28
ဆူဏီးလ်
‘ဘုရားသခင်ပျောက်ဆုံးခဲ့သောဆောင်းရာသီ’
အချစ်သီချင်းတွေနဲ့
ကိုယ့်ဘဝကိုလည်း
မဖူးပွင့်ချင်တော့ဘူး။
နေရောင်ခြည်ထဲသစ်ရွက်ကလေးကြွေကျပုံမှာ
နှလုံးသားလည်း
မီးလောင်ပြင်ဘုရားကျောင်းဒဏ်ရာနဲ့။
အဘက်ဘက်မှာစစ်မျက်နှာဖွင့်ရတယ်
နာကျည်းစိတ်ကို
အရိုးထဲထိထိုးသွင်းထားတယ်။
