စစ်ရေးစစ်ရာ တပတ်တာ (၂၂)

“စစ်ရေးစစ်ရာ တပတ်တာ (၂၂)”
■ နောင်လူသစ်
– နိုဝင်ဘာလ (၁၇) ရက်မှ နိုဝင်ဘာလ (၂၃) ရက်အထိ –
☆ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်မှ နိုဝင်ဘာလ (၂၃) ရက်နေ့အထိ တပတ်တာအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၆၈) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုပေါင်း (၉၅) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက် သေဆုံးမှုမှာ (၃၂) ဦးထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၅) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၄၀) မြို့နယ်အထိ ရှိသည်။ ရန်ကုန်တွင် မြို့ပြပျောက်ကြားတိုက်ခိုက်မှု (၄) ကြိမ် ရှိခဲ့သည်။
☆ ရခိုင်ပြည်နယ် ဂွ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားလျက်ရှိပြီး တောင်ကုတ်မြို့ကို အေအေက ထိန်းချုပ်နိုင်ခဲ့ပြီဟု သတင်းများဖေါ်ပြခဲ့ကြသော်လည်း ရက္ခိုင်တပ်တော် (AA) ဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါ။ စစ်ကောင်စီက ရခိုင်ပြည်နယ် တောင်ကုတ်၊ မောင်တောမြို့တို့ကို လေကြောင်းတိုက်ခိုက်မှုများဖြင့် ခုခံလျက်ရှိသည်။
☆ ကချင်ပြည်နယ်တွင် တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တည်မြို့ကို KIA သိမ်းပိုက်လိုက်ပြီဟု သတင်းများဖေါ်ပြကြပြီး KIA ဘက်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။
☆ ချင်းပြည်နယ် မင်းတပ်မြို့တွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး နိုဝင်ဘာလ (၂၂) ရက်နေ့ တရက်တည်းတွင်ပင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၂၁) ကြိမ်အထိ တိုက်ခိုက်ခဲ့သည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၃၈) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖြစ်သည့် အင်းတော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးအင်အားစုများက ဆက်လက်ဖေါ်ဆောင်လျက်ရှိသည်။
☆ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးဒေသတို့တွင် စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးဝင်ရောက်မှုများ တိုးမြင့် လုပ်ဆောင်လျက်ရှိသည်။
☆ သတင်းထုတ်ပြန်မှုများအရ တပတ်တာအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှု (၈၀) ဦးထက်မနည်း ရှိခဲ့သည်။ စစ်ကောင်စီတပ်စခန်း (၉) ခုထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ်ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*