
“ဝေလေဝါးလား’

ရေခဲမုန့်ကို အိမ်သားအဖြစ် အိမ်ပေါ်တင်ဖို့ပြောနေတဲ့ ဘိုးတော်ရဲ့ အပြင်ကမ္ဘာမှာ ရေခဲမုန့်က ဇွန်ဘီဗိုင်းရပ်စ်လို စကြာဝဠာတစ်ခုလုံး၊ နေအဖွဲ့စည်း၊ နေပြင်ပအဖွဲ့စည်း၊ အကုန်လုံးကို ကူးစက်နေပါပြီ။ ဒါကို သူမသိမှန်းလည်း အခုကဗျာကို ရေးနေစဥ်မှာလည်း သိနေတယ်။ သူကတော့ သိပုံမရဘဲ မီနီမတ်ကဝယ်လာတဲ့ ခေါက်ဆွဲပြုတ်ဗူးကိုပဲ ဆက်စားနေတာဖြစ်တယ်။ မီးဆလိုက်တွေကို ငြင်းဆန်တဲ့အချိန်မှာ MC ရဲ့ မိုက်ကိုင်ထားသူတွေ လေထဲတင် ပြန့်နှံ့လာတဲ့ရောဂါပိုးအဖြစ် ပြောင်းသွားတယ်။ နွားခြေရာခွက်ကို ပင်လယ်ထင်ပြီး ရွက်လွှင့်ဖို့လှေတွေ အများကြီး ရေချလိုက်တယ်။ ကမ်းရိုးတန်းမှာ ဝက်ဝက်ကွဲ ရှင်လောင်းလှည့်၊ မြေပြန့်မှာဆန္ဒပြ၊ နာရီပေါ်မှာ ပြန်ပြီးဘောမနေတဲ့ စက်ဘီးအသေးစားလေး။ ကာတွန်းငတ်နေပုံရရင် ငါ့ကာတွန်းစာအုပ်ကို ယူသွားနော်။ အနုပညာနဲ့ မကွဲချင်လို့ နေခဲ့ပြီးတော့မှ သံစဥ်တွေ ကျပျောက်တဲ့ တေးသမားအဖြစ်။ အချင်းချင်းပတ်ဖြဲပြီး တရားမှုတွေ ဝါးမြိုနေတဲ့စစ်တပ်ကို ရှောင်ဖယ်တဲ့ ဒီနိုင်ငံက Rapper လူတန်းစားမဖြစ်လည်း ထမင်းငတ်ပြီး သေပါလေ။
ငါက စာရွက်သား။ စာထဲထည့်ရေးကြပါဦး နိုင်ငံရဲ့ ပင်လယ်ဆန်အဖြစ်ပျက်။ ပန်းချီကားအချပ်နှစ်ရာ။ ရက်ပ်သီချင်းလေးပုဒ်။ ကဗျာစာအုပ်တအုပ်။ ဟူဒီတထည်။ ကာတွန်းသုံးအုပ်။ လေဟုန်စီးတဲ့အရေးအသား ပင်လယ်အော်က ပန်းရောင်စက္ကူလှေ။
ငါကရုပ်ရှင်ကား။ ပိုပြီးပေါလာ။ ငပေါတွေ အုပ်လိုက် ထပ်ကပြီးရင်းက။ ရွံစရာအကောင်းဆုံးမြစ်ထဲက အနုပညာရှင်ဆိုတဲ့ လေပူဖောင်း။ ကျားဖြန့်အင်တာဗျူးကဏ္ဍများစွာ။ မသိချင်ယောင်ဆောင်တဲ့ တောင်တန်းထိပ်က အကယ်ဒမီ။ ရွှေစင်ရုပ်တုနဲ့ လူသ-တ်ကြသူများ။
ငါက Youtuber။ ရဲတင်းတဲ့ ရဲဒင်းတွေ script ထဲမှာ ထည့်မရေးတော့ ဖြူစင်စွာ အလုပ်ကိုလုပ်ပါ။ မဆိုင်တာတွေ ထည့်မရေးပါနဲ့။ ကိုယ့်အလုပ် ကိုယ်လုပ် ပါတွေလည်း မန့်တာမတွေ့ရဘူး။ မျှော်လင့်ချက်နင်းပြားနည်းနဲ့ဆွယ်။ မင်းသားက ကြိုးကြာနီစောက်ကြောင်းပြော။ ဝက်နံရိုးမီးတောက်ကို ဘောလုံးသုံးသပ်ခိုင်း။ ဘောလုံးအသင်းပိုင်ရှင်ဘောယက်။ ရေနစ်သူဝါးကူထိုးတဲ့ ငရဲမီးလိုအစီစဥ်များ။ ထန်းရည်ဆိုင်ရီဗျူး။ နားဖာကလှော်တံဘယ်ကဝယ်။ ဆိုးတဲ့ချောင်းကိုဘယ်မှာရောင်း။ နှာချေးတဖတ် တရာ၊ တရာ့ငါးဆယ်။
Be the first to comment