ဆောင်းပါး

လူငယ်တွေအတွက် နောက်ဆုံးမိနစ်

“လူငယ်တွေအတွက် နောက်ဆုံးမိနစ်” Simon စစ်မှုထမ်းဖို့အသက်အရွယ်နဲ့ အကျုံး၀င်တဲ့ လူငယ်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်လိုက်ပြီး ပြည်ပထွက်ခွာမယ်ဆိုရင်တောင် စစ်မှုထမ်းပြီးကြောင်း သက်သေပြနိုင်မှသာ ထွက်ခွာခွင့်ပြုမယ် ဆိုတဲ့အမိန့်ကို ထုတ်ပြန်ပြီး အတည်ပြုလိုက်ကြောင်းကြားတော့ ပြည်တွင်းက လူငယ်တွေအတွက် စိတ်ပူမိတယ်။ လက်ရှိ ပြည်တွင်းမှာက အထူးသဖြင့် မြို့ပေါ်လို နေရာမျိုးမှာတောင် ဥပဒေမဲ့ ပေါ်တာဆွဲတာတွေ၊ အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ပို့ဆောင်တာတွေက နေရာတိုင်းလိုလိုမှာ ကြားနေရတယ်။ တချို့က ဒီသတင်းတွေကို ကြောက်အောင် ခြောက်တယ်လို့ […]

ဆောင်းပါး

စစ်အနိုင်တိုက်ရေးနှင့် နိုင်ငံရေးစကားဝိုင်း

“စစ်အနိုင်တိုက်ရေးနှင့် နိုင်ငံရေးစကားဝိုင်း” ဆူးနတ်သန် မြန်မာပြည်သူလူထု တရပ်လုံးသည် စစ်မက်ဖြစ်ပွားခြင်းထက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုသော ဆန္ဒရှိကြသူတွေ ဖြစ်ပါတယ်။ ၂၀၂၁ အာဏာသိမ်းမှု ဖြစ်စဉ်အပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူထုကို စစ်တပ်ရဲ့ မတရား ဖိနှိပ် ရက်စက် ကြမ်းကြုတ်မှုတွေကို မခံနိုင်တဲ့အဆုံး လက်နက်ကိုင်လမ်းစဉ်ကို မဖြစ်မနေ ရွေးချယ်ခဲ့ကြရပါတယ်။ စစ်မက်ဖြစ်ပွားခြင်းကို နဖူးတွေ့ ဒူးတွေ့ခဲ့ရတဲ့ ပြည်တွင်းစစ် နှစ်ပေါင်း ၇၀ ကျော် အတွေ့အကြုံဟာ တိုင်းရင်းသား လူထုနှင့် […]

ပင့်သက်များ အခန်းဆက်ဝတ္ထုရှည်

ပင့်သက်များ

“ပင့်သက်များ” ခခ အပိုင်း (၁) လေယာဉ်က မနက် ၆ နာရီ။ ၄ နာရီလောက်မှာ လေဆိပ်ဆင်းဖို့ ခေါ်ထားတဲ့ Taxi ရောက်လာတယ်။ တညလုံး အိပ်လို့မပျော်တာကြောင့် ကျမ မျက်လုံးတွေက ကျိန်းစပ်နေတယ်။ ခေါင်းကလည်း နောက်တောက်တောက်နဲ့။ အိပ်ချင်လိုက်တာ ဆိုတဲ့စိတ်က တစိုးတစိမှ ပေါ်မလာ။ အိပ်ပစ်လိုက်ဖို့ထက် အစစအရာရာ အဆင်ပြေသွားဖို့ကိုပဲ ပိုပြီးတော့ စိတ်အားထက်သန်နေတယ်။ အဆင်ရောပြေပါ့မလား။ ရင်ထဲက တလှပ်လှပ်နဲ့။ ခေါင်းထဲကလည်း ရီဝေနေဆဲ။ […]

သီတင်းတပတ်စစ်ရေးစစ်ရာ

စစ်ရေးစစ်ရာ တပတ်တာ (၂၆)

“စစ်ရေးစစ်ရာ တပတ်တာ (၂၆)” ■ နောင်လူသစ် – ဇန်နဝါရီလ (၁၉) ရက်နေ့မှ ဇန်နဝါရီလ (၂၅) ရက်နေ့အထိ – ☆ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့မှ ဇန်နဝါရီလ (၂၅) ရက်နေ့အထိ တပတ်တာအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၁) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို […]

Flim Reviews

Prayers For Bobby (2009)

‘Prayers For Bobby (2009)’ ထွင် ချစ်သား ဘော်ဘီ … အခုနေ ဘာများ လုပ်နေသလဲကွယ်။ ပိုလန်နိုင်ငံဆီ သားရဲ့ စိတ်အခြေအနေကို ကုတဲ့သဘောနဲ့ ခဏအပန်းဖြေသွားတာ အဆင်များပြေရဲ့လား။ ပိုလန်က သားရဲ့ညီမဝမ်းကွဲကရော သားအပေါ် ကောင်းကောင်းမွန် မွန် ဆက်ဆံရဲ့လား။ မေမေကတော့ သားရဲ့အခြေအနေ ကောင်းမွန်လာတာကိုပဲ မြင်ချင်တယ်ကွယ်။ သားဆီက သတင်းကောင်းကြားရဖို့ မေမေ စောင့်မျှော်နေမယ်ကွယ်။ ဒီလိုမှမဟုတ်ဘဲ သားသဘောအတိုင်း လုပ်ချင်ရာတွေတော့ လုပ်မနေလောက်ပါဘူးနော်။ […]

ဆောင်းပါး

လက်သည်တရားခံ

“လက်သည်တရားခံ” အားတီ ကျနော်က အညာသားတယောက်ဖြစ်ပြီး ဖွံ့ဖြိုးမှုအားနည်းတဲ့ ကန့်ဘလူမြို့နယ် ကျေးရွာတရွာမှာ ငယ်စဥ်က ကြီးပြင်းခဲ့ရတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံရဲ့ အခြေအနေအရ လျှပ်စစ်မီးမရှိ၊ ဂြိုလ်တုစလောင်းနဲ့ တီဗွီရှားပါးတာကြောင့် VOA, BBC ကထုတ်လွှင့်တဲ့ ဆရာကြီး ဦးဝင်းဖေရဲ့ သက်ကြီးစကား သက်ငယ်ကြား၊ ဝင်းဖေ အရူးလွယ်အိတ်၊ မိုဘီဂျီနို၊ အလင်္ကာပုလဲပန်း၊ လမ်းဆုံက ဂျမ်းဘုံ စတဲ့ အသံလွှင့်အစီအစဥ်တွေ၊ ပြည်တွင်းပြည်ပသတင်းတွေကို အဖေ၊ အမေတို့နဲ့အတူ နားထောင်ရင်း ကြီးပြင်ခဲ့ရတယ်။ […]

ကဗျာ

ဗုဒ္ဓကို မီးလောင်ပြင်မှာ ငါတွေ့ခဲ့တယ်

‘ဗုဒ္ဓကို မီးလောင်ပြင်မှာ ငါတွေ့ခဲ့တယ်’ သင့်သူ ဗုဒ္ဓကို မီးလောင်ပြင်မှာ ငါတွေ့ခဲ့တယ်။ ဗုဒ္ဓဟာ ကြောင့်ကျတော်မူနေတယ်။ ဗုဒ္ဓဟာ ဆင်းရဲတော်မူနေတယ်။ အမြိုက်ဆေးကို ငါရှာမတွေ့ ဗုဒ္ဓကိုတော့ မီးလောင်ပြင်မှာတွေ့ခဲ့တယ်။ ဗုဒ္ဓအရှေ့ဒူးတုတ်ဝတ်တွား ဘုရားတပည့်တော်တို့ဘာမှားခဲ့သလဲဘုရားလို့ လျှောက်ကြည့်တော့။ ဗုဒ္ဓဟာ ဆိတ်ဆိတ်နေတော်မူတယ်။ ငါဟာအလိုမကျ နောက်‌တစ်နေရာ မှာ နောက်ထပ်ဗုဒ္ဓ တပါးကို‌ တွေ့လိုတွေ့ငြား ငါထထွက်ခဲ့တယ်။ နောက်ထပ်ဗုဒ္ဓကိုလည်း နောက်ထပ်မီးလောင်ပြင်တစ်ခုမှာငါတွေ့ခဲ့တယ်။ လောကငရဲ‌ဆိုတာ ဘယ်လိုပါလဲဘုရားလို့ ငါမေးလျှောက်ကြည့်ပြန်တော့ ဗုဒ္ဓက ဆိတ်ဆိတ်နေတော်မူပြန်တယ်။ ငါလည်းပြန်ရဦးမယ် […]

သတင်းသုံးသပ်ချက်ဆောင်းပါး

တရုတ် အရှိန်မြှင့်တင်ခြင်း

“တရုတ် အရှိန်မြှင့်တင်ခြင်း” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ကိုးကန့်နဲ့ စကစတို့ ကူမင်းမှာ ဇန်နဝါရီလ ၁၆ နဲ့ ၁၇၊ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် သတင်း နှစ်ရက်လောက် အစပျောက်နေပြီး ဇန်နဝါရီ ၂၀ ရက်၊ တနင်္လာနေ့မှာ ကိုးကန့်နဲ့ စကစ အပစ်ရပ် သဘောတူလက်မှတ် ရေးထိုးခဲ့ကြတယ်လို့ တရုတ်က သတင်းထုတ်ပြန်လာခဲ့တယ်။ အပစ်ရပ်ဟာ အစည်းအဝေးအပြီး ဇန်နဝါရီ ၁၈ ရက် […]

အက်ဆေး

အမှောင်တွေ ပွေ့ရမ်းထားတဲ့ ချစ်ခြင်းတရား

“အမှောင်တွေ ပွေ့ရမ်းထားတဲ့ ချစ်ခြင်းတရား” ဆူးနတ်သန် အချိန်တွေ အပိုင်းအဖြတ်နဲ့ ဖြတ်ကျော်နေရင်း တယောက်ယောက်ကို စောင့်စားရတဲ့ ချိုမြိန်မှုဟာ နှလုံးသားကို ငြိမ်းအေးစေတယ်။ ပီတိဖြစ်စေတယ်။ မျက်စပစ်ပြီး လူတယောက်ကို ဘဝထဲ ခေါ်လာခဲ့ကြတာတော့ မဟုတ်ခဲ့ပါဘူး။ ကဗျာတွေရေးရင်း အမှန်တရားဆီ သွားနေရင်း နှလုံးသားရဲ့ ရင်ခုန်မှုကို လိုက်လျောခဲ့လိုက်ပါတယ်။ စာအုပ်နဲ့ သေနတ်ကို တလှည့်စီ ကိုင်တွယ်ရင်း ရင်ထဲငြိသွားတာ မြေဖြူကိုင်တဲ့ လက်ကလေးပါ။ ငါးနှစ်သားကလေးတွေရှေ့ ခဲတံချွန်ပေးနေတဲ့ လက်ကလေးပါ။ စပါးစိုက်လိုက် […]

အက်ဆေး

ဒုက္ခသည်အိပ်မက်

“ဒုက္ခသည်အိပ်မက်” မြရဲလွင် (ဝေးလွင့်ငှက်) စေတီပုထိုးတွေပေါများတဲ့နိုင်ငံ၊ စေတီအသစ်အသစ်တွေကော၊ သမိုင်းနောက်ခံ ခိုင်ခိုင်လုံလုံနဲ့ နိုင်ငံ့ဂုဏ်ကို ဆောင် စေတဲ့ စေတီကြီးတွေကော)။ ဒါ့အပြင် နှလုံးသားလှပစေပြီး နူးညံ့သိမ်မွေ့တဲ့ ငြိမ်းချမ်းခြင်းအစစ်အမှန်ကို ရှာဖွေလို့ရနိူင်မည့် တရားဓမ္မတွေ ပေါများကြွယ်ဝတဲ့နိုင်ငံ … ဒါတောင်မှ နှလုံးသားမှာ ဘုရားတည်ဖို့ထက်၊ အသိဉာဏ်နဲ့ နှလုံးသားမှာ တရားဓမ္မရှိဖို့ထက်၊ လူမြင်ကောင်းအောင် အထင်ကရဖြစ်စေမည့် နေရာမျိုးတွေ၊ မြေနေရာအကျယ်အဝန်းတခုခုမှာ ဘုရားတည်ချင်တဲ့ ပုဂ္ဂိုလ်တွေ ပေါတဲ့နိုင်ငံ။ ဒါ့အပြင် ဒုက္ခသည်တွေ တဖွားဖွား […]