ဘယ်လိုနေအောင်ပျော်ရမလဲ

◼️Ya Khu
အရမ်းကြိုက်
အကြိုက်ရမ်း
ခုန်တက်ခဲ့တာ နှင်းဆီခင်း
ပြုတ်ကျတော့ တွင်းနက်ကနေ
ရိုးရိုးနေထိုင်လည်း ထူးထူးဆန်းဆန်းပြဿနာတွေရောက်ရောက်လာတယ်
ကဗျာဖတ်သလို သီချင်းနားထောင်ပြီး
သီးချင်းနားထောင်သလို ကဗျာဖတ်တယ်
စာမဖတ်တဲ့ ငါတို့မျိုးရိုးတွေရဲ့ကျောရိုးတွေ အက်ကွဲလုမတတ်ပဲ
အခိုးအငွေ့တွေ ရှုထုတ်ပြီး သွင်းစရာသွေးတွေရှာဝယ်ကြရအောင်ဖြစ်တယ်
ကြမ်းပြင်နဲ့ခေါင်မိုးက ပြိုင်မျဉ်းနှစ်ကြောင်းလို
နားထဲရောက်နေတဲ့သံစုံတီးဝိုင်းအသံကို မျှဝေဖို့ရေရှာသောက်တယ်
အဆုံးသတ်လှသွားအောင် မျက်လုံးတွေဖောက်ထုတ်ရဲတဲ့ သတ္တိရှိဖို့လိုတယ်
ခေါင်းပါတာ ကိုက်ဖို့သက်သက်ဖြစ်ပြီး အမိန့်တွေကျ ဖီဆန်ရဲရမယ်လို့ စင်ပေါ်ရောက်လူတယောက်ဆုံးမတယ်
အားထုတ်တိုင်း အားမရောက်အောင်ဘယ်နည်းဘယ်ပုံ ကြိုးစားခဲ့ရတာလည်းက အားတက်သရောစဉ်းစားစရာ
ရုပ်ဝါဒီ ရူပါတွေ ထွန်းကားတဲ့နိုင်ငံနဲ့
ဒေါသထွက်ခွင့်မရှိတဲ့ ရူပ
ရှု့မလှတဲ့ဒေါသ ခံစားမှုရဲ့ရိုက်ကွင်း
ထွက်လမ်းတွေရဲ့အဆုံးသတ်။
About The Call 783 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*