
“PDF တပ်မတော် တည်ထောင်ခြင်း – ၄ နှစ်ပြည့် အထိမ်းအမှတ်” အမှတ်တရ ထုတ်ဝေမည့် လက်ရွေးစင် ကဗျာစာအုပ်အတွက် ကဗျာစာမူများပေးပို့ရန် ဖိတ်ခေါ်ခြင်း
PDF တပ်မတော် တည်ထောင်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၄ နှစ်တင်းတင်း ပြည့်မြောက်ပြီဖြစ်ပါသည်။
PDF ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းက ကမကထပြု၍ အမှတ်တရ ကဗျာစာအုပ်တအုပ် ထုတ်ဝေရန် စီစဥ်နေပါသည်။ ထိုကဗျာစာအုပ်အတွက် ကဗျာစာမူများ ပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။ လက်ရွေးစင်ကဗျာများကို အယ်ဒီတာအဖွဲ့က ရွေးချယ် ဖော်ပြမည်ဖြစ်ပါသည်။
● PDF တို့၏ ရဲစွမ်းသတ္တိနှင့် ဂုဏ်ရောင် ထွန်းပြောင်မှုတို့ကို ဖော်ကျူးသော…
● နွေဦးတော်လှန်ရေး၏ တိုက်ပွဲဝင် ပုံရိပ်များကို ဖော်ကျူးသော…
● ၄ နှစ်ပြည့်မြောက်သည်အထိ မဆုတ်မနစ် တိုက်ပွဲဝင်နေသည့် လူထု၏ နွေဦးတော်လှန်ရေး အောင်ပွဲရသည်အထိ ရှေ့ဆက် တော်လှန်ရေးခရီးတလျှောက် စိတ်ခွန်အားလှုံ့ဆော်ပေးနိုင်စွမ်းသော…
● လူထု၏ ရင်းနှီး ပေးဆပ်မှုများကို အမှတ်တရ ရှိစေသော ကဗျာများ ပေးပို့ကြရန် လေးစားစွာ ဖိတ်ခေါ်ပါသည်။
■ သတ်မှတ်ချက်များ
– ကိုယ်တိုင်ရေးကဗျာဖြစ်ကြောင်း အာမခံချက် ထည့်သွင်းပေးရန်။
– မည်သည့် ပုံနှိပ် စာနယ်ဇင်း၊ E-Book စသည်တို့တွင်မှ ဖော်ပြထားခြင်း မရှိသေးကြောင်း အာမခံချက် ထည့်သွင်းပေးရန်။
– ရွေးချယ်ခံရသော ကဗျာများကို ငွေကြေးအကျိုးအမြတ်အတွက် မဟုတ်သည့် အခြား Medium/Platform များတွင်လည်း အသုံးပြုခွင့်ပေးကြောင်း သဘောတူညီချက် ထည့်သွင်းပေးရန်။
– အမှတ်တရ ကဗျာစာအုပ်တွင် ထည့်သွင်းဖော်ပြရန် ရွေးချယ်မခံရသော ကဗျာများထဲမှ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြရန် အယ်ဒီတာအဖွဲ့က ရွေးချယ်ပါက ဖော်ပြခွင့် ပြု/မပြု သဘောထား ထည့်သွင်းပေးရန်။
– ကဗျာများ ပေးပို့ရာတွင် “PDF တပ်မတော် တည်ထောင်ခြင်း – ၄ နှစ်ပြည့် အထိမ်းအမှတ်” လက်ရွေးစင် ကဗျာစာအုပ်အတွက် ဆိုသည့် မှတ်ချက်အား ထည့်သွင်း ပေးပို့ရန်။
– ကဗျာများ ပေးပို့ရာတွင် မေလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရန်။
– ကဗျာများကို The Call – ခေါ်သံ ၏ Facebook Page Messenger မှ ဖြစ်စေ/ thecall.calling@gmail.com သို့ လိပ်မူပြီး ဖြစ်စေ အထက်ပါ သတ်မှတ်ချက်များအတိုင်း ရေးသားပေးပို့နိုင်ပါသည်။
အယ်ဒီတာအဖွဲ့
The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်း
Be the first to comment