သတင်းသုံးသပ်ချက်ဆောင်းပါး

စီးပွားရေးက ဖိအားပေးထားတဲ့ စိနနိုင်ငံရေး

⁨“စီးပွားရေးက ဖိအားပေးထားတဲ့ စိနနိုင်ငံရေး” – သတင်းသုံးသပ်ချက်​ဆောင်းပါး – ■ ကျော်​​ဇောခိုင် စက်တင်ဘာ ၃ ရက်နေ့က‌ ဘေဂျင်းမှာ ဂျပန်ကျူးကျော်စစ် (၁၉၃၁-၄၅) ကို အောင်မြင်တဲ့ တရုတ်ခုခံစစ် နှစ် ၈၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့တယ်။ ရှီကျင်းပင်က သူ့ရဲ့မိန့်ခွန်းမှာ ဒီအောင်မြင်မှုဟာ သမိုင်းရဲ့ ကြီးမားတဲ့ အလှည့်အပြောင်းတခုဖြစ်တယ်၊ ဒုက္ခပေါင်းစုံနဲ့ တွင်းဆုံးကျနေတဲ့ တရုတ်ပြည်အတွက် အားသစ်လောင်း ပြန်လည်ရှင်သန်နိုင်တဲ့ ခရီးအစကို တွန်းပို့နိုင်ခဲ့သလို […]
Real Life Stories

ဖြစ်ပုံကိုယ်တွေ့တခု (၃)

‘ဖြစ်ပုံကိုယ်တွေ့တခု (၃)’ ထွင် သည်​ ဖြစ်ပုံကလေးကတော့ ကျွန်ုပ်က အကြားအာရုံမသန်စွမ်းလို့ ဖြစ်ရသည့် ဖြစ်ပုံကလေးပါ။ (2022) တုန်းကပေါ့။ ကျွန်ုပ်က ကျွန်ုပ်တို့နယ်မဟုတ်သော နယ်စိမ်းဒေသတခုတွင် တော်လှန်စားဖိုမှူးအဖြစ် တာဝန် ထမ်းဆောင်နေခဲ့ပါသည်။ နယ်စိမ်းဆိုတော့ သည်ဒေသက လူတိုင်းကို အရင်က မမြင်ဖူးပါ။ သည်တော့ မြင်သမျှ လူတိုင်းကိုလည်း သည်နယ်၊ သည်ရွာက လူတွေဟုပဲ ထင်မှတ်နေခဲ့သည်။ ကျွန်ုပ်က တော်လှန်စားဖိုမှူးဆိုတော့လည်း ကျွန်ုပ်တို့ကန့်(Camp)ကို ရောက်လာသည့် ဧည့်သည်မှန်သမျှကို ဧည့်ဝတ်ကျေပွန်ရပါသည်။ […]
Real Life Stories

ရဲဘော် စာကလေး

‘ရဲဘော် စာကလေး’ ရဲသူအောင် (၁) “နာမည်ပြောပါ”ဆိုတော့ လူနာက “မပြောလို့ မရဘူးလား”ဆိုပြီး ပြန်မေးတယ်။ သူနာပြုဆရာမလေးက လူနာကို မျက်စောင်းလှလှထိုးလိုက်တယ်။ “မပြောလို့တော့ မရဘူးရှင်။ ကျမတို့က လူနာစာရင်းသွင်းရမှာ” လူနာက မဖြေချင် ဖြေချင်ပုံစံနဲ့ ခပ်ရွံ့ရွံ့ တွန့်ဆုတ်ဆုတ်။ ပြီးမှ စိတ်နှလုံး ဒုံးဒုံးချတဲ့ဟန်နဲ့ “ကျ​နော့်နာမည် စာကလေး”လို့ ဖြေလိုက်တယ်။ စောစောက စိတ်မရှည်သလို ဖြစ်နေတဲ့ ဆရာမလေးမျက်နှာက ပြုံးစေ့စေ့ ဖြစ်သွားတယ်။ လူနာပုံစံကိုလည်း ကြည့်ပါဦး။ […]
အက်ဆေး

မောင်ရဲအကြောင်း

‘မောင်ရဲအကြောင်း’ ခခ မောင်ရဲက စာကျက်ပျင်းတယ်။ လက်သီးတချက်ထိုးရင် လူ ၁၀ ယောက်လောက် လွင့်ထွက်သွားတဲ့ South Indian ရုပ်ရှင်တွေရဲ့ Plot ကို အလွတ်နီးပါးရတတ်ပေမယ့် Vocabulary ၁၀ လုံးကို ၂ ရက်လောက် ကျက်တာတောင် စာမကျေချင်ဘူး။ With နဲ့ Which ကို အဓိပ္ပါယ်မကွဲသလို အသံထွက်လည်း ဝှစ် တမျိုးထဲသာ ထွက်တတ်တယ်။ Here နဲ့ Hear၊ Their […]
ကဗျာ

အသစ်တဖန် မနက်ဖြန်များ

‘အသစ်တဖန် မနက်ဖြန်များ’ ချောဘသစ် လေကွယ်ရာမီးညှိရသလို ဘဝကမလွယ်ဘူး အသက်ကမလွယ်ဘူး ဆေးလိပ်ကလေးဖွာချင်တော့လည်း ရအောင်ညှိရ မီးကူးရ အသက်ရှင်ချင်တော့ အသက်ကိုရအောင်ကူးရ မေတ္တာတရားကို ရအောင်ကူးရ တယောက်အရိပ်ဟာ တယောက်ကိုမိုးရင်း အေးမြကြရစမြဲ…။ ခင်ဗျားမှာရှိတဲ့ရေတချို့တဝက်က ကျုပ်ငတ်နေတာကိုပြေမယ် ကျုပ်မှာရှိတဲ့ ပေါင်မုန့်တချို့တဝက်ဟာ ခင်ဗျားဝမ်းမီးကိုငြိမ်းမယ် ။ နေပဲကွယ်ကွယ် လပဲကွယ်ကွယ် နှလုံးသားတွေလင်းနေဖို့ပဲမဟုတ်လား မုန်တိုင်းပြီးရင် လေပြည်လေညင်းလာရစမြဲ အသက်တွေကိုမျှယူထမ်းလို့ ရောက်မလာသေးတဲ့သောကြာနေ့ဆီသွားကြမယ် တနေ့နေ့ရှိနေသမျှ အသက်ရှင်ကြပါစို့ရဲ့ တနေ့နေ့မှာ ပုံပြင်ဆိုးတပုဒ်ကို ဟားတိုက်ရယ်မော ပျော်ရွှင်ကြပါစို့ရဲ့…။ […]
Categories

ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၄)

ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၄) ■ ညီမင်းဆက် ဒီတခေါက် ကိုပေါက်စီ မြို့ထဲစက်ဘီးနင်းဖြစ်တော့ မြို့ကြီးတခုလုံးရဲ့ငြီးငြူသံကို ကျယ်ကျယ်လောင်လောင် ကြားရမိတယ်။ သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ အနာဟပ်ပက်ကြီးနဲ့ ကူကယ်ရာမဲ့ဒဏ်ရာရလူတယောက် နာနာကျင် ကျင် ချောက်ချောက်ချားချား ငြီးငြူနေသလို မြို့ကြီးရဲ့ငြီးငြူသံဟာ နေရာတိုင်းမှာ ပဲ့တင်ထပ်ရှိနေခဲ့တယ်။ ဒီတခေါက် ရောက်လေ့ရောက်ထသိပ်မရှိတဲ့ မြို့ကြီးရဲ့ အစွန်အဖျားတွေဘက် ကိုပေါက်စီ စက်ဘီးကို နင်းဖြစ်ခဲ့တယ်။ မြို့ကြီးထဲက ငြီးငြူသံဟာ အဲဒီအရပ်ဒေသမှာ ပိုပြီးကျယ်လောင်တယ်လို့ ခံစားရမိတယ်။ […]
ဘာသာပြန်ဆောင်းပါး

တရုတ်လောဘကြောင့် ပျက်စီးသွားတဲ့ အရှေ့တောင်အာရှ’ – ဇာတ်သိမ်းပိုင်း

‘တရုတ်လောဘကြောင့် ပျက်စီးသွားတဲ့ အရှေ့တောင်အာရှ’ – ဇာတ်သိမ်းပိုင်း ဘုန်းမောင် ‘အမြတ်အစွန်းအတွက် ပေးဆပ်ရမယ့်တန်ဖိုး’ သယံဇာတအရင်းအမြစ်ပေါ်ထားတဲ့ လောဘကြောင့် မြန်မာနဲ့မဲခေါင်မြစ်ဝှမ်း‌ဒေသတွေမှာ တရုတ်နိုင်ငံရဲ့ ဆောင်ရွက်မှုတွေက ဇာတ်လမ်းတပုဒ်လုံးရဲ့ အစွန်းထွက် အစိတ်အပိုင်းတခုလောက်သာရှိပါတယ်။ “တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဆိုတာက သဘာဝပတ်ဝန်းကျင်ဖြစ်တဲ့ မြေ၊ လေနဲ့ရေ အပေါ်မှာ တန်ဖိုး အကြီးမားဆုံးပေးဆပ်ပြီးမှရလာတဲ့ အရာတွေသာဖြစ်တယ်”လို့ အမေရိကန်နိုင်ငံခြား‌ရေးဝန်ကြီးဟောင်း မိုက်ကယ် ပွန်ပီယို က ၂၀၂၀ ခုနှစ်တုန်းက ပြောခဲ့ပါတယ်။ ကမ္ဘာ့မြေရှား‌ဈေးကွက်မှာ တရုတ်ရဲ့တင်ပို့မှုက ၂၀၂၀ […]