အယ်ဒီတာစကား

ပေါင်းစုတိုက်ပွဲ ဆင်နွှဲကြလော့

“ပေါင်းစုတိုက်ပွဲ ဆင်နွှဲကြလော့” အယ်ဒီတာ့စကား ခူးပါနဲ့ကွယ်၊ ပွင့်ဖူးမှာအဝါခြယ်၍ မာလာအလယ်မှာနွှဲချင်တဲ့နှလုံးရယ်ကြောင့် နှစ်ဆုံးအကုန် အတာဝင်သို့ မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့ အရေးအခါသာမှ ခမျာမှာတဂုဏ်ဆန်းရတယ် ပန်းပိတောက်များ။ ။ အမျိုးသားစာဆိုတော် ဆရာဇော်ဂျီ၏ ပိတောက်ပန်း ဟူသော ခေတ်ဆန်းကဗျာဖြစ်သည်။ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်အတာကူးတော့မည့်အခါသမယတွင် ပိတောက်ပန်းတို့ လန်းတင့် ဖူးပွင့်လာကြသည်။ ပိတောက်သည် နွေ၏အဆောင်အယောင်ဖြစ်သည်။ နွေ၏ဇာတ်ကောင်ဖြစ်သည်။ သို့ဖြစ်ရာ သူ့အလှသူ့အစွမ်းကို အားကုန်ပြု၍ သင်္ကြန်အတာကိုတော့ သူကြိုပေလိမ့်မည်။ ပိတောက်ပန်းနှင့် ပိတောက်ရနံ့တို့သည် လောကဓမ္မ၏လက်ဆောင်၊ […]

ကဗျာ

ကျတ်ယောင်ဆောင်သူများ

‘ကျတ်ယောင်ဆောင်သူများ’ နေစူး ထမင်းအိုးပါသလား ဟင်းအိုးပါသလား အဝတ်ထုပ်ပါသလား စောင်၊ ခြင်ထောင်၊ ခေါင်းအုံးပါသလား။ လူအိုပါသလား ကလေးငယ်ပါသလား မိန်းမသားပါသလား လူငယ်လူရွယ်ပါသလား နွားငယ်နဲ့ ခွေးညိုလိုက်ရဲ့လား။ ချောင်းအစပ်ရောက်ပြီလား တို့လယ်ကွင်း ဟုတ်ရဲ့လား ထန်းရွက်ကာ ထန်းရွက်မိုး တို့တဲမျိုး တူရဲ့လား လယ်နားနီး တဲနီးချင်းဆီက ကလေးသံကြားရဲ့လား။

ဆောင်းပါး

ငါတို့က လူတွေလေ

“ငါတို့က လူတွေလေ” Simon လွန်ခဲ့တဲ့တပတ်က ကျနော့်ညီမက အိမ်မှာ သူ့သူငယ်ချင်းတွေနဲ့ အကင်လုပ်စားချင်လို့ အသားနှပ်တဲ့နည်းလေးပေးပါဆိုပြီး တချိန်က စားဖိုမှူးဖြစ်တဲ့ ကျနော့်ကို လှမ်းမေးတယ်။ ကျနော်ကလည်း အလုပ်လေးရှုပ်နေတော့ ငါအလုပ်ပြီးရင် အသားနှပ်နည်း ပို့ပေးလိုက်မယ်လို့ စာပြန်လိုက်တယ်။ ဒီလိုနဲ့ အလုပ်အားလို့ အငယ်မအတွက် အသားနှပ်နည်း ရေးပေးမယ်ဆိုပြီး ရေးမယ်ကြံတော့မှ ခေါင်းထဲမှာ ဘာမှပေါ်မလာဘဲ ၁၀ မိနစ်လောက် စဥ်းစားလိုက်ရတယ်။ တကယ်ဆို မီးဖိုချောင်ဘဝမှာ စားဖိုမှူးအဖြစ်နဲ့ ဆယ်စုနှစ်လောက် လုပ်လာခဲ့တဲ့ […]

Short Stories

“ကြားနေမရှိ”သလို ပြည်မက အမှောင်ညများ လွန်ပါစေ

“ကြားနေမရှိ”သလို ပြည်မက အမှောင်ညများ လွန်ပါစေ မြရဲလွင် (ဝေးလွင့်ငှက်) ပြာသိုလပြည့်ကျော် တရက်နေ့၊ ရှမ်းမြောက်ကိုရောက်နေတဲ့ CDM ကျောင်း ဆရာတဦးဟာ လရောင်အောက်က နှင်းမြူတို့ကို ခေါင်းတိုးပြီး ကျနော်ရှိရာ အခန်းဆီ ခေါင်းငိုက်စိုက်ချလျက် ဦးတည်ကာ လာနေခဲ့၏။ ထိုသူ၏ ချောင်းဟန့်သံမှာ ပုံမှန်မဟုတ်၊ အဆုပ်ကို အအေးမိထားသည့်ဟန်ရှိသည်။ သူ၏ချောင်းဆိုးသံကို ကျနော် သတိထားမိနေသည်မှာလည်း ကြာခဲ့ပြီ။ ကျနော်နေသော အခန်းသို့မရောက်မီ သုံးကြိမ်ထက်မနည်း ချောင်းဟန့်လာခဲ့သည်ကို ကြားမိသည်။ အလင်းရောင် […]

ဆောင်းပါး

မန္တလေးမြို့ဟာ ပျက်စီးခဲ့ပြီလား

“မန္တလေးမြို့ဟာ ပျက်စီးခဲ့ပြီလား” ရွယ်မိုး မန္တလေးက မြို့ပျက်တာတင်မဟုတ်၊ လူမှုအဖွဲ့အစည်းရဲ့ယဥ်ကျေးမှုစံနှုန်းတွေ၊ ရိုးရာဓလေ့ထုံးတမ်းနဲ့ အစဥ်အလာတန်ဖိုးတွေရော ပျက်စီးလုမတတ် ဖြစ်သွားတာလို့ အသိတယောက်က ပြောတယ်။ ကျနော်ကလည်း အဲဒီလို မြင်ထားပါတယ်။ ကိုယ့်ဇာတိချက်ကြွေမြို့ ဆိုပေမယ့် အပျက်အစီးတွေ များတာကြောင့် ဓာတ်ပုံတပုံများ မြင်ရရင် ဒါက ဘယ်နေရာလဲလို့ကို မမှတ်မိနိုင်လောက်အောင်ပါပဲ၊ ဒါပေမယ့် သည့်ထက် ပို စိတ်ထိခိုက်စရာတွေ ရှိပါတယ်။ ဒီနေ့ဆို မန္တလေးမြို့ရဲ့ ရပ်ကွက်တခုမှာ အလှူပစ္စည်းနဲ့ပတ်သက်ပြီး လုကြ ယက်ကြ […]

Short Stories

မမျှော်သာသည်

“မမျှော်သာသည်” (ဇာတ်သိမ်း) ညိုသူ “ဟော ၉ နာရီတောင်ခွဲတော့မယ်၊ ပြန်ကြမယ်လေ၊ အဆောင်ပိတ်ချိန်အမှီပြန်မီကောင်းမယ်” နေလင်းက နာရီကိုကြည့်ရင်း ပြောလိုက်၏။ ထိုအခါ ပန်း၀တ်မှုန်က “ဒါဆိုလည်း ပြန်ကြတာပေါ့၊ ချစ်လေး ၀င့်ဝါတို့နဲ့ပဲ ပြန်လိုက်မယ်မောင်၊ မောင်လိုက်ပို့မနေနဲ့တော့” ဟုပြော၏။ ပြီးနောက် “ကိုညိုကြီးရေ ကျွန်မတို့ဝိုင်းရှင်းမယ်” ဟုဆိုကာ ကျသင့်ငွေအားပေးချေပြီး အဆောင်ရှိရာသို့ ပြန်ခဲ့ကြ၏။ ထိုနေ့ ညနေစကားဝိုင်းတွင် သာမန်အရေးကိစ္စတခုသာဖြစ်သော ဝူဟန်ဗိုင်းရပ်စ်ကိစ္စသည် နေ့ချင်းညချင်းပင် ကမ္ဘာ့အရေးအခင်းကြီးတခု ဖြစ်လာခဲ့သည်။၂၀၁၉ ခုနှစ်တွင် […]

Flim Reviews

The Reader (2008)

“The Reader (2008)” ထွင် ဒီရုပ်ရှင်ကြည့်ပြီးတော့ ဘယ်က စ, ပြောရမယ်ဆိုတာ အတော့်ကို စဥ်းစားယူရတယ်။ ကိုယ့်ဘဝမှာ ဝတ္ထုတပုဒ်ရေးဖို့ ကုန်ကြမ်းက ရှိနေပေမယ့် ပိုင်ပိုင်နိုင်နိုင် ချရေးဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင် ကုန်ကြမ်းမပြည့်စုံသေးလို့လို့ ယူဆပြီး မရေးဘဲ ပစ်ထားလိုက်တယ်။ နောက် ကြုံလာမယ့် အဖြစ်အပျက် တွေက အဲဒီဝတ္ထုရေးဖို့ ကုန်ကြမ်း ပြည့်စုံသွားစေနိုင်တယ်။ ဒီတော့ ကိုယ်လည်း ဒီရုပ်ရှင်ကြည့်ပြီး ဘယ်က စပြောရမယ်မသိ ဖြစ်နေတော့ […]

Short Stories

မမျှော်သာသည်

“မမျှော်သာသည်” ညိုသူ တီတီ… တီတီ… တီတီ… နာရီနှိုးစက်သံကြောင့် ‌နေလင်း အိပ်ရာမှ နိုးလာသည်။ စနေနေ့ ကျောင်းပိတ်ရက်ဖြစ်သော်လည်း နေလင်းသည် အိပ်ရာစောစော ထလိုသဖြင့် ယမန်နေ့ညကတည်းကပင် နာရီနှိုးစက်ကို နံနက်၅နာရီခွဲတွင် အသံမြည်စေရန် အချက်ပေးသံ ဖွင့်ထားခဲ့ခြင်းဖြစ်သည်။ သာမန်‌စနေနေ့များတွင် နေလင်းသည် နံနက် ၁၀ နာရီ ကျော်မှ အိပ်ရာမှထလေ့ရှိသည်။ ယနေ့တွင်မူ နေလင်းစောစောထရပေမည်။ သူ၏ချစ်သူ ပန်း၀တ်မှုန်၏ မွေးနေ့ဖြစ်သောကြောင့်ဖြစ်၏။ သူမ​၏မွေးနေ့တွင် သူတို့ ချစ်သူနှစ်ဦး […]

ဆောင်းပါး

အလှူအိမ်လား

‘အလှူအိမ်လား’ ရီဗော်တီ သူ့နာမည်က ဒေါ်လုံးတဲ့။ ကျနော်တို့က အမေကြီးလုံးလို့ခေါ်တယ်။ အမေ့ညီမတဦးပေါ့။ အမေကြီးလုံး သင်ပေးထားတဲ့ စည်းကမ်းတခုရှိတယ်။ သင်ပေးထားတယ်ဆိုပေမယ့် ဒါက ဒီလို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရဆိုပြီး နှုတ်တိုက်သင်ပေးတာမျိုးတော့ မဟုတ်ဘူးဗျ။ စကားပြောရင်း ချီးမွမ်းရင်းနဲ့ အမေကြီးလုံးပြောတဲ့စကားကို အတည်ဖြစ်အောင် လိုက်နာကျင့်သုံးရင်းက ဖြစ်တည်ခဲ့တဲ့ စည်းကမ်းလေးတခု အကျင့်လေးတခု ဆိုပါတော့။ အဲဒါက ဘာလဲဆိုရင် ထမင်းဝိုင်းမှာ ဟင်းစားတဲ့အခါ အလိုလောဘမကြီးဘဲ စည်းနဲ့ကမ်းနဲ့ စားတတ်စေတာပါပဲ။ အဲဒီစည်းကမ်းလေး ဘယ်ကနေ […]

Real Life Stories

ဖြစ်ပုံ ကိုယ်တွေ့တခု

“ဖြစ်ပုံ ကိုယ်တွေ့တခု” ထွင် ကျွန်ုပ်သည် တော်လှန်စားဖိုမှူးဖြစ်သော်လည်း မိဘအိမ်တွင် အလုပ်များ မနိုင်မနင်း ဖြစ်နေသည့်အခါ ပကဖခေါင်းဆောင်အား ခွင့်တောင်းပြီး မိဘအလုပ် ကို ဝင်ရောက် ကူညီ လုပ်ကိုင်ပေးရပါသည်။ မိဘများက တောင်သူလုပ်သဖြင့် ပျိုးကြဲသည့်အခါနှင့် မြေပဲဖော်သည့်အခါ ကျွန်ုပ်သည် အိမ်သို့ မပြန်မဖြစ် ပြန်ရသည်။ အိမ်ပြန်သည့် အတောအတွင်းလေးတွင် သည်စာမူရေးရန်အတွက် ဖြစ်ပုံကိုယ်တွေ့တခု ကြုံခဲ့ရသည်။ ထို ဖြစ်ပုံလေးက ရင်နာဖွယ် ကောင်းလှသည်။ နယ်မြေ သိပ်ပြီး […]