
ကဗျာ
ဆောင်းဦးကဗျာ
‘ဆောင်းဦးကဗျာ’ ခွန်းနီ ဝေးသွားခဲ့တဲ့အတိတ်တွေကို နီးနီးကပ်ကပ်ပြန်မြင်ကြည့်တဲ့အခါ စိတ်ဟာအလိုမကျမှုတွေအပြည့်နဲ့ ဘာမှမရှိတော့တဲ့စိတ်လွင်ပြင်ကျယ်ကြီးထဲ ပန်းတွေစိုက်ချင်စိတ်ဟာဒီနေ့အထိမေ့မရခဲ့… ပြန်မလာနိူင်တော့မဲ့ကြယ်တွေရဲ့အကြောင်းကို ပြန်မရနိူင်တော့တဲ့အတိတ်တွေဆီခနအပ်ထားပါရစေ အလိုရှိတဲ့အခါတိုင်းတူးဆွခွင့်တော့ပေးပေါ့… မမေ့နိူင်ခဲ့တဲ့အရာတွေထဲယုံကြည်လေးမြတ်ရာ ဘုရားရှင်ရဲ့အဆုံးအမတစ်ခုမှမပါခဲ့တာဝမ်းနည်းစရာ ဘယ်လိုခြုံခြုံ လုံပါတယ်ဆိုတဲ့စိတ်အနွေးထည်လေး တိုးတိုးတိတ်တိတ်ပျောက်ရှခဲ့တာ သုံးနှစ်သုံးမိုးမကတော့ပြီပဲ…. အချစ်မရှိတဲ့ကမ္ဘာထက်စစ်မဖြစ်တဲ့ကမ္ဘာကို ပိုအလိုရှိကြောင်းတစ်ဦးတည်းဆန္ဒပြရင်း စစ်ပွဲအလယ်ကိုငါရောက်ခဲ့တယ်… အထိုထိုသောစစ်ပွဲတွေကြားထဲဝယ် ပန်းတွေစိုက်ချင်တဲ့စစ်သားလေးတွေရှိရော့မယ် ဘာပန်းတွေစိုက်ချင်နေပါလိမ့်….. ကြယ်ပန်းတွေလား….ဘာမှမရေမရာနဲ့ပါ အဲ့လိုမရေရာခြင်းတွေကြောင့်ပဲတစ်စုံတစ်ယောက်ရဲ့ ကွန်မြူနစ်ကလေးတစ်ယောက်ငါဖြစ်ခဲ့ရတယ်…. ငါချစ်ခဲ့ပါတယ် ဒီနေ့ဒီအချိန်ထိ…. သွားတော့မယ်ပြောပြီး ဘယ်မှမရောက်ခဲ့တဲ့ ကတုတ်ကျင်းထဲကငါရဲ့စိတ်နဲ့ငါရဲ့ခံစားမှုတွေ… ပြောပြရင်အကြောင်းအရာတွေဆိုပေမဲ့ ငါ့အတွက်တော့အရာရာဟာကဗျာတွေဖြစ်ခဲ့ရ…. ဘုရားမေ့တရားမေ့လို့တော့မပြောပါနဲ့ တရားသိလို့ပဲအမှားရှိတဲ့နေရာကလာခဲ့တာ ဘယ်ကမ္ဘာပဲရောက်ရောက် […]