လေးတွေအများကြီးဆိုမှအများကြီးပဲမာရီနာရေ…။ ယုံကြည်ရာအတွက်ရူးမိုက်ပုံများ အရိုးထဲထိခိုက်ကြတဲ့လူငယ်တွေ….။ […]
သတင်းသုံးသပ်ချက်ဆောင်းပါး

နှစ်သစ်အကြို၊ စစ်ပွဲများနဲ့ ဆွေးနွေးပွဲများ

“နှစ်သစ်အကြို၊ စစ်ပွဲများနဲ့ ဆွေးနွေးပွဲများ” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ရခိုင်မှာ မောင်းတော နခခ (၅) ကျအပြီး တပတ်အတွင်း အမ်း (နပခ) ကျပြီလို့ အသံတချို့ ထွက်လာတယ်။ ဒါပေမယ့် တောင်ကုတ် စကခ-၅ ကို ဒီဇင်ဘာ ၁၄ ရက်နေ့က အပြီးသိမ်းပိုက်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ခဲ့သလို အမ်းသတင်းကို အတည်ပြုပေးတာမျိုးတော့ မတွေ့ရသေး။ ‘ဂွနဲ့ ငါးသိုင်းချောင်း’ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ […]