ကျတ်ယောင်ဆောင်သူများ

by The Call
‘ကျတ်ယောင်ဆောင်သူများ’
◼️နေစူး
ထမင်းအိုးပါသလား
ဟင်းအိုးပါသလား
အဝတ်ထုပ်ပါသလား
စောင်၊ ခြင်ထောင်၊ ခေါင်းအုံးပါသလား။
လူအိုပါသလား
ကလေးငယ်ပါသလား
မိန်းမသားပါသလား
လူငယ်လူရွယ်ပါသလား
နွားငယ်နဲ့ ခွေးညိုလိုက်ရဲ့လား။
ချောင်းအစပ်ရောက်ပြီလား
တို့လယ်ကွင်း ဟုတ်ရဲ့လား
ထန်းရွက်ကာ ထန်းရွက်မိုး တို့တဲမျိုး တူရဲ့လား
လယ်နားနီး တဲနီးချင်းဆီက
ကလေးသံကြားရဲ့လား။

Related Posts

Leave a Comment