သတင်းသုံးသပ်ချက်ဆောင်းပါး

၂၀၂၅ ကလင်ဒါ

“၂၀၂၅ ကလင်ဒါ” ■ ကျော်ဇောခိုင် – သတင်းသုံးသပ်ချက်ဆောင်းပါး – ပြီးခဲ့တဲ့လတွေထဲက တလကျနိုး နောက်တလကျနိုးနဲ့ စောင့်မျှော်နေခဲ့ရတဲ့ မောင်းတော နခခ (၅) ဟာ ဒီဇင်ဘာ ၈ ရက်မှာ အေအေလက်အောက် ကျရောက်ခဲ့တယ်။ ‘အမ်း၊ တောင်ကုတ် နဲ့ ဂွ’ စကခ (၁၅) စစ်ဆင်ရေးတပ်မှူးချုပ် ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ အရာရှိအဆင့်တွေနဲ့ စစ်သားရာနဲ့ချီ ဖမ်းဆီးရမိပြီး မောင်းတောတိုက်ပွဲအတွင်း စစ်တပ်ဘက်က စစ်သား ၄၅၀ […]
Short Stories

စစ်ပွဲ = စစ် + ပွဲ

“စစ်ပွဲ = စစ် + ပွဲ” မောင်မူ ၁။ စစ်ပွဲအကြောင်း ဝတ္ထုရေးဖို့ ဆုံးဖြတ်ပြီးတဲ့နောက် စာရေးဆရာက စစ်ပွဲကနေပြန်လာတဲ့ ရဲဘော်တယောက်ဆီကို ရောက်သွားတယ်။ အသားညိုညို ပိန်ပိန်ပါးပါးနဲ့ ရဲဘော်လေး၊ သူ့မျက်လုံးတွေက ခပ်ပြူးပြူးကိုမှ အပြုံးအရယ်မရှိတဲ့ မျက်နှာနဲ့။ မကြိုဆိုတဲ့ ခံစားချက်လို့ ပြောရမလား။ စာရေးဆရာက သူ စစ်ပွဲအကြောင်း ဝတ္ထုရေးဖို့အတွက် မေးမြန်းချင်တာလေးတွေရှိလို့ လာခဲ့တာပါဆိုတော့ “ကောင်းတာရယ်လို့ မရှိပါဘူး” တဲ့၊ တုံးတိတိအသံနဲ့ ဖြေတယ်။ […]
ဆောင်းပါး

လေယာဉ်ထရော်မာ

“လေယာဉ်ထရော်မာ” ကူးပါး အဲ့ဒိနေ့ ညနေပိုင်းက အရက်ဘူးလေးထောင်ပြီး ပြောင်သားခြောက်ကြော်နဲ့ မြည်းဖို့လုပ်နေတဲ့အချိန်ပေါ့။ တော်လှန် ရေး အစပိုင်းကာလ တောထဲရောက်ခါစ။ အတူနေ တော်လှန်ရေး ရဲဘော်ရဲဘက်နှစ်ယောက်နဲ့ အေးအေးလူလူ တခွက်စီလောက် သောက်ပြီးချိန် ညနေက အမှောင်ဘက်ကူးလာလို့ ဖယောင်းတိုင်မီးတတိုင် ထွန်းပြီးစ။ အရှေ့တောင်အရပ်ဘက်ကနေ အသံတခု စကြားလိုက်ရတယ်။ ကြားနေကျ အသံမျိုးမဟုတ်။ စက္ကန့်ပိုင်းအတွင်း တိုးရာကနေ ကျယ်ကျယ်လာတယ်။ သုံးယောက်သား အချင်းချင်းကြည့်ပြီး ခနကြောင်သွားကြတယ်။ အသံတော်တော်ကျယ်ပြီး နီးလာတဲ့အချိန်မှာ ကျနော်ကစ […]
အက်ဆေး

ပန်းချီကား

“ပန်းချီကား” ခခ မင်းကို အိပ်မက် ထပ်မက်ပြန်တယ်။ ကိုယ်က အိပ်မက်တွေနဲ့ လုံးချည်လည်လိုက်နေသူ ဆိုတာကိုတော့ မင်းသိတယ်မဟုတ်လား။ အိပ်မက်ထဲမှာ ကိုယ် က အိမ်ကို သိပ်လွမ်းနေတယ်။ အိမ်ကိုပြန်ချင်နေတယ်။ အိမ်ကနေ ထွက်လာခဲ့ရတဲ့ နေ့ရက်တွေကို လက်ချိုးရေတွက်ရင်း ဒီအချိန်ဆို အမေ ဘုရားဝတ်ပြုနေမလား၊ အဖေရော ကျန်းမာပါ့မလားနဲ့ မျှော်တွေးနေရတာ သိပ်ပင်ပန်း‌နေ တဲ့အချိန်မှာ မင်းဆီကနေ မက်ဆေ့ဝင်လာတယ် တဲ့။ မက်ဆေ့အသံကြားတာနဲ့ အဲဒါ မင်းပဲဆိုတာ ချက်ချင်းနားလည်လိုက်တာက […]
ကဗျာ

တရေးနိုးသူရဲ့တွန်သံ

‘တရေးနိုးသူရဲ့တွန်သံ’ မြတ်မင်းအိမ် ချဥ်ပေါင်ရွက်အကြောင်း မပြောနဲ့ မုန်လာဥအကြောင်း မပြောနဲ့ အာလူးစားသူများဆိုတာ ကန်စွန်းဥစားသူများနောက်မှ ဖြစ်ပေါ်လာတာ။ ဂွါရာနီးကား ပန်းချီကားကိုကြည့်ပြီး ရှမ်းမြောက်က ကလေးက ခါးထောက်ပြီးရယ်တယ်။ မွန့်ချ်ရဲ့အော်သံဟာ နမ့်ခမ်းလောက်ညံလို့လား အဖိုးမဖြတ်နိုင်အောင် တန်ရဲ့လား။ ရေခဲမုန့်ကိုသိပြီး ရေခဲမုန့်မရှိတဲ့အရပ်မှာ ဗုံးသီးတွေပဲ ဘဝထဲ ကြွေကြွေကျတယ်။ ကမ္ဘာကြီးကြားအောင် ဘယ်ကီးနဲ့အော်ရမှန်းမသိတဲ့ သူတို့ခမျာ လောင်စာကို ဆာလောင်နေကြရပေါ့။ ကကြီးခခွေး ကျက်မယ် တစ်နှစ်သုံးလေး တွက်မယ် ပြီးရင်တော့ တရုတ်ပြည်တက်မယ်ပေါ့ ဒီအရပ်မှာ။ […]
အက်ဆေး

ဗုံးကြဲခံနေရတဲ့မြို့က မိန်းမ

‘ဗုံးကြဲခံနေရတဲ့မြို့က မိန်းမ’ ဆောလျန် ဇာတိမြို့ ဗုံးကြဲခံနေရတဲ့ အချိန်တုန်းက အဲဒီမိန်းမက အိပ်ပျော်နေခဲ့တာ။ အိပ်ပျော်နေတယ်ဆိုပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်တော့ ဘယ်ဟုတ်လိမ့်မလဲ။ အိမ်ကနေ အသက်လု ထွက်ပြေးရပြီးကတည်းက နောက်က ကပ်ပါလာတဲ့ ဆင်တူယိုးမှား ခြောက်အိပ်မက်တွေထဲမှာ တဝဲလည်လည် နစ်မြုပ်ရင်း အိပ်တဝက် နိုးတဝက် ဖြစ်ရလေ့ရှိတဲ့ ညများစွာထဲက တညပဲကိုး။ ဇာတိမြို့ ဗုံးကြဲခံနေရတဲ့အချိန်မှာ အဲဒီမိန်းမက ထုံးစံအတိုင်း ‘နင့်နောက်က သူတို့လိုက်လာပြီ’ ဆိုတဲ့ အိပ်မက်ထဲက အသံတခုကိုကြားပြီး လွတ်ရာလွတ်ကြောင်း […]
ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

“ခင်ဦးဇင်” အပိုင်း ( ၆ )

“ခင်ဦးဇင်” ​ရေအေး အပိုင်း ( ၆ ) – – – – – – – – – – – မနေ့ကအတိုင်းပဲ၊ နင် စာမရေးခင် အချက်အလက်တွေ တစ်ချက်ပြန်ကြည့်ရမယ်၊ ဒီတစ်ခါတော့ အွန်လိုင်းကနေယူပြီး ဖုန်းထဲသိမ်းထားတဲ့ စာတွေပဲ ကြည့်ပေါ့။ စာရေးဆရာရဲ့စကားနဲ့အတူ ခင်ဦးဇင်ရဲ့လက်ထဲကို ဖုန်းတစ်လုံး ဖျတ်ခနဲရောက်လာတယ်။ ပြီးတော့ ဖုန်းမျက်နှာပြင်မှာက စာရေးဆရာပြချင်တဲ့မှတ်စုတွေ။ ကွင်းပြင်ထဲ […]
Flim Reviews

နတ်သမီးဖွက်တဲ့အိပ်မက်

“နတ်သမီးဖွက်တဲ့အိပ်မက်” ညီလင်းအိမ် ကားကလေးနဲ့ အပြင်ကိုထွက်တော့ မိုးဖွဲတွေ စကျလာပြီ။ ထိုင်း-မလေး နယ်စပ်မှာရှိတဲ့ ဘန့်ဘလူးရဲ့ ရာသီဥတုက ဒီအတိုင်းပဲ။ တအားကြီး ပူတယ်လို့လည်းမရှိ။ အေးတယ်လို့လည်းမရှိ။ နည်းနည်းပူလာရင် မိုးတွေ ဝေါခနဲ ရွာချပေးတာမျိုး။ ဒီနယ်မြေကိုစောင့်တဲ့ နတ်ဘုရားဘာညာတွေက နယ်သူနယ်သားတွေအပေါ် မေတ္တာ ကရုဏာ အားကြီးလွန်းလို့လား မဆိုနိုင်။ ကားပေါ်မှာ ကျနော်နဲ့ ကျနော့်မိတ်ဆွေရယ်၊ အခြား အလည်လိုက်ချင်ကြတဲ့ ကောင်မလေး လေးငါးယောက်ရောနဲ့ အမိုးဖွင့် ဟိုင်းလပ်စ်ကားလေးပေါ်မှာ လူတွေ […]
အက်ဆေး

အမှောင်ဘက်ခြမ်းသို့ လက်ကမ်းဝံ့သူများ

“အမှောင်ဘက်ခြမ်းသို့ လက်ကမ်းဝံ့သူများ” မြရဲလွင် (ဝေးလွင့်ငှက်) အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ … အမှားကို အမှားလို့ သိခွင့်မရနိုင်မည့် ပညာရေးစနစ်က ကြီးထွားလာမည့် လူငယ်လေးတွေဟာ နိုင်ငံအတွက် ဘယ်လောက်ထိ အကျိုးပြုနိုင်မှာလဲ … ချည့်နဲ့လို့ အားမရှိတော့တဲ့ အမိနိုင်ငံတော်ကြီးအတွက် စစ်မှန်တဲ့ ပညာရေး […]
ဆောင်းပါး

ပြည်သူတဦး၏ တော်လှန်အသိ၊ တော်လှန်သတိ

“ပြည်သူတဦး၏ တော်လှန်အသိ၊ တော်လှန်သတိ” မြကေခိုင် ရန်သူဟာ ရန်သူပီသစွာပဲ အပြစ်မဲ့ ပြည်သူတွေရဲ့အသက်ကို အသားစိမ်း၊ ငါးစိမ်းကို ခုတ်ထစ်သလို အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ် သတ်ပစ်နေတဲ့အချိန်မှာ ကျနော်တို့ ပြည်သူတွေဟာဆိုရင်လည်း အရင်ကထက်ပိုတဲ့ တော်လှန်အသိ၊ တော်လှန်သတိရှိကြဖို့ လိုပါတယ်။ အာဏာသိမ်းပြီးနောက် (၁. ၂. ၂၀၂၁ မှ ၂၄. ၁၀. ၂၀၂၄) အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသော အရပ်သားပြည်သူပေါင်း ၆,၀၀၀ + […]