
‘လမ်း’

လူစိတ်ပျောက်လောက်အောင်
တစ်ပတ်လုံးမိုးရွာနေတာတောင်
မိုးကာခြုံထားတဲ့ဘဝတွေ ရွေ့နေတုန်းပဲ
တစ်နေ့တစ်နေ့ အညာဒေသလို ရွေ့ရင်း
ရန်ကုန်ကို မျှော်ကြည့်လိုက်ရင်
မီးခိုးမြူတွေနဲ့
လူငယ်နံ့တွေ
နေရောင်ကို မြင်ရတာလို
အဓိပ္ပါယ်အပြည့်နဲ့ သတင်းတွေ
ပေါင်ငါးရာဗုံးတွေရဲ့ လားရာလမ်းကြောင်းဟာ
ငါတို့နေ့စဥ်ဘဝဆိုလည်း
အေးအေးဆေးဆေး ငါတို့ ဘန်ကာတူးမှာ
ငါတို့အရှေ့မြောက်ဘက်မှာ
ခွေးတွေနွားလို ပြေးနေတာ ရုရှားလုပ်တွေနဲ့
ဘားမားသားသတ်သမား စောက်ခွက်ကို
အခုထိ မြင်နေရတုန်းပဲ
ပါရီတွေကိုင်ပြီး သွားနေတဲ့ တိုက်ပွဲဆီက
အလင်းရောင်၊ မျှော်လင့်ချက် ၊ အနာဂတ်
သုံးခုပေါင်းထားတဲ့
သတင်းတစ်ခုအဖြစ် ပြန်လာဖို့
ချစ်ဦးရဲ့ ပြန်မတွေ့နိူင်တော့တဲ့
အချစ်ဦးလေးအတွက်
ငါတို့ပေးနိူင်တာလည်း
မျက်ရည်ကျနေတဲ့ ရီအက်ရှင်ကလေးနဲ့
တိတ်ဆိတ်ခြင်းနဲ့ သစ္စာရှိမှုပါပဲ
တစ်တပ်လုံးစာ
ငါချက်ထားတဲ့ စားစရာတွေဟာ
အဝေးကို ရောက်သွား
သူတို့ခွဲတမ်းများအတွက်
အမြဲလွမ်းဆွတ်တယ်
ကြံရည်ဖန်ရည်တွေသောက်တိုင်း
တစ်ယောက်နဲ့တစ်ယောက်
ပြင်ပေးရတဲ့ ပုံစံတွေအကြောင်း
သတိရရင်း
တောင်တွေဟာ တဖြည်းဖြည်း မမြင့်တော့ဘူး
တောတွေဟာ တဖြည်းဖြည်း မနက်တော့ဘူး
လမ်းတွေဟာ တဖြည်းဖြည်း ဖြောင့်ဖြူးလာတယ်
မိုင်ဆန်းတစ်ကောင်ပြီးတော့
နောက်တစ်ကောင် ရောက်လာသလိုမျိုး
ငါတို့နားလည်ခဲ့ပြီးသား ဒုက္ခဆင်းရဲတွေဟာ
ငါတို့တောင်ယာဆီရောက်ရင် မရှိတော့ဘူး ။ ။
APW7723
Be the first to comment