14
နေဘုန်းလတ်
မိုးပေါ်က ပြုတ်ကျလာတဲ့
ဒုက္ခတွေ မဝေးသေးခင်
ခပ်ကြမ်းကြမ်းရေစီးနဲ့ ရောပါလာတဲ့
ဒုက္ခတွေ ထပ်ပိုက်ထွေးကြရ
ဘုရားသခင်က
လှေတစီးလွှတ်လိုက်မှာလား
ဟယ်လီကော်ပတာလွှတ်လိုက်မှာလား
ဒါမှမဟုတ်
ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေမလား
အဲဒီ့မသေချာမှုတွေကိုပဲ …
အိမ်ထုတ်တမ်းပေါ်ကနေမျှော်
သစ်ပင်ပေါ်ကနေအော်
အိမ်ခေါင်မိုးပေါ်ကနေခေါ်
အသံတွေ … အသံတွေ …
ကူပါ ကယ်ပါ တဲ့
ဒါပေမယ့် … အခုထက်ထိ
ကူရာ ကယ်ရာ မဲ့ …။ ။
