သတင်းသုံးသပ်ချက်ဆောင်းပါး

တော်လှန်ရေးဦးတည်ရာနဲ့ ရလဒ်

“တော်လှန်ရေးဦးတည်ရာနဲ့ ရလဒ်” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် ဒီအပတ်အတွင်း စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက မြို့တွေဖြစ်တဲ့ အရာတော်၊ ဝက်လက်၊ မြင်းမူ၊ ကနီ၊ မင်းကင်း၊ ကလေးဘက်တွေကို တနယ်မဟုတ်တနယ် နေ့စဥ်ဆိုသလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်။ စစ်ကိုင်းနဲ့အပြိုင် မန္တလေးအထက်ပိုင်းက သပိတ်ကျဥ်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့တွေလည်း ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ ပါဝင်တာကိုတွေ့ရတယ်။ ဒါ‌ကြောင့် အင်းတော် ကျသွားပြီးတဲ့နောက်ပိုင်း စကစဟာ စစ်ကိုင်းနဲ့မန်းကို ပြန်ပြီး တင်းထားဖို့လိုတယ်လို့ […]

Short Stories

ထိုအကြည့်ကို လွှဲလိုက်သည်

“ထိုအကြည့်ကို လွှဲလိုက်သည်” ဏငယ် ခပ်နွမ်းနွမ်း ၁၀၀ တန် ၃ ရွက် …၂၀၀ တန် ၃ ရွက် … ၅၀၀ တန် ၂ ရွက် … ၅၀ တန်လေး ၂ ရွက် … တို့ကို လိပ်ပြီး ရင်ဘတ်ပေါ်က အိတ်ကပ်လေးထဲ ထိုးထည့်လိုက်သည်။ မှတ်ပုံတင်လေး ထည့်သည်။ အလုပ်နှင့်သက်ဆိုင်သည့် ဖုန်းနံပါတ် ကဒ် ၃ ကဒ်လောက် […]

ကဗျာ

အသဲကွဲမန္တလေး ( ဇာတ်မဟုတ်သိတိုင်ပဝတ္တိ )

‘အသဲကွဲမန္တလေး’ ( ဇာတ်မဟုတ်သိတိုင်ပဝတ္တိ ) စပီယံ ငါဟာ ငါ့မြို့ကိုပြန်ရောက်တော့ ကမ္ဘာဂြိုလ်ပေါ်ကို စရောက်တဲ့ အခြားဂြိုလ်က ဂြိုလ်သားတစ်ကောင်လိုဖြစ်နေမိတယ် ။ သူတို့ပြောကြတဲ့ ဘာသာစကားတွေကို ငါတော်တော်လေးလိုက်ပြီးအားစိုက်နားထောင်နေလည်း နားလည်ဖို့သိပ်ခက်ခဲတယ်။ မိန်းမတစ်ယောက်မွေးဖွားခါနီးမှာ သူ့အမျိုးသားကိုဘေးနားမှာ ရှိနေချင်သလိုမျိုး မန္တလေးဟာ မင်းကိုလိုအပ်လိမ့်မယ်လိုထင်မိတဲ့ ဂြိုလ်သား လူသားဟာ ငါပေါ့။ မန္တလေးရဲ့မြို့ပြဆိုတာ ကျိုးကျတော့မယ့် တာတမံတစ်ခုလိုဘဲ စိမ့်ထွက်တဲ့နေရာက စိမ့် ၊ အက်တဲ့နေရာက အက်။ ကြင်နာမှုအခေါင်းပါးဆုံး လူစုတွေနေတဲ့နေရာရဲ့ အဝင်အထွက်တွေမှာ […]

အက်ဆေး

ပြောစကားအက်ဆစ်

“ပြောစကားအက်ဆစ်” (ကျော်ကျော်ဗိုလ်၊ သွက်လက်။ ဒါရိုက်တာကြီးကခင်လှိုင်) ရွက်စိမ်း ညွန့်ဝင်းရဲ့မီးမွှေးထားတဲ့အိမ်ထဲကို ဆန္ဒပြမုန့်လေပွေရှစ်ခု ရောက်သွားပါတယ်။ ဟာ .. ဒါ ရုပ်ရှင်မင်းသားကြီးရဲ့အိမ်ပဲ။ သူက ငါတို့ကို ကယ်လိုက်တာပဲ။ စစ်တပ်ကိုဖုန်းဆက်ပြီး မုန့်ရှစ်ခုလုံးကို လာဖမ်းခိုင်းလိုက်တဲ့ အကယ်ဒမီ ၇ ခုဆုရ မင်းသားကြီးဖြစ်ပါတယ်။ ပလဲနံသင့်တဲ့သူတွေကို ရွေးပေးတဲ့ အကယ်ဒမီပေးပွဲကိုမှ ဖျော်ဖြေရေးနည်းလွန်း၊ ငယ်သေးလွန်းတဲ့အချိန်မှာ စောင့်မျှော် ကြည့်ခဲ့ကြတဲ့အခါ ပါးစပ်တိပ်ကပ်ပြီး မရှင်းပြခဲ့ကြတဲ့ နိုင်ငံရေးအကြောင်းရာနဲ့လူကြီးများ။ ဘမျိုးဘိုးတူဂျိုကလေးနဲ့။ ကျော်ကျော်ဗိုလ်၊ သွက်လက်။ […]

Short Stories

ဝေသီအိပ်မက်၊ အိပ်မက်ဝေသီ

“ဝေသီအိပ်မက်၊ အိပ်မက်ဝေသီ” ကျော်သိင်္ဂါထွန်း ဝေသီဟာ တိုက်ခန်းကျဉ်းလေးထဲမှာ တယောက်တည်း ထိုင်နေတယ်။ သူ့ရဲ့မျက်လုံးတွေက နာမည်အတိုင်းပဲ အမြဲတမ်း ဝေသီမှုန်ပျနေပြီး အမှောင်ထဲမှာ အဓိပ္ပါယ်တခု လိုက်ရှာနေသလိုပဲ။ အရင်ကတော့ သူ ဒီလိုမဟုတ်ပါဘူး။ လာမယ့်နေ့တွေမှာ ဘာဆက်ဖြစ်မလဲ ဆိုတာတွေးပြီး ရင်ခုန်နေတတ်တဲ့ ကုမ္ပဏီဝန်ထမ်းတယောက်ပဲ။ ညဘက်တွေဆို ကျနော်တို့နဲ့ ဘယ်လောက်သောက်သောက် မနက်ဆိုရင် အစောကြီးထပြီး ဟင်းချက်တယ်။ ပြီးရင် ရေမွှေးထောင်းထောင်းထဆွတ်ပြီး အလုပ်သွားတော့တာပဲ။ ကျနော်တို့နေတဲ့ တိုက်တခုလုံး ဝေသီ့သီချင်းသံကြားရင် မနက် […]

Short Stories

ဆင်းရဲတွင်းထဲက မနှင်းဆီ

“ဆင်းရဲတွင်းထဲက မနှင်းဆီ” Ei Thandar Aung “ကျမနာမည်က မနှင်းဆီ။ ဘဝကတော့ နှင်းဆီပန်းလို မွှေးမနေပါဘူး။ တနေ့တနေ့ ချွေးသံတရဲရဲ လုပ်စားနေရတာ အနိုင်နိုင်နဲ့ပဲ” သူမ၏နာမည်က မနှင်းဆီ။ ဆီမလိမ်းထားသည့် သူမ၏ ဆံသားများက ကော်ဖီရောင်ပေါက်ကာ ထုံးထားသည့်ကြားထဲက ဖွာလန်ကြဲနေသည်။ သူမ အဝတ်များမှာလည်း ပြောင်ရောင်မှုမရှိပေ။ သို့သော် သူမ အတတ်နိုင်ဆုံး ပြင်ဆင်ကာ အသပ်ရပ်ဆုံးနေသည်။ သူမပိုင်ဆိုင်သည့် ပေ ၂၀ ပေ ၁၀ […]

Flim Reviews

ရင်ကွဲဘူတာ

“ရင်ကွဲဘူတာ” ညီလင်းအိမ် အရေးအသား အင်မတန်ကောင်းတဲ့ စာရေးဆရာတယောက်ယောက်ရဲ့ ဇာတ်လမ်းတပုဒ်ပုဒ်များ ဖတ်ရပြီဆိုရင် ဇာတ်လမ်းက ဘာမှ အချိုးအကွေ့၊ အတက်အကျတွေမပါလည်း သူပုံဖော်ထားတဲ့ နောက်ခံအခင်းအကျင်းတင်ပြမှု အရေးအသားမှာတင် ကိုယ်ပါ ဇာတ်အိမ်ထဲကို ပြုတ်ကျသွားပြီး မျောပါသွားရသလိုပါပဲ။ ရုပ်ရှင်တွေမှာလည်း ကင်မရာခိုင်းစေမှု နိုင်နင်းတဲ့အခါမှာ ဇာတ်အိမ်က စာရေးကောင်းသူရဲ့ ပုံဖော်မှုလိုပဲ ကိုယ့်မျက်လုံးအိမ်ထဲမှာ ချက်ချင်းကြွတက်ပြီး ပရိသတ်ဖြစ်သူ ကိုယ်တွေပါ ရုပ်ရှင်ထဲက အနံ့အသက်တွေ ရလာသလို ခံစားရတာမျိုးဖြစ်တယ်။ ယခုရုပ်ရှင်ကလည်း အထက်က ကျနော်ညွှန်းဖွဲ့သလိုပဲ။ […]

ဆောင်းပါး

ငလျင်သံခင်းတမန်ခင်းနှင့် အတိဒုက္ခများကြား ငြိမ်းချမ်းရေး စိတ်မဝင်စားဘဲ မိုက်တွင်းနက်ဆဲ စစ်ကောင်စီ

‘ငလျင်သံခင်းတမန်ခင်းနှင့် အတိဒုက္ခများကြား ငြိမ်းချမ်းရေး စိတ်မဝင်စားဘဲ မိုက်တွင်းနက်ဆဲ စစ်ကောင်စီ’ ရွယ်မိုး စစ်ကောင်စီဟာ (၂၀၂၃-၂၄) ခုနှစ် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ (၅,၆၀၀) ကျော် သုံးခဲ့​ကြောင်း နောက်ဆုံး ထုတ်ပြန်ခဲ့ပြီးနောက်မှာ ကာကွယ်ရေးဘတ်ဂျက်ကို ထပ်မံထုတ်ပြန်ခြင်း မရှိတော့ပါဘူး။ ငလျင်အတွက် ကျပ်ဘီလီယံ (၅၀၀) သုံးမယ်လို့ ဒီကနေ့မှာ ထုတ်ပြောလာပေမယ့် ဒီငွေတွေဟာ ၎င်းတို့ရဲ့ ပျက်စီးသွားတဲ့ နေပြည်တော်ကို ပြန်လည်ပြုပြင်ဖို့နဲ့ စစ်ရုံးအဆောက်အဦးတွေ ပြန်တည်ဆောက်ဖို့သာဖြစ်ပြီး ပြည်သူလူထုအတွက် မဟုတ်ပါဘူး။ […]

ကဗျာ

အသေကိုထားခဲ့ အရှင်အတိုင်းပြန်လာ

‘အသေကိုထားခဲ့ အရှင်အတိုင်းပြန်လာ’ ဆူဏီးလ် သေနေတဲ့ သစ်ခွပင်ပေါ်ကနေရောင်ခြည်ကို ဖန်ပုလင်းလွတ်တစ်လုံးထဲ တွန်း တွန်းပို့နေမိတယ်။ လိပ်ပြာကလေးတောင်ပံအောက်မှာ နှင်း နှင်းကျနေတုန်းပဲ ဧပရယ်နွေနံနက်ခင်းတွေရယ်။ ဗုံးချခံလိုက်ရသလို ကစဥ့်ကလျားစစ်မြေပြင် အစာကောက်ငှက်ကလေးတွေရယ်။ အာလူးခင်းထဲပြေး ပြေးဝင်နေတဲ့ မီးရထားတစ်စင်းရဲ့ ခေါက်တုံ့ခေါက်ပြန်မီးခိုးတွေရယ်။ လေတိုးမခံတော့တဲ့အရိုးတွေပဲ ရ ရတဲ့စျေးနဲ့ထုတ်ချင်နေတဲ့ ပေါ်ပီပန်းပင်တွေရဲ့ဖျားနာသံရယ်။ မြေနီလမ်းအတိုင်း ထမ်း ထမ်းယူလာတယ် ဖုန်တထောင်းထောင်း လူသေကောင်ရယ်။ သစ်ခြောက်ပင်အောက်ကဇရပ်ထောင့်မှာ ငါ ငါရောက်နေတာဘယ်နေရာလဲ မေးခွန်းတွေရယ်။ နေမလား သေမလား ငါ့ […]

အက်ဆေး

နိုင်ငံရေးကပ်ပါးကောင်

“နိုင်ငံရေးကပ်ပါးကောင်” လင်းလက်နွေဦး ကပ်ပါးကောင်ရဲ့ အဓိက ဝိသေသကို ပြောပါဆိုရင် ‘လက်ခံကောင်’ပေါ် လုံးဝ မှီခိုနေတယ် ဆိုတာပါပဲ။ လူပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်ပဲဖြစ်ဖြစ်၊ ပိုးကောင်မွှားကောင်လေးပဲဖြစ်ဖြစ် အသက်ရှင်ဖို့၊ ကြီးထွားဖွံ့ဖြိုးဖို့၊ မျိုးပွားဖို့ဆိုတဲ့ ဘဝပေး တာဝန်ကြီးတွေ ရှိတယ်။ အဲ … အသက်ရှိတယ်လို့ ယူဆကြတဲ့ သစ်ပင်ကြီးငယ်တွေလည်း ပါတာပေါ့။ ဒီနေရာမှာ အရေးကြီးဆုံးက အသက်ရှင် ရပ်တည်နိုင်ဖို့ပေါ့။ ရှင်သန်ရမယ်၊ ပြီးမှာ ဘာညာဘာညာကိစ္စတွေ လာမယ် နော်။ ကြီးထွားဖွံ့ဖြိုးမှုက […]